အသင်းက တိုက်စစ်ဆင်ကစားဖို့ လိုအပ်နေချိန်မှာ လိုတပ်စ်ချိခ်ရဲ့ခြေစွမ်းဟာ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ဂျေမီအိုဟားရားက ပြောခဲ့ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ လိုတပ်စ်ချိခ်ဟာ အသင်းရဲ့ကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေများပြားလာခဲ့တာကြောင့် နေရာရလာခဲ့တာဖြစ်ပါတယ်။လိုတပ်စ်ချိခ်ဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ အသင်းနဲ့ ငါးပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲစဉ်အတွင်းမှာတော့ ကစားသမားဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ လူစားလဲခဲ့ရပါတယ်။
ဒီပွဲမှာ လိုတပ်စ်ချိခ်ဟာ ပြိုင်ဘက်ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ခဲ့ပြီး မလိုအပ်ပဲ ကစားပုံကြမ်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂျေမီအိုဟားရားက လိုတပ်စ်ချိခ်ရဲ့ ခြေစွမ်းအပေါ် ဝေဖန်ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
“လို့တပ်စ်ချိခ်ရဲ့ ခြေစွမ်းဟာ ဒီပွဲမှာ အဆင်ပြေခဲ့ပါတယ်။ဒါပေမယ့် တိုက်စစ်ကို လိုက်ပါချိန်မှာတော့ အားနည်းချက် ရှိနေပါသေးတယ်။”
လိုတပ်စ်ချိခ်ဟာ အသင်းအတွက် လိုအပ်နေချိန်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အသင်းရဲ့တိုက်စစ်ပုံဖော်နိုင်အောင်လည်း ကွင်းလယ်ကနေ ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်း ခြေစွမ်းကောင်းအချို့ ကို ပြသထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဆုံးသတ်မှာတော့ အားနည်းချက်ရှိနေသလို ဂိုးကံလည်းခံနေပြီး ဂိုးဧရိယာထဲမှာ ဆုံးဖြတ်ချက် အမှားအယွင်းအချို့ပြုလုပ်တတ်တာကို ပြင်ဆင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
လိုတပ်စ်ချိခ်ဟာ အသင်းရဲ့အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို အတိုင်းအတာတစ်ခုထိ ရယူထားနိုင်တဲ့သူဆိုလည်း မမှားပါဘူး။လိုအပ်ချက်အချို့ ရှိနေသေးပေမယ့် ဒဏ်ရာပြဿနာတွေများနေတဲ့ အသင်းရဲ့ကွင်းလယ်ကြောင့် တူချယ်အနေနဲ့ လို့တပ်စ်ချိခ်ကို အားကိုးနေရဦးမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ကစားဖော်ဟောင်း အီဘရာဟမ်ရှိနေတဲ့ ရိုးမားအသင်းက ချိခ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Leave a Reply