နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (23Dec)

ဟာလန်းအတွက် တကယ်ငွေပေးမှာက ချဲလ်ဆီးလို့ဖော်ပြနေကြ

တကမ္ဘာလုံးက အသင်းကြီးတွေစိတ်ဝင်စားနေကြတဲ့ ဟာလန်းအတွက် ပြောင်းရွှေ့ကြေးသန်း ၁၀၀ ကိုအမှန်တကယ်စိုက်ထုတ်မယ့်အသင်းက ချဲလ်ဆီးဖြစ်တယ်လို့  Sport Witness နဲ့  Bild  ကဖော်ပြလာပါတယ်။ လောလောဆယ်မှာ  ရီးရဲ ၊ ဘိုင်ယန် ၊ ဘာကာ နဲ့ ချဲလ်ဆီးတို့က နာမည်အထွက်ဆုံးဖြစ်နေပါတယ်။

လူငယ်တိုက်စစ်မှုးလေးကို လာမယ့်ရာသီအတွက် တူချယ်ပြန်ခေါ်

ဟက်ဒါစဖီးအသင်းမှာသွားရောက်ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှုး လီဝီ ကိုးဝဲလ် ကို လာမယ့်ရာသီကြိုပြင်ဆင်မှုတွေမှာထည့်သွင်းသွားဖွယ်ရှိနေတယ်လို့  The Athletic ကဖော်ပြလာပါတယ်။ အဆိုပါ အကယ်ဒမီထွက်ကစားသမားလေးကို  တူချယ်က အသင်းကြီးနဲ့အတူအချိန်များများရဖို့ စီစဥ်ထားပြီးလို့ ဆိုပါတယ်။

ချေးဝဲလ်က ဇန်နဝါရီနောက်ဆုံးပတ်လောက်မှာတောင် ပြန်ကစားနိုင်ဖွယ်ရှိ

ဘန်ချေးဝဲလ်ရဲ့ ဒဏ်ရာဟာထင်ထားတာထက် များစွာစောပြီးကောင်းမွန်နိုင်လာနိုင်တဲ့ အလားအလာတွေရှိနေပြီး ဇန်နဝါရီလ  ၂၂ ရက်နေ့ စပါးအသင်းနဲ့ကစားမယ့်ပွဲမှာတောင်  ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့  သတင်းတွေကို ကိုးကားပြီး Express UK ကဖော်ပြလာပါတယ်။ ချေးဝဲလ်ရဲ့ဒဏ်ရာဟာအလွန်ပြင်းထန်ပြီး  ရာသီကုန်အထိနားရမယ်လို့‌တောင်ခန့်မှန်းခဲ့ကြပေမယ့် ၊ ချဲလ်ဆီးဆေးအဖွဲ့ဟာ ချည်းကပ်ပုံပြောင်းလဲကုသခဲ့တာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ချီယေဆာကို ခေါ်ယူလိုတာ ကောလာဟာလ မဟုတ်လို့  အီတလီသတင်းထောက်ဆို

အီတလီသတင်းထောက်  အန်ဇို ဘူချီအိုနီ ကတော့ ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်တိုက်စစ်မှုး ချီယေဆာ ကို ပေါင် ၇၁.၇ သန်းနဲ့ခေါ်ယူဖို့ကြိုးစားမှာဖြစ်ကြောင်းပြောဆိုလာပါတယ်။ ချီယေဆာနဲ့ ချဲလ်ဆီးသတင်းတွေထွက်ခဲ့ပေမယ့် ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ ဆိုကြချိန်မှာ ဘူချီအိုနီက အခုလိုပြောလာခဲ့တာဖြစ်ပါတယ်။  အသက် ၂၄ နှစ်အရွယ် ချီယေဆာဟာ ဖန်တီးမှုအားရော ၊ ဂိုးသွင်းအားပါကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။

ကီပါ လက်စွမ်းပြခဲ့တဲ့ ပွဲ

ကာရာဘောင်းဖလားကွာတာဖိုင်နယ်မှာ ပြသခဲ့တဲ့လက်စွမ်းတွေကြောင့် ဂိုးသမားကီပါကို ပွဲရဲ့ Man Of The Match   အဖြစ်ပရိတ်သတ်တွေက ချီးမွမ်းနေကြပါတယ်။ ပုံစံမှန်မရသေးတဲ့ နောက်တန်းကြောင့် ကီပါအနေနဲ့ကာကွယ်မှုတွေပြုလုပ်ခဲ့ရပြီး   Clean Sheet လည်းရရှိခဲ့ပါတယ်။ ကီပါ ဟာ မန်ဒီရဲ့နောက်နေရာမရတော့ပဲ  အသင်းပြောင်းဖွယ်ရှိနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။ လောလောဆယ်တော့ ချဲလ်ဆီးနည်းပြဟောင်း ဆာရီကိုင်တွယ်နေတဲ့ လာဇီယိုအသင်းက ခေါ်ယူမယ်လို့ သတင်းထွက်နေပါတယ်။

လေ့ကျင့်ရေးတောင် အချိန်ပြည့်မဆင်းနိုင်ပဲ ပုံစံကောင်းရကြသူတွေကို တူချယ်ချီးကျူး

ဘရန်းဖို့ဒ်ကိုအနိုင်ရခဲ့တဲ့ပွဲစဥ်အပြီးမှာ တူချယ်က အသင်းရဲ့  စွမ်းဆောင်ရည်ကို အခုလိုပဲချီးကျူးပြောပြပါတယ်။

သိပ်ကောင်းတဲ့စွမ်းဆောင်ရည်နဲ့အတူ ရလဒ်ကောင်းရခဲ့တာပါ။ ဖြစ်နေတဲ့အခြေအနေတွေကြားထဲကပဲပေါ့။ အသင်းက ကျစ်ကျစ်လစ်လစ်နဲ့ ပုံစံတကျတကားနိုင်ခဲ့ကြသလို တစ်ယောက်ခြင်းလဲကောင်းကြပါတယ်။  ကျွန်တော် ဝမ်းသာမိပါတယ်။  ပြောရရင်  လူငယ်ကစားသမား ၃ ယောက်ဟာ အကယ်ဒမီပိတ်ထားလို့  တစ်ပတ်လောက်လေ့ကျင့်ရေးမဆင်းခဲ့ရပဲ ပွဲနီးမှ ၂ ရက်လောက် တူတူ လာလေ့ကျင့်ခဲ့ကြတာပါ ။ သူတို့ဟာ ပြောသမျှကိုတလေးတစားနားထောင်ပြီး  သူတို့အလုပ်ကို သူတို့ကောင်းအောင်လုပ်ခဲ့ကြပါတယ်။  ကျန်တဲ့ စီနီယာတွေကလည်း ဝန်းရံကစားပေးကြပါတယ်။ အားလုံးသိပ်ကောင်းခဲ့ကြပါတယ်   လို့ဖြေကြားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: