17 Dec အတွက် ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့နဲ့ဆက်စပ်သတင်းများ

  • El Nacional သတင်းစာရဲ့ဖော်ပြချက်အရ  အေစီမီလန်အသင်းရဲ့ နောက်ခံလူ သီအိုဟာနန်ဒက်စ် ကို ဇန်နဝါရီမှာ ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ အဆိုပါ ၂၄ နှစ်သားဟာ   အေစီတို့အတွက် ပွဲပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး  ၁၆ ဂိုးသွင်း ၁၈ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။
  • နောက်ဆုံးရသတင်းအချို့အရ  ချဲလ်ဆီးရဲ့ လော့ဖ်တပ်ချိကို ခေါ်ယူဖို့  မော်ရင်ဟိုက ကြိုးပမ်းဖွယ်ရှိကြောင်း  Sport Skeeda ကဖော်ပြလာပါတယ်။  Il Romanista သတင်းစာရဲ့  အဆိုအရတော့ မောရင်ဟို ဟာ လက်ရှိ ရိုးမားတိုက်စစ်မှုး တမ်မီအေဘရာဟမ် ရဲ့အကူအညီကိုရရယူပြီး  ချဥ်းကပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်  ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်တဲ့  အက်သလက်တီကို ရဲ့  ဆာအူးလ် ကိုလည်းစောင့်ကြည့်နေတယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
  • ဆီးဗီးလားအသင်းဟာ  သူတို့ရဲ့နောက်ခံလူ ကွန်ဒီရဲ့  စာချုပ်ဖျက်သိမ်းစျေးနှုန်းကို ယူရို သန်း ၃၀ အထိလျှော့ချလိုက်တဲ့အတွက်  ကစားသမားရဲ့လက်ရှိစျေးနှုန်းဟာ ယူရို သန်း ၅၀ နဲ့ ၆၀ အကြားသာရှိတော့မှာဖြစ်ကြောင်း ESPN  ကဖော်ပြသွားပါတယ်။
  • ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ချူမန်နီအတွက် မိုနာကိုဥက္ကဌ က ကစားသမားဟာရောင်းရန်မဟုတ်ကြောင်းအခုလိုပဲပြောပြပါတယ်။  “ ရာသီကုန်မှာ ကျွန်တော်တို့ အရာရာကိုပြန်သုံးသပ်ပြီးစဥ်းစားပါ့မယ်။ ကစားသမားဟာ ၂၀၂၄ ခုနှစ်အထိစာချုပ်ရှိပါတယ်။ သူ့ရဲ့တန်ကြေးက ကမ္ဘာ့အမြင့်ဆုံးတွေထဲမှာ  ပါဝင်နေပါတယ်။  မွန်တီကာလိုမြို့ မှာ အရာရာစျေးကြီးပါတယ်။  ဂရန်းကာစီနိ ဝိုင်းတွေလိုပဲ ကစားသမားဟာ အလွန်စျေးကြီးပါတယ်  လို့ ဆိုခဲ့ပါတယ်။
  • ဘာကာအသင်းဟာ တစ်ပတ်ကိုပေါင် ၁၅၀၀၀၀ ရရှိနေတဲ့  တိုက်စစ်ကစားသမားပူလီဆစ်ကို  ပြန်လည်ကြိုးစားလာဖွယ်ရှိတယ်လို့ Balkan Talk  ကဖော်ပြလာပါတယ်။ ချဲလ်ဆီးတို့ရဲ့တိုက်စစ်မှုးကို ဘာကာ တို့ဟာ ဇန်နဝါရီမှာ အငှားနဲ့ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: