ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ စပါးနဲ့တွေ့ဆုံမှုအပေါ် ၀မ်းသာနေတဲ့ တူချယ်

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရန့်ဖိုဒ်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဂျန်ဆန်ရဲ့ Own Goal၊ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုး‌တွေနဲ့ အတူ ဘရန့်ဖိုဒ်ကို (၀-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။  ပွဲစဉ်အပြီးမှာ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ချိန်မှာတော့ ချဲလ်ဆီးဟာ ၀က်စ်ဟမ်းကိုအနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လာခဲ့တဲ့ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့  ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့က ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီမဲခွဲရလဒ်နဲ့ ပတ်သက်ပြီး တူချယ်က

“ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မဲခွဲဆုံးဖြတ်မှုမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ယှဉ်ပြိုင်ရခက်ခဲမယ့် ပြိုင်ဘက်နဲ့သာ တွေ့ဆုံရမှာဖြစ်ပါတယ်။ တော့တမ်ဟမ်နဲ့ တွေ့ဆုံခဲ့တာကတော့ အသင်းရဲ့ ပရိသတ်တွေအတွက် ၀မ်းသာစရာပါပဲ။ ဒါဟာ လန်ဒန်ဒါဘီ ပွဲစဉ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ စောင့်မျှော်နေပါတယ်

ကိုဗစ်ကူးစက်မှုတွေကြောင့် ဘရန့်ဖိုဒ်နဲ့ပွဲစဉ်မှာ တူချယ်ဟာ အသင်းရဲ့ အကယ်ဒမီကစားသမားတွေဖြစ်တဲ့ ဟာဗေးဘေးလ်၊ ဂျုဆွန်းအပ်ဘဲလ်နဲ့ ဇေးဗီးယားဆိုင်မွန် အစရှိတဲ့ ကစားသမားတွေကို ပွဲထုတ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရိစ်ဂျိမ်း၊မေ‌‌ဆင်မောင့်၊ကန်တီတို့ ၀င်ရောက်လာခဲ့ပြီးနောက် အသင်းရဲ့ရလဒ်ကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ပွဲပြီးခါနီး ကစားချိန် ၇၆မိနစ်မှာ ကန်တီ၀င်ရောက်လာမှုဟာ ပွဲစဉ်ရဲ့ချိန်ခွင်လျှာကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပြီး မိနစ်ရှစ်ဆယ်မှာဂျန်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမှုကြောင့် ဦးဆောင်ဂိုး ရခဲ့ရာမှာလည်း ကန်တီရဲ့ ကြိုးစားအားထုတ်မှုနဲ့မကင်းခဲ့ပါဘူး။

ဦးဆောင်ဂိုး စရပြီး သုံးမိနစ်အကြာမှာတော့  မေဆင်မောင့်ကို ဘရန်ဖိုဒ်ဂိုးသမား ပြစ်ဒဏ်ကျူးလွန်ရာကနေ ရလာတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျော်ဂျင်ဟိုက ကန်သွင်းပြီး ချဲလ်ဆီးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာတော့ တူချယ်က

“ဒီနေ့ပွဲစဉ်မှာ ကစားသမားတွေရဲ့ ခြေစွမ်းက တကယ်ကို ကောင်းမွန်ခဲ့ပြီး ရလဒ်ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ဟာ စည်းစနစ်တကျ ၊တည်ဆောက်ပုံကောင်းကောင်းနဲ့ ကစားနိုင်ခဲ့သလို ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေးကလည်း ကောင်းမွန်ခဲ့ပါတယ်။ကောင်လေးတွေ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်။ကျွန်တော် တကယ်ကို့ ပျော်မိပါတယ်။”

“ကောင်လေးသုံးယောက် (လူငယ်အကယ်ဒမီကစားသမားလေးများ)ကလည်း ကောင်းကောင်းဆော့နိုင်ခဲ့ပါတယ်။ အကယ်ဒမီက ပိတ်ထားတာကြောင့်  သူတို့ တစ်ပတ်လောက် လေ့ကျင့်ခန်းမဆင်းခဲ့ရသေးပါဘူး။ဒီပွဲစဉ်မှာ ပါ၀င်ဖို့ ကျွန်တော်တို့နဲ့ နှစ်ရက်သာ လေ့ကျင့်ခန်း ဆင်းရပါသေးတယ်။”

“သူတို့ဟာ ညွှန်ကြားချက်တွေကို သေချာနားထောင်ပြီး သူတို့အလုပ်ကို ကောင်းကောင်းလုပ်ပြခဲ့ပါတယ်။ ကွင်းထဲက အခြားသော ကစားသမားတွေကလည်း သူတို့ကို ကူညီပေးခဲ့ပြီး တကယ်ကို့ ကောင်းမွန်တဲ့ အသင်းလိုက်စွမ်းဆောင်မှုတစ်ခုကို ပြနိုင်ခဲ့ပါတယ်”

ပရီးမီးယားလိဂ်မှာ စပါးနဲ့တွေ့ဆုံခဲ့စဉ်ကတော့ ချဲလ်ဆီးဟာ အဝေးကွင်းမှာ သုံးဂိုးပြတ်ရလဒ်နဲ့အနိုင်ရထားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: