အောင်မြင်မှုတဝက်နဲ့ လမ်းခွဲခဲ့ရသူတစ်ယောက်အကြောင်း

ကစားသမားတိုင်းဟာ သူတို့ရဲ့ သမိုင်းတွေကိုအတတ်နိုင်ဆုံးလှပချင်ခဲ့ကြပါတယ်။ ဘယ်လိဂ်၊ ဘယ်နိုင်ငံက ကစားသမားဖြစ်ဖြစ် ရှိတဲ့နေရာမှာအကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့ တချို့အဆင်မပြေမှုတွေကိုမေ့ထားရပါတယ်။ ဒါပေမယ့် လိုချင်တာတွေ ဖြစ်ချင်တာတွေချည်း ပိုင်ဆိုင်နေရဖို့ကလဲခက်ခဲပါတယ်။

အမှန်အတိုင်းဝန်ခံရရင် ဝီလျှံ ဆိုတာနဲ့အပြာရောင်ခြမ်းကို ပိုတွဲမြင်စေပါတယ်။ ဒါကလဲ အောင် မြင်ခဲ့တဲ့နေရာ နဲ့ ရုန်းကန်ခက်ခဲခဲ့ရတဲ့နေရာစသဖြင့်ကွာဟသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ လူ့သဘောအရ အတိတ်ရဲ့ ကောင်းတဲ့အကြောင်းတွေကိုဘဲ အမှတ်ရလိုတာဖြစ်လို့ အာဆင်နယ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေက ဝီလျှံအတွက် မေ့ထားချင်တဲ့ကိစ္စတွေဖြစ်ပါလိမ့်မယ်။

ဝီလျှံကို ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့  Ribeirão Pires မှာ ၁၉၈၈  ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဘောလုံးကစားသမားဘဝကို ကိုရင်သီယမ် အကယ်ဒမီကနေစတင်ခဲ့ပြီး စီနီယာအသင်းမှာ တရာသီက စားပြီးနောက် ရှက်တာဒိုးနက်အသင်းကို ၂၀၀၇ ခုနှစ် ကပြောင်းရွေ့ခဲ့ပါတယ်။ သူရဲ့အကြိုက်ဆုံးနေရာကတော့ တောင်ပံတွေမှာ ကစားရတာပါ။ တိုက်စစ်ကို အကောင်ဆုံး ပံ့ပိုးနိုင်ဖို့အတွက်  တခြားကစားသမား တွေနဲ့ Link လုပ်ရာမှာ အတော်ပါးနပ်တဲ့ ကစား သမားတယောက်လဲ ဖြစ်ပါတယ်။ ကစားသမားဘဝ ကို ရှက်တာဒိုးနက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့မှာ အများဆုံးဖြတ်သန်းခဲ့ပါတယ်။ ရှက်တာဒိုးနစ်မှာပြိုင်ပွဲစုံ  ၂၂၁  ပွဲကစားခဲ့ပြီး၊ သွင်းဂိုး  ၃၇ ဂိုးနဲ့ ဂိုးဖန် တီးမူ  ၆၃ ခုထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။   ချဲလ်ဆီးအသင်းမှာတော့ ပြိုင်ပွဲပေါင်း ၃၃၉ ပွဲက စားခဲ့ပြီး သွင်းဂိုး  ၆၃ ဂိုးနဲ့ ဂိုးဖန်တီးမူ ၆၂ ကြိမ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့အ ရေးကြီးကစားသမားတယောက်အဖြစ်အချိန်အတိုင်းအတာတခုထိ အောင်မြင်ခဲ့တဲ့ကစားသမားတယောက် ဆိုရင်လဲမမှားပါဘူး။ အသင်းမှာ ဂိုးသွင်းဖို့၊ ဖန်တီးပေးဖို့ ထက် အသင်းဖော်တွေ ကစားရလွယ်ကူအောင်၊ တိုက်စစ်လမ်းကြောင်း ဖော်ဆောင်ရာမှာ ပိုပြီးထိရောက်အောင် ကူညီပေးနိုင်တဲ့ကစားသမားတယောက်ပါ။ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၂ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ FA Cup ၁ ကြိမ်၊ EFL ၁ ကြိမ် စီရရှိထားခဲ့ပါတယ်။

အာဆင်နယ်အသင်းကိုအလွတ်နဲ့ပြောင်းရွေ့ခဲ့တာကတော့ တကယ့်မယုံနိုင်စရာပါပဲ။ မဟာပြိုင်ဖက် အသင်းတွေကိုပြောင်းရွေ့တဲ့ ကစားသမားတွေဆိုတာ လက်ချိုးရေလို့ရတဲ့အထဲမှာဝီလျှံတယောက်လဲ အပါအဝင်ပါ။ ချဲလ်ဆီးအသင်းရဲ့စာချုပ်သစ်ကဏ္ဍ မှာ သူလိုချင်တဲ့ အချက်တွေကိုအသင်းဖက်ကမဖြည့်ဆည်းနိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆင်နယ်ကို ၂၀၂၀ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ကံမစပ်ခဲ့ဘူးလို့ပြောရမလား သူကိုယ်တိုင်က ဖိအားတွေနဲ့ အကျဘက်ရောက်နေတဲ့ကစားသမားတယောက် ဖြစ်နေလို့လားတော့မသိပေမယ့် တစ်ရာသီ ပြိုင်ပွဲစုံ ၃၇ပွဲမှာ ၁ ဂိုးဘဲ သွင်းထားနိုင်ခဲ့ပါတယ်။ အဓိက ကစားသမားနေရာကနေပွဲထွက်ခွင့်မရခဲ့ပေမယ့် သူလုပ်ပြနိုင်ဖို့ အခွင့်ရေးတချို့တော့ ရရှိခဲ့ပါတယ်။သူ့အနေနဲ့ ပထမဆုံးရာသီကုန်မှာဘဲ စိတ်ပျက်လက်ပျက်နဲ့ သူရဲ့ငယ်ဘဝကလပ် ကိုရင်သီယမ် ကိုပြန်ပြောင်းသွားခဲ့ပါတယ်။

ကိုရင်သီယမ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တနေရာနဲ့ ရတဲ့လစာလေးမှာ အေးအေးလူလူ ဖြတ်သန်းနေတဲ့ ဝီလျှံတယောက် ရီယိုဖာဒီနန်ရဲ့  Podcast မှာအာဆင်နယ်နဲ့ပတ်သက်ပြီးဘာကြောင့်ထွက်ခွာလာ ရသလဲဆိုတဲ့ မေးခွန်းအပေါ် အခုလိုဖြေပေးခဲ့ပါတယ်။

” ကျွန်တော့် အနေနဲ့ ခြေစွမ်းအပေါ်ကျေနပ်အားရမူမရှိခဲ့ပါဘူး ။ ဒါကလဲကျနော်အဲ့ဒီမှာမပျော်ခဲ့လို့ခြေစွမ်းမပြနိုင်ခဲ့တာပါ။ ကျွန်တော့် အတွက်အဲ့ဒီအခိုက်အတန့်ကို တွေးပြီးပြန်မပြောချင်လောက်အောင်ပါဘဲ။ အဲ့ဒီကို စရောက်တော့ ပျော်ရွင်ခဲ့သလို စိတ်ဓါတ်တွေကလဲ လန်းလန်းဆန်းဆန်းပါဘဲ။ အစီအစဥ်အသစ်တွေမှာအသင်းကိုကူညီခွင့်ရဖို့အတွက် တစိတ်တပိုင်းပါဝင်ကူညီရမယ်ဆိုပြီးတော့ပေါ့။

၃ လလောက်ကြာတော့ အေးဂျင့်ကို  ဒီမှာမနေချင်တော့တဲ့ အကြောင်းပြောခဲ့ပါတယ်။ အာဆင်နယ်နဲ့ပတ်သက်ပြီးမကောင်းတဲ့အကြောင်းတွေပြောချင်တာမဟုတ်ပါဘူး။ သူတို့ကအသင်း ကြီးတသင်းပါ။ သမိုင်းကြောင်းမှာအောင်မြင်ခဲ့တဲ့ အတိတ်တွေနဲ့ အကောင်းဆုံးကစားသမား တွေကစားခဲ့တဲ့ အသင်းကြီးတသင်းပါ။ ဒါပေမယ့် ကျွန်တော့် အတွက်အဲ့လိုမဟုတ်ခဲ့ဘူးဆိုတာကိုပြောချင်တာဖြစ်ပါတယ်။ ကျွန်တော့်ကစားသမားဘဝမှာအ ဆိုးဆုံးအခြေနေတခုကိုရင်ဆိုင်ခဲ့ရတာပါ။

ဘဝမှာငွေကြေးကအရေးကြီးတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ ပျော်ရွှင်မူကပိုအရေးပါတယ်ဆိုတာကိုနားလည်ခဲ့ရပါတယ်။ ဥပမာ မနက် အိပ်ရာကနိုးတော့ လေ့ကျင့်ရေးကွင်းကိုသွားချင်တဲ့ စိတ်တွေ ၊ ပျော်ပျော်ရွှင်ရွှင်စတင်ခြင်းတွေက သာအ ရေးကြီးတယ်လို့ထင်ပါတယ်။

ငွေကြေးတခုတည်းအတွက်နဲ့တော့ ဒီအသင်း မှာ မနေနိုင်ဘူးဆိုပြီး ကျွန်တော့်ကိုယ် ကျွန်တော် အရင်ဆုံးနားချခဲ့ပြီးနောက် မိသားစုကိုပြောပြခဲ့ပါတယ်။ ကျွန်တော်သာ အဲ့ဒီမှာဆက်နေဖြစ်ခဲ့ရင် ကျန်တဲ့ဘဝတလျောက် သက်သောင့်သက်သာဖြစ်မှာမဟုတ်တော့ပါဘူး ” ဆိုပြီးပြောပြခဲ့ပါတယ်။

အခုတော့ ငယ်ဘဝအသင်းနဲ့အတူလက်ကျန်အချိန်တွေကိုဖြတ်သန်းနေပါတယ်။ တကယ်လို့သာရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင်တော့ လန်ဒန်ပြိုင်ဖက်ဆီကို မသွားဖို့ သူဆုံးဖြတ်ခဲ့မလား မပြောတတ်ပါဘူး။ ဒီအပြောင်းအရွှေ့ နှစ်ဦးနှစ်ဖက် အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် အဆင်မပြေတော့တာကို သိလိုက်ချိန်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့တာကတော့အမှန်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: