နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (20Dec)

ကစားသမားတွေရဲ့ ကျန်းမာရေးကသာ အဓိက ဦးစားပေးလို့ တူချယ်ဖွင့်ဟ

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားတွေရဲ့ ကျန်းမာရေးက ပထမဦးစားပေးဖြစ်ကြောင်းတူချယ်က အခုလိုပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့က ကျန်းမာရေးအခြေအနေတွေကိုရင်းပြီးကစားနေရတာပါ။  အခြားအသင်းတွေရဲ့ပွဲစဥ်တွေရွှေ့ဆိုင်းတာနဲ့ပတ်သတ်ပြီး မှတ်ချက်မပေးလိုပါဘူး။  ကျွန်တော်တို့အခြားအသင်းတွေနဲ့ နှိုင်းယှဥ်လေ့မရှိပါဘူး၊။ အခု ကျွန်တော်တို့ စိုးရိမ်နေတာက အသင်းက ကစားသမားတွေရဲ့ ဘေးကင်းကျန်းမာရေးပါပဲ။ ကစားသမားတွေလဲ အရမ်းစိုးရိမ်နေကြပါတယ်။ အသင်းမှာလည်း ဆက်တိုက်ဆိုသလို  Positive Case     တွေ‌   တွေ့နေရတာပါ  ဒါပေမယ့် ဆုံးဖြတ်ချက်အတိုင်းပဲသွားရမယ်ဆိုတာနားလည်ထားပါတယ်   အသင်းအနေနဲ့ ဝုဖ်နဲ့ပွဲကိုရွှေ့ဆိုင်းဖို့ တင်ပြတောင်းဆိုခဲ့ပေမယ့် ရပ်နားခွင့်မရခဲ့ပဲ ကစားခဲ့ရပါတယ်။

အမှတ်ပေးဇယားမှာအဆင့်မကောင်းရင် ဘာမှလုပ်မရဘူးလို့ ရူဒီဂါပြော

ဝုဖ်အသင်းကိုသရေကျခဲ့တဲ့ပွဲစဥ်အပြီးမှာ အခြေအနေတွေကို ရူဒီဂါက ထုတ်ပြောလာခဲ့ပါတယ်။

ပထမပိုင်းမှာ သူတို့ပိုသာခဲ့ပါတယ်။ ဒါပေမယ့် အန္တရာယ်တော့မရှိလှပါဘူး ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ပိုကောင်းလာခဲ့ပေမယ့်လည်းအဆုံးသတ်ရလဒ်ကတော့ ပျော်စရာမရှိပါဘူး။ အမှတ်ပေးဇယားမှာ အသင်းရဲ့အဆင့်ကောင်းမနေရင် ဘာမှအဆင်မပြေပါဘူး   လို့ ပွဲအပြီးမှာ ရူဒီဂါက ပြောခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ ဇယားထိပ်ကဦးဆောင်သူ စီးတီးနဲ့     ၆ မှတ်ကွာဟနေပြီဖြစ်ပြီး အနောက်ကပ်လိုက်နေတဲ့အသင်းတွေနဲ့လည်း အမှတ်စတင်ကျဥ်းမြောင်းလာနေပြီဖြစ်ပါတယ်။

ကီပါကို နောက်တစ်ကြိမ်လက်တွဲချင်နေတဲ့ဆာရီ

Messaggero  ရဲ့ဖော်ပြချက်အရ  ချဲလ်ဆီးနည်းပြဟောင်း လက်ရှိလာဇီယိုနည်းပြ ဆာရီဟာ  အသင်းရဲ့ ဂိုးသမား ကီပါကိုခေါ်ယူချင်နေတယ်လို့ သိရပါတယ်။   ကီပါအနေနဲ့  မန်ဒီရဲ့အနောက်မှာပဲရှိနေခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့လည်းပွဲထွက်ခွင့်အတွက်အသင်းပြောင်းရမှာဖြစ်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

ဒီလစ်ချ်အသင်းပြောင်းတော့မယ်လို့  အေးဂျင့်ဖွင့်ဟ

ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ဖြစ်သူ  ဒီလစ်ချ်ရဲ့ အေးဂျင့် ရွိုင်းအိုလာကတော့ ကစားသမားဟာ စိန်ခေါ်မှုအသစ်တွေအတွက်  အဆင်သင့်ဖြစ်နေပြီလို့   နယ်သာလန်သတင်းစာ    NRC နဲ့တွေ့ဆုံစဥ်မှာထုတ်ပြောသွားခဲ့ပါတယ်။  “  ဒီလစ်ချ်က နောက်ထပ်ခြေလှမ်းအတွက်အဆင်သင့်ဖြစ်နေပါပြီ .. သူကိုယ်တိုင်လဲ အဲ့ ဒီလိုယုံကြည်နေပါတယ်    လို့ စူပါအေးဂျင့်က ပြောခဲ့တာပါ။

တူချယ်ဖက်က ကလော့ရပ်တည်ပေး

လီဗာပူးနည်းပြ ယာဂင်ကလော့က  ကစားသမားတွေရဲ့  အခြေအနေကြောင့် ပွဲရပ်နားခွင့်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ဆက်ကစားခဲ့ရတဲ့အပေါ် ချဲလ်ဆီးအသင်းဖက်ကနေ ရပ်တည်ပြောကြားသွားခဲ့ပါတယ်။   ကလော့က အခုလိုပဲ ဆိုခဲ့ပါတယ်။

ကိုဗာဆစ်ကိုထည့်ကစားရတယ်ဆိုတာ သက်သေပဲဗျာ  .. ကိုဗာဆစ်က ကာလရှည်နားနေခဲ့ရတာ.. ကိုဗစ်ကနေပြန်လာတာလဲ ရက်ပိုင်းပဲရှိသေးတယ် .. ဒါပေမယ့် သောမတ်စ်အတွက်ရွေးချယ်စရာရှိမနေခဲ့ဘူး   ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  ဒဏ်ရာရကစားသမားများကြောင့်ချဲလ်ဆီးတို့ဟာ ပုံမှန်စွမ်းဆောင်ရည်အောက်မှာသာရှိနေခဲ့ပြီး  ပွဲအပြီးမှာလည်း ၀-၀ သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: