“တကယ်ကို ကြောင်တောင်တောင်နိုင်တဲ့ ရလဒ်တစ်ခုပါပဲ”

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့က နိုင်ပွဲ‌တွေ ရယူခဲ့ချိန်မှာ ချဲလ်ဆီးအနေနဲ့ မဖြစ်အနေ အနိုင်သုံးမှတ်ရဖို့ လိုအပ်ခဲ့ပေမယ့်  မ‌မျှော်လင့်ပဲ စတန်းဖိုဒ့်ဘရစ်ခ်ျမှာ အဲဗာတန်ကို အမှတ်ခွဲပေးခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ ဟီးရိုးဖြစ်ခဲ့တာကတော့ အဲဗာတန်နဲ့အင်္ဂလန် လက်ရွေးစင်ကစားသမား ပစ်ဖိုဒ့် ဖြစ်ပြီး ဂိုးပေါက်ကာကွယ်မှု ကိုးကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။တူချယ်ကတော့ ဒီရလဒ်အပေါ်  “တကယ်ကို အူကြောင်ကြောင်နိုင်တဲ့ ရလဒ်တစ်ခုပါပဲ” လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးက ဂိုးပေါက်ကန်သွင်းမှု ၂၃ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂျော်ဒန်ပစ်ဖိုဒ့် ရဲ့ လက်စွမ်းပြ ကာကွယ်မှု‌တွေကြောင့် မေဆင်မောင်ရဲ့ မိနစ်ခုနစ်ဆယ် သွင်းဂိုးတစ်ခုတည်းသာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဦးဆောင်ဂိုးကလည်း လေးမိနစ်သာ ခံခဲ့ပြီး ဂျာရတ်ဘရန့်ဝိတ်က အွန်တိုနီဂေါ်ဒွန်ရဲ့ထောင့်ကန်ဘောကနေ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

“ဒီလိုပွဲစဉ်မျိုးကနေ ဒီလိုရလဒ်မျိုးထွက်ခဲ့တာကတော့ တကယ်ကို အူကြောင်ကြောင်နိုင်ပါတယ်”လို့ ပွဲအပြီးမှာ တူချယ်က ဆိုခဲ့ပါတယ်။

“ဒီနေ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရနိုင်လောက်အောင် ကောင်းခဲ့ပါတယ်။ ဘာလို့ ဒီလိုရလဒ်ထွက်ခဲ့လဲတော့ ကျွန်တော်မပြောတတ်သေးဘူး။ အသင်းဟာ ဂိုးသွင်းဖို့ အခွင့်အရေးအများအပြားရခဲ့ပေမယ့် သရေရလဒ်သာ ကျွန်တော်တို့ရခဲ့ပါတယ်။”

“ဒီနေ့ပွဲမှာတော့ မပါ၀င်နိုင်ခဲ့တဲ့ ကစားသမား ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိခဲ့ပါတယ်။ဒါဟာ အဓိက ပြဿနာတွေထဲက တစ်ခုပါပဲ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ကွင်းလယ်မှာရော၊ ရှေ့တန်းမှာပါ ကစားသမားအများအပြားကို ကျွန်တော်တို့ဆုံးရှုံးခဲ့ရသလို အခုထိလည်း အဓိက ကစားသမားတွေကို ဆုံးရှုံးနေရတုန်းပါပဲ”

“ကျွန်တော်တို့ဟာ ဟန်ချက်ညီမှု၊ ရိုးသားမှု၊ အချင်းချင်း ဝေဖန်ဆန်းစစ်မှု နဲ့ ရလဒ်ဆိုးတွေနဲ့ကြုံတွေ့ရတဲ့အခါ လက်ခံတတ်မှုတွေ လိုအပ်ပါတယ်။”

“တကယ်လို့ ကျွန်တော်တို့အသင်းက ပုံစံလုံး၀ပျက်နေပြီး ဦးဆောင်ဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပြီးမှ ချေပဂိုးရဖို့ နောက်ကနေအသည်းအသန်လိုက်ကစားနေရတယ်ဆိုရင် ဒီအခြေအနေဟာ သုံးသပ်ရလွယ်ပါတယ်။ ခုလက်ရှိအခြေအနေကတော့ တကယ်ကို သုံးသပ်ဖို့ ခက်ခဲပါတယ်။”

ဆက်လက်ပြီး တူချယ်က ဒီပွဲစဉ်မှာ သွင်းဂိုးရယူဖို အခွင့်အရေးအများအပြားရခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တာကို ညည်းတွားခဲ့ပြီး အသင်းဟာ အချိတ်အဆက် မိမိကစားဖို့လည်း လိုအပ်ချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။အရံခုံတန်းကနေလည်း အင်အားအချို့ရယူဖို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ဦးဆောင်ဂိုးရခဲ့ပြီးမှ တည်ကန်ဘောကနေ ချေပဂိုးပြန်ပေးခဲ့ရတယ်လို့ BT sport နဲ့တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

“ဘောလုံးမှာ ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတာ ပြောဖို့ အကြောင်းပြချက်တစ်ခုနဲ့မလုံလောက်ပါဘူး။ ဒါပေမယ့် အဓိက အကြောင်းပြချက်တစ်ခုတော့ ရှိစမြဲပါပဲ။ဒီနေ့ပွဲမှာ ကျွန်တော်တို အနိုင်မရခဲ့တဲ့ အဓိက အကြောင်းပြချက်ကတော့ ရလာခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ပါပဲ”လို့ တူချယ်က ဆိုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: