ချဲလ်ဆီးလူငယ်လေး ဘရိုဂျာရဲ့ ဂိုးတွေကတော့မျက်ကွယ်ပြုဖို့မဖြစ်နိုင်တော့လောက်အောင်တောက်ပနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့သွင်းယူပုံတွေက တချိန်က တိုက်စစ်မှုး ဒီယေဂိုကော်စတာ ရဲ့ကစားပုံကို သတိရမိစေတယ် လို့ဆိုကြပါတယ်။
ကြံ့ခိုင်တဲ့ ခန္တာကိုယ် ၊ အနိုင်ရလိုစိတ်ပြင်းထန်မှု နဲ့ တိုက်စစ်မှုးတစ်ယောက်ရဲ့ နည်းစနစ်ကြွယ်ဝမှုတွေ ပေါင်းစပ်ထားတဲ့ ကော်စတာ ဟာ ဘယ်တော့မှမေ့လို့မရတဲ့တိုက်စစ်မှုးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ မုန်တိုင်းတိုက်နေသလို တိုက်စစ်ဆင်မယ် ၊ အဆုံံးသတ်ရလဒ်ကတော့ ဘောလုံးက ပိုက်ထဲရောက်သွားမယ်။ ဒါပါပဲ။
ဘရိုဂျာကတော့ ဒီခရီးကိုရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒါကလဲ ရိုးရှင်းတဲ့အချက်တစ်ချက်ပါ။ ကော်စတာ ချဲလ်ဆီးရောက်တော့အသက် ၂၅ ရှိနေပြီဖြစ်ပြီး ဘရိုဂျာကတော့အခုမှ အသက် ၂၀ သာရှိပါသေး တယ်။ ကော်စတာဟာ ချဲလ်ဆီးအတွက် ၃ ရာသီကစားပြီး ဂိုးပေါင်း ၅၄ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ဘရိုဂျာဟာ အခုမှသူ့ရဲ့ ပရိုဖက်ရှင်နယ်ဘဝရဲ့ ဒုတိယမြောက်အငှားစာချုပ်နဲ့အတူ စိန့်တို့ဆီမှာ ကစားနေတာဖြစ်ပြီး နောက်နှစ်ဇူလိုင်လကျမှ ချဲလ်ဆီးအသင်းဆီ ပြန်လာရမှာဖြစ်ပါတယ်။ သူ့ရဲ့အငှားခရီးကတော့ စိတ်ဝင်စားစရာအပြည့်နဲ့ပါပဲ။ အစောပိုင်းမှာ နည်းပြရဲ့နေရာပေးမှုကို ရရှိဖို့ကြိုးစားခဲ့ရပေမယ့် ၊ တဖြေးဖြေးနဲ့ခြေစွမ်းပြရင်း ကစားချိန်ပိုရလာသလို ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးလဲသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကော်စတာနဲ့ပုံစံတူ ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် လူငယ် တိုက်စစ်မှုးလေးကို ချီးမွမ်းမှုတွေပိုလုပ်လာကြတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှုးအခက်အခဲအတွက် ဘရိုဂျာကိုလည်းရွေးချယ်စရာတစ်ခုအဖြစ်ထည့်သွင်းစဥ်းစားဖို့အတွက် ပရိတ်သတ်တွေက အလိုရှိနေကြပါတယ်။ ချဲလ်ဆီးအသင်းဟာ လူငယ်အများစုကိုအငှားချထားခဲ့ပြီး ပရီးမီးယားလိဂ်အဆင့်မှာတော့ ဘရိုဂျာ (စိန့်) ၊ ဂယ်လက်ဂါ (ခရစ္စတယ်ပဲလေ့်စ်) နဲ့ ဂေးမားလ် (နောဝစ်ချ်) တို့က ခြေစွမ်းပြနေကြပါတယ်။
ဒီယေဂိုကော်စတာ က ဘောလုံးရရခြင်းတန်းမကန်ပဲ နောက်ခံလူကို မျှားခေါ် ၊ ဟန်ချက်ပျက်အောင် လှည့်ထွက်ပြီးမှ အဝေးတိုင်ကို ကန်သွင်းခဲ့ပါတယ်။


ဘရိုဂျာကလည်းအလားတူ ခံစစ်သမားကိုလှည့်ထွက်ပြီးမှ ကန်သွင်းယူခဲ့ပါတယ်


Leave a Reply