မာတင်နယ်လီခြေစွမ်းပြနိုင်ဖို့ အာတီတာ ဘယ်လို ညွှန်ကြားခဲ့လဲ

လတ်တလော အာဆင်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ အပြောအများဆုံးကတော့ မာတင်နယ်လီရဲ့ အကြောင်းပါပဲ။ လိဒ်စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူရဲ့ ခြေစွမ်းပြမှုနဲ့အတူ အသင်းဟာ (၁-၄)ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဘရာဇီးသားက နှစ်ဂိုးသွင်းယူပေစခဲ့ပါတယ်။

ပွဲအပြီးမှာ မာတင်နယ်လီ ဟက်ထရစ်မရခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ မချင့်မရဲဖြစ်ခဲ့ရပါတယ်။အွန်နရီလက်သစ်လို့ ပရိသတ်တွေ ချီးမွမ်းခန်းဖွဲ‌ ခဲ့တဲ့ အသက်၂၀သာရှိသေးတဲ့ မာတင်နယ်လီဟာ ၀က်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာလည်း အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဆင်နယ်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ပွဲမှာ  ၄ဂိုးသွင်း၊ ၃ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ သူရဲ့ စွမ်းဆောင်ရည်တွေဟာ အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာဆီ ပို့ဆောင်ပေးခဲ့တဲ့ နေရာမှာ အထူးအရေးပါခဲ့ပါတယ်။

ရာသီအစတုန်းက အသင်းရဲ့လူစာရင်းမှာ ပါလိုက် ပျောက်လိုက်ဖြစ်နေခဲ့တဲ့ မာတင်နယ်လီဟာ အူဘာမီယန်းမပါ၀င်နိုင်တဲ့ သီတင်းပတ်တွေမှာ အထူးခြေစွမ်းပြနေတာဖြစ်ပါတယ်။မာတင်နယ်လီ ဒီလိုခြေစွမ်းပြနိုင်တာသာ အာတီတာရဲ့ ညွှန်ကြားချက်ကို အတိအကျလိုက်နာခဲ့တာကြောင့်ဆိုမမှားပါဘူး။

Advertisements

အာတီတာက မာတင်နယ်လီကို “ပြိုင်ဘက်အတွက် အမြဲအန္တရာယ်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့” ရိုးရိုးရှင်းရှင်းသာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ မာတင်နယ်လီက ခုလိုပဲပြောခဲ့ပါတယ်။

“ဒါဟာ အရမ်းကောင်းတဲ့ရလဒ်တစ်ခုပါပဲ။ အဝေးကွင်းပွဲစဉ်ဖြစ်ပြီး ကျွန်တော်တိုအတွက် အနိုင်ရဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ ပွဲဖြစ်ပါတယ်။”

“အသင်းရဲ့ ရလဒ်အတွက်ရော၊ကစားပုံအတွက်ပါ ပျော်ရွှင်ရပါတယ်။ နည်းပြက ကျွန်တော်တို့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာနားရောက်တဲ့အခါ ဖိအားပေးနိုင်ဖို့ ၊ပြိုင်ဘက်ကို အကောင်းဆုံးခြိမ်းခြောက်နိုင်ဖို့ ပြောခဲ့ပါတယ်။”

“လာကာကလည်း ကွင်းလယ်ထိဆင်းပြီး တိုက်စစ်အတွက် လမ်းကြောင်းဖော်ပေးတယ်။ ဒီကနေကျွန်တော်  ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တယ်။ရှာခါရဲ့ ပေးပို့မှုကလည်း တကယ်ကို ကောင်းမွန်ခဲ့ပြီး နောက်ထပ်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တကယ်ကို ကောင်းခဲ့တဲ့ ဂိုးနှစ်ဂိုးပါပဲ”

“အသင်းမှာအဓိက ရှိနေတာက လူငယ်ကစားသမားတွေပါပဲ၊ ဒါပေမယ့် သန်မာပြီး အရမ်းကောင်းတဲ့ကစားသမားတွေပါ။ ဒီနေ့ အရန်ခုံကနေ ထလာပြီး ဂိုးသွင်းခဲ့တဲ့ စမစ်ရိုးကိုပဲ ကြည့်တော့ဗျာ”

အာတီတာကတော့ သူရဲ့ ညွှန်ကြားချက်ကို အတိအကျလိုက်နာနိုင်ခဲ့တဲ့ မာတင်နယ်လီကို လာမယ့်ပွဲစဉ်တွေမှာလည်း တိုက်စစ် ဘယ်တောင်ပံမှာ ယုံယုံကြည်ကြည်နဲ့ နေရာပေးသွားဖို့ သေချာနေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: