အသင်းမှာ Covid 19 ပျံနှံနေပြီလား
Goal ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးစီနီယာအသင်းရဲ့ ကစားသမား ၃ ယောက်မှာလည်း ရလဒ်ကိုတွေ့ရှိနေရပြီဖြစ်ပြီး အသင်းမှာ ပြန့်နှံ့နေလောက်ပြီလို့ ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ကိုဗာဆစ် မှာ ပိုးတွေ့ပြီး ပြန်ကစားနိုင်ဖို့ရှိခါမှ အသင်းနဲ့သီးခြားပြန်နေလိုက်ရတာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားတွေဟာ အဲဗာတန်နဲ့ပွဲမတိုင်ခင် နာရီပိုင်းမှာ တွေ့ခဲ့ရတာလို့ဆိုပါတယ်။
ဆာအူးလ် ဟာ အသင်းကို ချန်ပီယံမဖြစ်အောင်လုပ်နေတာလို့ ဝေဖန်
အဲဗာတန်နဲ့ပွဲမှာလည်းခြေစွမ်းမပြနိုင်သေးတဲ့အပြင် ချေပဂိုးဖြစ်စေမယ့် ဖြတ်တင်ဘောကိုလည်း မဖျက်ထုတ်နိုင်ခဲ့တဲ့ ဆာအူးလ်ကို ပ ရိတ်သတ်တွေဟာ စိတ်ပျက်နေကြပြီဖြစ်ပြီး ၊ လိဂ်ရဲ့အဆိုးဆုံးကစားသမားလို့တောင်ဆိုနေကြပါတယ်။ Sport Bible ရဲ့ဖော်ပြချက်အရ ဆာအူးဟာ ချန်ပီယံလမ်းကြောင်းသွေဖယ်ဖို့အတွက် ပြသနာကစားသမားအဖြစ်တောင် ပရိတ်သတ်အချို့က ဝေဖန်ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။
အသင်းမှာဘာဖြစ်နေလဲ မသိတော့ဘူး လို့ပြောလာတဲ့ ချဲလ်ဆီး
အဲဗာတန်ကိုသရေကျပြီးတဲ့ပွဲမှာ တူချယ်က အသင်းရဲ့အနေအထားကိုပွင့်ပွင့်လင်းလင်းပြောလာပါတယ်။
အသင်းက သိသိသာသာကိုပဲ အမှတ်ခွဲယူဖို့လွယ်ကူလွန်းနေတယ်ဗျာ ,, အသင်းတိုင်းကို လွယ်လွယ်ကူကူနဲ့ ဂိုးတွေပြန်ပေးနေရတာပါ။ ကျွန်တော်တို့က ဦးဆောင်မယ် .. ကောင်းကော င်းကစားမယ် .. အခွင့်အရေးတွေရမယ် ၊ ပြီးရင်တော့ဖြစ်နေကျတွေဖြစ်မယ်။ ဘာကြောင့်လဲဆိုတာတောင်မသိတော့ပါဘူး .. ဒီတော့ ပထမဆုံး ဒါကိုနားလည်အောင်ကြိုးစားရပါမယ်။ ပြီးရင် ထပ်ပြီးမဖြစ်အောင်ကြိုးစားရမှာပါပဲ လို့ ဆိုလာခဲ့ပါတယ်။
လော်တာရို ကိုပြန်ကြိုးစားမယ့်ချဲလ်ဆီး
The Sun ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးတို့ဟာ အင်တာမီလန်ရဲ့ လော်တာရို မာတီနက်စ်ကို ပြန်လည်ချဥ်းကပ်ဖို့အသင့်ရှိနေပြီလို့ ဆိုပါတယ်။ အကယ်၍သာ လော်တာရိုကို ကြိုးစားမယ်ဆိုရင် ပေါင် ၉၇.၅ သန်းခန့်ကုန်ကျနိုင်တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ချဲလ်ဆီးအပေါ်စိတ်လျှော့လိုက်တဲ့ ဂျိုးလ်ကိုး
ချဲလ်ဆီးကစားသမားဟောင်း ဂျိုးလ်ကိုးကတော့ ဒီရာသီ ချန်ပီယံဟာ မန်စီးတီးအသင်းသာဖြစ်တယ်လို့ BT Sport နဲ့တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။ ကျွန်တော်က တော့ မန်စီးတီး ပဲလို့ပြောချင်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ချဲလ်ဆီးအသင်းကိုဖယ်ပြီးပြောတာပါပဲ (ယခင်က ချဲလ်ဆီးချန်ပီယံလို့ပြောခဲ့ဖူး) .. ချဲလ်ဆီးက အမှတ်တွေဆက်တိုက်ဆုံးရှုံးနေပါတယ်။ တချိန်ထဲမှာ မန်စီးတီးပွဲကြည့်ရင်တော့ ရင်သပ်ရှုမောစရာပါပဲ။ အဓိကအကျဆုံးအချက်ကတော့ စီးတီးတို့ဟာ ချန်ပီယံလမ်းကြောင်းအတွက် လိုအပ်တဲ့အတွေ့အကြုံတွေရှိနေတာပါပဲ လို့ဆိုခဲ့ပါတယ်။
Leave a Reply