ချဲလ်ဆီးမှာ ဆက်ရှိဖွင့်ရဖို့ဆို ကျွန်တော် အလကား ကစားပေးမှာပါ

ချာလီမူဆွန်ဒါက နောက်ရာသီ အသင်းမှာ ဆက်နေရမယ်ဆိုရင် လစာယူသွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။  စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ဆက်နေခွင့်ရပြီး သူရဲ့ခြေစွမ်းတွေကို သက်သေပြဖို့ မူဆွန်ဒါက မျှော်လင့်နေတာဖြစ်ပါတယ်။  ဒါပေမယ့် သူမျှော်လင့်သလိုတော့မဖြစ်ခဲ့ပါဘူး။ အသက်၂၅နှစ်အရွယ် မူဆွန်ဒါရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးဘက်ကနေ ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိပါဘူး။

၂၀၂၁ မှာ အသင်းကို ရောက်လာခဲ့တဲ့ မူဆွန်ဒါဟာ ချက်ချင်းဆိုသလိုပဲ လူငယ်အသင်းမှာ နေရာရခဲ့ပါတယ်။ သို့သော် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အငှားချခံရတာတွေ၊ ကြီးမားတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် စီနီယာအသင်းကြီးမှာ ခုနစ်ပွဲသာ ပါ၀င်ခွင့်ရခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အခါတိုင်း အသင်းမှာပါ၀င်ခွင့်ရချင်ကြောင်း အမြဲပြောတတ်တဲ့ မူဆွန်ဂါဟာ တူချယ်နဲ့ သူ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ပြောပြလာပါတယ်။

“တူချယ်နဲ့ ကျွန်တော်စကားပြောဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ ကျွန်တော့်ကို ဘယ်လိုမြင်လဲဆိုတာ ကောင်းကောင်းသိခဲ့သလို ဒီ‌အကြောင်းအရာကိုပဲ သူ့ကို ပြန်ပြောခဲ့ပါတယ်။ကျွန်တော် ဒီမှာ အလကား ကစားပေးမှာပါ”

Advertisements

“စာချုပ်တွေဘာတွေနဲ့ သက်တမ်းတိုးစရာမလိုပါဘူး။ ဒီနှစ်အတွက် အလကားကစားပေးမှာပါ။အသင်းရဲ့ လူစာရင်းထဲမှာ ကျွန်တော်က နောက်ဆုံးလူလည်း ဖြစ်နိုင်ပါတယ်”

“လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် ကြိုးစားတယ်။ လူငယ်အသင်းမှာလည်း ကစားခဲ့ပြီး ကြံခိုင်မှုအချို့ပြန်ရခဲ့တယ်။ ရာသီရှည်ကြီး တစ်ခုဖြစ်ပြီး ပွဲစဉ်တွေလည်း အများကြီးပါပဲ”

“ပွဲစကတည်းက ပါ၀င်ခွင့် ရရမယ်လို ကျွန်တော်မဆိုလိုပါဘူး။ကွင်းထဲမှာ ရှိနေမယ်၊ ၁၀မိနစ်၊၁၅မိနစ်လောက် ပါ၀င်ကစားခွင့်ရမယ်၊ဒီလိုမျိုးပေါ့။”

“ဒါကို တူချယ်ကလည်း နားလည်ခဲ့ပါတယ်။ကျွန်တော်တို့ ကောင်းကောင်းစကားပြောခွင့်ရခဲ့ပြီး သူက

‘နားထောင်ကွာ၊ ဒါက ငါ့အပေါ် မူမတည်ဘူးကွ၊ စာချုပ်ကိစ္စတွေဆိုတာ တစ်မျိုးတစ်ဖုံရှိတယ်’

လို့ ပြောတယ်”

နောက်ဆုံးတော့ မူဆွန်ဒါအတွက် ဆုံးဖြတ်ချက်က အသင်းရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေး ပီတာချက်ဆီရောက်ခဲ့ပါတယ်။ ချဲလ်ဆီးဂိုးသမားဟောင်းကြီးဟာ မူဆွန်ဒါဆီ ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီး မူဆွန်ဒါဟာ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေတာ ကြာပြီမို့ သူ့ကို အသင်းရဲ့ ရှေ့တန်းအတွက် နေရာပေးဖို့ဆိုတာ အရမ်းအန္တရာယ်များကြောင်း သတင်းဆိုးကို အကြောင်းကြားခဲ့ပါတယ်။

တစ်ချိန်ကတော့ မူဆွန်ဒါကို အနာဂတ်မှာ အားကိုးရမယ့် လူငယ်တိုက်စစ်မှူးလေးအဖြစ် ခေါ်ယူခဲ့ပေမယ့် အခုချိန်မှာတော့ ဒါတွေဟာမဖြစ်နိုင်တော့ပါဘူး။  မူဆွန်ဒါအတွက် ခေါင်းမော့ရင်ကော့ပြီး ကိုယ်စားပြုကစားနိုင်မယ့် အသင်းတစ်သင်းရှာတွေ့ပါစေလိုပဲ မျှော်လင့်ရပါတော့တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: