ရူဗင်နီဗက်စ်ကို ခေါ်ဖို့ အကြံပေးနေကြ
Fichajes သတင်းဌာနရဲ့ဖော်ပြချက်အရ တူချယ်ဟာ ဝုဖ် အသင်းရဲ့ ရူဗင်နီဗက်ကို သဘောကျနေတယ်လို့ ဆိုပြီး ဆောင်းရာသီမှာပဲ ကမ်းလှမ်းနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါသတင်းဟာ ကောလာဟလအဆင့်မှာသာရှိနေသေးသလို ကစားသမားရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာမှ ပြည့်မျာဖြစ်ပါတယ်။ အဆိုပါပေါ်တူဂီလက်ရွေးစင်က ချဲလ်ဆီးကွင်းလယ်အတွက်တော့ သင့်တော်ကြောင်းသုံးသပ်တင်ပြမှုတွေရှိနေပါတယ်။
လိုအပ်ချက်တွေရှိနေပေမယ့် ချဲလ်ဆီးတို့က စိန်ခေါ်သူတွေပါလို့ သုံးသပ်
ကစားသမားဟောင်း မိုက်ကယ်ဒေါ်ဆင်က ချဲလ်ဆီးတို့ဟာ ချန်ပီယံစိန်ခေါ်သူအဖြစ်ဆက်ရှိနေသော်လည်း အခြားအသင်းကြီး ၂ သင်းနဲ့ကြားက ကွာခြားမှုကိုတော့ သတိပြုရမှာဖြစ်တယ်လို့ သတိပေးစကားဆိုပါတယ်။ The Essential Football Podcast နဲ့တွေ့ဆုံရာမှာ ဒေါ်ဆင်က ဒီပြိုင်ပွဲက ၃ သင်းထဲပြေးနေတဲ့ ပြိုင်ပွဲဆိုတာ သိပါတယ်။ ချဲလ်ဆီးကတော့ နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲပဲနိုင်ပြီးခက်ခဲတဲ့အနေအထားတစ်ခုကိုရောက်နေပါတယ်။ မန်စီးတီး ၊ လီဗာပူးတို့နဲ့ ပြိုင်ချင်ရင် ဒီလောက်နဲ့မရသေးပါဘူး။ ချဲလ်ဆီးအသင်း ပြန်လာနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် သူတို့က ချန်ပီယံစိန်ခေါ်သူတွေအဖြစ်ရှိနေဆဲပါပဲ။ လို့ဆိုခဲ့တာပါ။
သုံးနိုင်ငံသားဖြစ်သွားတဲ့ ချဲလ်ဆီးပိုင်ရှင်
ချဲလ်ဆီးနည်းပြ ရိုမန်အေဘရာမိုဗစ်ဟာ ပေါ်တူဂီနိုင်ငံရဲ့ ဥပဒေအသစ်ကြောင့် နိုင်ငံသားအဖြစ်ခံယူခွင့်ရရှိပြီးနောက် ရုရှား ၊ အစ္စရေး နဲ့ပေါ်တူဂီနိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ တစ်ယောက်ဖြစ်လာခဲ့ပြီလို့သိရပါတယ်။ တချိန်က ဆိုဗိယက်ယူနီယံအဖွဲ့ဝင်ဖြစ်တဲ့ လစ်သွေးနီးယားနိုင်ငံမှာ အခြေချကြီးပြင်းခဲ့တဲ့ ရိုမန် ဟာ မိသားစုဝင်တွေထဲမှာ ပေါ်တူဂီသွေးနှောသူတွေလည်း ပါဝင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြသွားပါတယ်။
ဆာအူးလ်ကို လှောင်နေကြတာအပေါ်တူချယ်မနှစ်သက်
တူချယ်ဟာ ဆိုရှယ်မီဒီယာ ပေါ်မှာ ဆာအူးလ်နဲ့ပတ်သတ်ပြီး ဟာသလုပ်လှောင်ပြောင်နေတာကို မနှစ်သက်ဘူးလို့ Daily Star သတင်းမှာ ဖော်ပြလာပါတယ်။ ဒါကို အနိုင်ကျင့်မှုတစ်ခုလို့ တူချယ်က ယူဆနေပြီး သူ့ရဲ့ကစားသမားကို ကာကွယ်သွားရမယ်လို့လဲဆိုပါတယ်။ ‘’ ပရိတ်သတ်တွေက သူ့ရဲ့ကစားပုံကိုမကြိုက်ကြတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် တုန့်ပြန်ပုံတွေကတော့ဆိုးပါတယ်။ ဒါကြောင့် ကျွန်တော်ဆိုရှယ်မီဒီယာ မသုံးတာပါ။ ဆာအူးလ်လဲ စာတွေလိုက်ဖတ်မနေဘူးလို့မျှော်လင့်ပါတယ်။ သူ့ကစားတဲ့နေရာမှာ ဘာလိုနေလဲသိပါတယ် .. ဒီအတွက်ကြိုးစားနေပါတယ်။ သူ့ရဲ့အကောင်းဆုံးပုံစံကိုရရှိဖို့ အတူတကွအကောင်းဆုံးကြိုးစားနေကြပါတယ် လို့ဆိုသွားခဲ့ပါတယ်။
ချာလိုဘာကို ကွင်းလယ်သာပို့လိုက်တော့
ကွင်းလယ်ကစားသမားအခက်အခဲဖြစ်နေတဲ့ ချဲလ်ဆီးအတွက် ပရိတ်သတ်တွေက နောက်ခံလူ ချာလိုဘာကို ကန်တေနဲ့အတူ Pivot Player အဖြစ်တွဲကစားစေလိုကြကြောင်း The Chelsea Chronicle ကရေးသားလာပါတယ်။ ချာလိုဘာဟာ ခံစစ်ဗဟိုမှာခြေစွမ်းပြနေသူဖြစ်ပြီး ကွင်းလယ်ကစာသမားတွေအဆင်မပြေရင် ရွေးချယ်စရာတစ်ခုဖြစ်ကြောင်းရေးသားထားပါတယ်။
Leave a Reply