ရီးရဲလ်ကိုချစ်ပေမယ့် PSG အသင်းအတွက်သာပေးဆပ်မယ်လို့ ပြောလာတဲ့ ရာမို့စ်

ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကိုမသိပါဘူး။ ကျွန်တော် ကြားတာက ယူနိုက်တက်နဲ့ကန်ရပြီဆိုပြီးတော့ပါ။ ဒီအသင်းက ငါကြိုက်တဲ့အသင်းဘဲ ဆိုပြီးစိတ်လူပ်ရှားတုန်းဘဲ ရှိသေးတယ်..

ရာမို့စ်ဟာ ရီးရဲမက်ဒရက်အသင်းမှာဘဲ ဘောလုံးက စားသမားဘဝကိုအဆုံးသတ်ပြီးအနားယူချင်တာပါ။ ရီးရဲလ်အသင်းရဲ့မူအရ သက်ကြီးကစားသမားတွေ ကို ပေးချေတဲ့လစာ၊ အသုံးပြုတဲ့အနေအထားတွေဟာ ရာမို့စ်လို့ကစားသမားတ​ယောက်အတွက် အဆင်မပြေတော့ပါဘူး။ ဒါကြောင့် သူ့ကို ငွေကြေးအရအ​ပြင် ဆက်ဆံရေးမှာရော တလေးတစားဖိတ်ခေါ်ခဲ့တဲ့ PSG ကိုပြောင်းရွေ့ခဲ့တာပါဘဲ။ အသက်ကြီးလာလေ လေးစားခံချင်လာတာလဲ ဖြစ်နိုင်တာပေါ့။စိတ်မကောင်းစရာတခုက ရာမိုစ့်ဟာ PSG အသင်းတွက်ဒဏ်ရာကြောင့် (၁)ပွဲပဲကစားထားရပါသေးတယ်။အ ခုတော့လေ့ကျင့်ခန်းတွေပြန်ဆင်းနေနိုင်ပြီလို့ သတင်းတွေအရသိရပါတယ်။

ဆက်လက်ပြီး အသင်းဟောင်နဲ့ လက်ရှိကစားနေတဲ့ အသင်းတို့ တွေ့ ဆုံလာမယ့်အခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။

” ကျွန်တော် ရီးရဲလ် အသင်းနဲ့မတွေ့ချင်ပါဘူး။ အထူးသဖြင့် ဒီလိုအဆင့်မျိုးမှာဆိုပိုပြီး တောင်မတွေ့ချင်ပါဘူး။ ဒါဟာအမှန်တရားဆိုတာထက် ကိုယ်အရမ်းချစ်ရတဲ့အသင်းတသင်းဖြစ်လို့ပါ။ ဒါပေမယ့်မတတ်နိုင်ပါဘူး။ ဘယ်အသင်းကိုဘဲဖြစ်ဖြစ် PSG အသင်းအတွက်ပဲ အာရုံစိုက်ပြီး အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်သွား မှာပါ။ အခုဆိုရင် သူတို့ကအရမ်းကောင်းနေတဲ့အသင်းတသင်းလဲ ဖြစ်နေပါပြီ။ နောက်တန်းရော တိုက်စစ်ပါ ပြောစရာမရှိတဲ့အသင်းပါ။ အဲ့လိုအသင်းကို ပြန်သွားပြီး အနိုင်ယူဖို့အတွက် စိတ်လူပ်ရှားနေပါ တယ်။

ရီးရဲလ်က ထွက်လာတော့ ကိုဗစ်အခြေအနေတွေ ကြောင့် နူတ်ဆက်ပွဲ​တောင် မလုပ်ခဲ့ရပါဘူး။ မကြာခင်ကစားမယ့်ပွဲကျမှ အောင်ပွဲခံပြီးပရိတ်သတ်တွေရှေ့မှာ တခါတည်းနူတ်ဆက်တာတွေက ဖြစ်လာနိုင်တာပေါ့။ ကျွန်တော်တို့အသင်းရဲ့ အခြေအနေကလည်း အကောင်းဆုံးမှာရှိ နေပါတယ်။ အသင်းမှာ အနိင်ယူဖို့အတွက် အကောင်းဆုံးကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့အပြင် ပွဲကိုအလှည့်အပြောင်း  လုပ်နိုင်တဲ့ကစားသမားတွေရှိလို့ပါဘဲ။ ဒီကိုရောက်တော့ အခက်အခဲတွေရှိခဲ့ပါတယ်။ နေဖို့နေရာအဆင်မပြေတာ ၊ မိသားစုကနေသားမကျတာစတဲ့အသေးအမွှားလေး တွေကအစဖြေရှင်းရပါတယ်။ နောက်ပြီးကျွန်တော်က ဘဝမှာ ဒဏ်ရာတွေကိုအမြဲရှောင်လွဲနိုင်ခဲ့တယ်။

ဒီတစ်ခေါက်တော့ တော်တော်အဆင်မပြေဘူးဗျ။ အထီးကျန်လို့ မှောင်မိုက်တဲ့နေ့တွေကိုဖြတ်သန်းနေ ရသလိုခံစားခဲ့ရတယ်။ ဘယ်သူက ကိုယ့်ဖက်ရှိနေလဲ ၊ ဘယ်မိတ်ဆွေက ကောင်းတယ်မကောင်းဘူးဆိုတာ ကအစ သိလာရပါတယ်။ ဒီလိုနဲ့ နောက် ပိုင်းအဆင်ပြေသွားတာပါဘဲ။ အသင်းမှာရှိတဲ့သူအကုန်လုံး ဝိုင်းဝန်းကူညီကြတာကြောင့်လဲ အများကြီးပါပါ တယ်။ အသင်းမှာကအားလုံးပွင့်ပွင့်လင်းလင်းပါဘဲ။ ဥက္ကဌ နဲ့လဲ ရင်းနီးတဲ့ဆက်ဆံရေးကောင်းတွေရှိပါတယ်။ ဒါကြောင့် အသင်းအတွက်ပွဲထွက်မကစားရရင်လဲ ကျွန်တော် တတ်နိုင်တဲ့ဘက်ကအကူအညီပေးမှာပါ။ ကွင်းထဲမှရှိနေရင်တော့ အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: