ကင်ဘန်ပေ နဲ့ တူချယ်ပြန်ပေါင်းထုတ်ကြမလား
ပြင်သစ်ကစားသမား ပရက်စ်နယ် ကင်ဘန်ပေ ဟာ ပီအက်ဂျီအသင်းမှာ သူ့ရဲ့အနာဂတ်မရေမရာဖြစ်နေမှုကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိလာတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် တူချယ်နဲ့ ပြန်ပေါင်းထုတ်နိုင်ဖွယ်ရှိကြောင်း Metro UK ကဖော်ပြလာပါတယ်။ ပိုချက်တီနိုနဲ့အဆင်ပြေတဲ့ ကင်ဘန်ပေ ဟာ ပရီးမီယားလိဂ်မှာ ကစားလိုသူတစ်ဦးလည်းဖြစ်တာကြောင့် တူချယ်ရှိရာချဲလ်ဆီးအသင်းဟာ သူ့အတွက်အဆင်ပြေဖွယ်ရှိပါတယ်။
ရူဒီဂါအတွက် စပါးဖက်က တာဝန်ရှိသူကိုယ်တိုင် ဆောင်ရွက်ဖွယ်ရှိ
စပါးအသင်းဟာ ရူဒီဂါကို အလွန်အမင်းစိတ်ဝင်စားနေခဲ့ပြီး သူတို့ရဲ့အားကစားဒါရိုက်တာ ပက်ထရီဇီကဦးဆောင်ပြီးဆွေးနွေးမှုတွေပြုလုပ်ဖို့ကြိုးစားမှာဖြစ်တယ်လို့ Football Insider ကဖော်ပြလာပါတယ်။ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကစားသမားအတွက် ချဲလ်ဆီးကလည်းကြိုးစားနေသလို အသင်းကြီးများစွာကလည်းစောင့်ကြည့်နေပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖေဘရီဇီယို ရိုမာနိုကတော့ စပါးအသင်းဟာ ရူဒီဂါကို စိတ်ဝင်စားခြင်းမရှိဘူးလို့ အခိုင်အမာဆိုထားပါတယ်။
မြန်နှုန်းမြင့်တိုက်စစ်မှုးအတွက်အခွင့်အရေးရှိလာတဲ့ချဲလ်ဆီး
နိုက်စ်အသင်းကထွက်ခွာဖွယ်ရှိတဲ့ ယူနိုက်တက်ကစားသမားဟောင်း ဆိုတိုနာ ကို ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူလိုပါက အခြေအနေကောင်းနေတယ်လို့ Football Insider ကဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလ ၂ ခုဆက်တိုက် စောင့်ကြည့်လာခဲ့တဲ့ အဆိုပါ အသက် ၁၉နှစ်အရွယ် တိုက်စစ်မှုးဟာ နည်းပြဗီအဲရာ မရှိတော့တဲ့နောက် အသင်းပြောင်းနိုင်ချေများနေခဲ့တာလဲဖြစ်ပါတယ်။
စီနီယာတွေ မကစားနိုင်လို့ လူငယ်ကစားသမားကိုရွေးခါမှ ပေါ့စတစ်နဲ့ထပ်ကြုံတဲ့တူချယ်
ကိုဗစ်ပေါ့စတစ်ဖြစ်နေတဲ့ကစားသမားတွေများပြားနေလို့ လူငယ်အသင်းက ကစားသမားတွေကို ဆွဲယူသုံးစွဲဖို့ စီစဥ်ထားတဲ့တူချယ်အတွက် အကယ်ဒမီကစားသမားအချို့ကလည်း ပေါ့စတစ်ဖြစ်နေပြန်တယ်လို့ သိရပါတယ်။ “ အသင်းလူစာရင်းကို ပြန်ဆင်ခဲ့တယ် .. လူငယ်အသင်းက လူးဝစ်ဘေကာကိုလည်းထည့်ထားတယ်ပေါ့ဗျာ ..အခုတော့ သူလဲ ပေါ့စတစ် ပါပဲ “ လို့စိတ်ပျက်လက်ပျက်ပြောခဲ့ကြောင်း TalkSport ကဖော်ပြလာပါတယ်။ ချဲလ်ဆီးတို့ဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပါတယ်။
ဒစ်နေးကို ခေါ်ယူစေချင်ကြတဲ့ ပရိတ်သတ်တွေ
ချဲလ်ဆီးပရိတ်သတ်တွေဟာ အဲဗာတန်ရဲ့ လူးကပ်စ်ဒစ်နေး ကိုခေါ်ယူဖို့အတွက် ဆိုရှယ်မီဒီယာကနေ တစ်ဆင့်တိုက်တွန်းနေကြပါတယ်။ လက်ရှိအခြေအနေတွေအရ ကစားသမားကိုခေါ်ယူဖို့ခက်ခဲဖွယ်မရှိပဲ အသင်းရဲ့ဆုံးဖြတ်ချက်ကသာ အခရာပိုကျဖွယ်ရှိပါတယ်။
အီတလီဖက်မှာ လူကြိုက်များနေတဲ့ ဆားရ်
အသင်းရဲ့နောက်ခံလူမာလန်ဆားကို အေစီမီလန် နဲ့ နာပိုလီတို့က ကမ်းလှမ်းထားကြတယ်လို့ Calcio Napoli 24 ကဖော်ပြလာခဲ့ပြီး အသင်းဖက်ကလည်း ထွက်ခွာခွင့်ပေးထားပြီလို့ဆိုပါတယ်။ နာပိုလီအသင်းအနေနဲ့ ကူလာဘာလီရဲ့နေရာကိုအစားထိုးဖို့အတွက် အတွေ့အကြုံရင့်ကစားသမားတစ်ယောက်ကို အငှားနဲ့ခေါ်ယူချင်နေတာဖြစ်တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
Leave a Reply