နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (24Dec)

ကွန်ဒီနဲ့  ချဲလ်ဆီးက သဘောတူထားလောက်ပြီလို့   အပြောင်းအရွှေ့ကျွမ်းကျင်သူ ခန့်မှန်း

အပြောင်းအရွှေ့ကျွမ်းကျင်သူ  ဒွန်ကင်းကတ်ဆယ်လ်ကတော့  ဆီဗီးလားနောက်ခံလူ ကွန်ဒီနဲ့ ချဲလ်ဆီးအသင်းတို့ဟာ သဘောတူညီချက်ရရှိထားလောက်ပြီလို့ ခန့်မှန်းခဲ့ပါတယ်။ သူက  The Transfer Window Podcast    မှနေပြီး အခုလိုပြောခဲ့ပါတယ်။  ချဲလ်ဆီးတို့က ကွန်ဒီကို ဆက်ပြီး ကြိုးစားနေပါတယ်။ ကစားသမားကိုသူတို့ကြိုက်နေတယ်ဆိုတာ  ရှင်းရှင်းလင်းလင်းပြသထားပြီး ဇန်နဝါရီမှာတောင် ခေါ်ယူချင်နေပုံပါ။  ငွေရေးကြေးရေးပဲ ညှိဖို့ကျန်နေပြီး နွေရာသီမှာ အပြီးသတ်လုပ်ဆောင်နိုင်မယ်  လို့ ထင်ပါတယ်  လို့ပြောခဲ့တာဖြစ်ပါတယ်။  အဆိုပါသတင်းကို ရည်ညွန်းထားတဲ့  Team Talk ရဲ့ဆောင်းပါးမှာတော့  ပီအက်ဂျီရဲ့ ကင်ဘမ်ဘေက  ကွန်ဒီနဲ့ အကြောင်းတစ်ခုခုမှာလွဲချော်ခဲ့ရင် အစားထိုးဖို့ ချဲလ်ဆီးဖက်က လျာထားတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။

ဇီယက်ချ်နဲ့ ဝါနာကို အလျှင်စလိုရောင်းချမှာမဟုတ်

Evening Standard ရဲ့ဖော်ပြချက်အရ  တူချယ်ဟာ တီမိုဝါနာ နဲ့ ဇီယက်ချ်ကို ဇန်နဝါရီမှာ ရောင်းချခြင်းမပြုလုပ်ဖို့  ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။  ကစားသမားတွေအနေနဲ့ အပြောင်းအရွှေ့အလားအလာတွေရှိနေပေမယ့် ၊ တကယ်ဖြစ်လာခဲ့ရင်လည်း နွေရာသီမှသာဖြစ်နိုင်တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ အေစီမီလန်အသင်းကတော့ ဇီယက်ချ်ကိုခေါ်ယူလိုနေတယ်လို့  နောက်ဆုံးရသတင်းတွေမှာ တွေ့နေရပါတယ်။

ချဲလ်ဆီးမှာပဲ ဆက်နေမယ့် လူငယ်ကစားသမား

ဘရိုက်တန်နဲ့ပွဲမှာခြေစွမ်းပြသွားတဲ့ ချဲလ်ဆီးအကယ်ဒမီကစားသမားလေး ဆွန်းဆပ်ဘဲလ် ဟာစိတ်ဝင်စားတဲ့အသင်းတွေရှိနေပေမယ့် ချဲလ်ဆီးမှာသာဆက်နေသွားမှာဖြစ်တယ်လို့  The Athletic ကဖော်ပြလာပါတယ်။ ဘဲလ်နဲ့အတူ ဟာဗေးဘေးလ်  ၊ ဇေဗီယာဆိုင်မွန်တို့ကလဲ ကာရာဘောင်းပွဲမှာ ပါဝင်ကစားသွားကြပြီး အသီးသီးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

ချာလိုဘာကို အားရနေတဲ့ ကစားသမားဟောင်း

ချဲလ်ဆီးဂိုးသမားဟောင်း ကူဒီစီနီ   က အသင်းရဲ့နောက်ခံလူ ချာလိုဘာ ရဲ့စွမ်းဆောင်မှုကို  အတော်လေးအားရမိကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။ ချာလိုဘာဟာ တူချယ်ရဲ့လမ်းညွန်မှုတွေအောက်မှာ တိုးတက်လာကြောင်းကို သူက   “ ကျွန်တော် သူ့ကိုချီးကျူးရမယ်ဗျ.. သူက အသင်းတိုးတက်မှုရဲ့ တစိတ်တဒေသ ဖြစ်နေလို့ပါပဲ,, ချာလိုဘာက ဒီရာသီ ကျွန်တော်အကြိုက်ဆုံးကစားသမားတွေထဲမှာ ပါဝင်ပါတယ်။  သူက တကယ်ကို ကောင်းကောင်းမွန်မွန်စွမ်းဆောင်ပြနေခဲ့ပြီး  ၊ ပထမအသင်းကြီးထဲမှာ မြင်နေရတာကလဲ ဝမ်းသာစရာပါ “  လို့  Metro နဲ့တွေ့ဆုံစဥ်မှာ ဆိုခဲ့ပါတယ်။ ချာလိုဘာ ဟာ ခြေစွမ်းပြနေနိုင်တာဖြစ်သလို အသင်းအတွက်လဲ ၃ ဂိုးသွင်းယူထားနိုင်ပါတယ်။

မာတီနက်စ် ကို အားမလျှော့သေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးတို့ဟာ  အင်တာတိုက်စစ်မှုးလော်တာရိုမာတီနက်စ်ကို ခေါ်ယူဖို့ အားမလျှော့သေးဘူးလို့ ရဲ့ဖော်ပြချက်အရ  သိရပါတယ်။ ဘောလုံးရာသီတိုင်းမှာ ပုံစံကောင်းရနေတဲ့ မာတီနက်စ် ဟာ ယခုရာသီမှာလည်း ကစားဖော်အပြောင်းအလဲရှိပေမယ့် ခြေစွမ်းကျမသွားပဲ ၊ ဂိုးသွင်းနှုန်းကလဲ မြင့်တက်နေဆဲဖြစ်ပါတယ်။   ၁၀ ဂိုးသွင်းယူထားတဲ့ အာဂျင်တိုင်းသားဟာ အင်တာမီလန်ရဲ့ မရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားလဲဖြစ်ပါတယ်။

သီအိုဟာနန်ဒက်စ်ကို ရောင်းချမယ့် မီလန်

ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့   နောက်ခံလူ သီအိုဟာနန်ဒက်စ်ကို ပေါင်သန်း၂၀ ခန့်ရရင် ရောင်းချသွားဖွယ်ရှိတယ်လို့  Fichajes  ကဖော်ပြလာပါတယ်။ ဟာနန်ဒက်စ် ဟာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပြီး  မီလန်တို့ဟာ အသင်းရဲ့ စရိတ်ကို လျှော့ချလိုတာကြောင့် စျေးကောင်းရရင် ‌ရောင်းချင်နေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: