အ‌‌ဂွဲလ်ရိုး အတွက် မက်ဆီရဲ့ ဆုတောင်း

အာဂျင်တိုင်းသား မန်စီးတီး ဂန္တဝင်အဂွဲလ်ရိုးရဲ့  အနားယူ နူတ်ဆက်ပွဲအခမ်းအနားကိုမနေ့ကပြုလုပ်သွားခဲ့ ပါ တယ်။ နည်းပြများနဲ့ကစားသမားများတက်ရောက်ခဲ့ကြပြီး ဘောလုံးအသိုင်းဝိုင်းအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဂွဲလ်ရိုးအတွက် အသင်းဟောင်းမန်စီးတီးအသင်းမှ အသင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်း၊ မာရက်ဇ် စတဲ့တခြားကစားသမားတွေအပါအဝင် ကပ္ပတိန်ဟောင်း ဒေးဗစ်ဆဲလ်ဗား ကလဲ နှုတ်ဆက်ဂုဏ်ပြုခဲ့ကြပြီး ရီးရဲမက်ဒရစ်အပြင် တခြား  အသင်းတွေကလဲ သဝဏ်လွှာပို့ပေးခဲ့ကြပါတယ်။

အဂွဲလ်ရိုးအတွက်အကောင်းဆုံးသူငယ်ချင်းတယောက်ဖြစ်တဲ့ မက်ဆီက သူ့ရဲ့အနားယူခြင်းအပေါ်မှာအခုလိုဘဲ ပြောထားပါတယ်။

” ငါတို့ ကောင်းမွန်တဲ့အချိန်တွေကို အတူဖြတ်သန်းခဲ့ရတာပဲ Kun ရေ.. အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ကြုံတွေခဲ့ရပြီး တခြားသူတွေကြောင့်ငါတို့ကပိုပိုပြီး စည်းလုံးလာတယ် ၊ ရင်းနှီးချစ်ခင်လာကြတယ်။ ပြီးတော့ ကွင်းပြင်မှာလည်း အတူဆက်ရှိနေကြမှာပါ။”

မကြာခင် အချိန်ခဏလေးတုန်းကတောင်မှ မင်းက ကိုပါအမေရိကဖလားရရှိတဲ့ပျော်ရွှင်မှုနဲ့ အင်္ဂ လန်မှာရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ပျော်ရွှင်နေခဲ့တာလေ။ ဒါပေမဲ့အခုအချိန်မှာတော့ အမှန်တရားက တကယ်ကို ခါးသီးလွန်းလှတယ်ကွာ။မင်းအနေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် မင်းအချစ်ရဆုံးဖြစ်တဲ့ ဘောလုံးကစားတာကို ရပ်လိုက်ရတော့မယ်။ ဒါပေမဲ့ မင်းပျော်နေရဦးမယ်ဆိုတာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့မင်းက မင်းနဲ့အတူ ရှိနေတဲ့သူတွေကိုပျော်ရွှင်မှုတွေကို ဖြန့်ဝေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေတာကြောင့်ပါပဲ။ အခုတော့ မင်းဘဝရဲ့အခန်းကဏ္ဍအသစ်စရပြီ။ ဒါပေမဲ့ မင်းဖန်တီးနိုင်ခဲ့တဲ့ ဂုဏ်ယူစရာ ပုံရိပ်တွေကို အမှတ်ရနေပြီး အပြုံးတစ်ခုနဲ့အမြဲနေနိုင်မယ်ဆိုတာ ငါအခိုင်အမာယုံကြည်ပါတယ်။

မင်းဘဝရဲ့အခန်းကဏ္ဍအသစ်မှာ အကောင်းဆုံးအရာတွေပဲ ဆက်တွေ့ကြုံရနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ငါမင်းကိုအရမ်းချစ်တယ် သူငယ်ချင်းရေ …ဘောလုံးကွင်းတွေ နိုင်ငံအသင်းတွေမှာ ငါတို့အတူဖန်တီးခဲ့ကြတဲ့ အမှတ်တရတွေကို ငါအမြဲတမ်းသတိရလွမ်းဆွတ်နေမှာပါကွာ’’ လို့ နူတ်ဆက်ဂုဏ်ပြုရေးသားထားပါတယ်။

အဂွဲလ်ရိုးဟာမန်စီးတီးအသင်းတွက်ပွဲပေါင်း  ၃၉၀  ပွဲမှာ သွင်းဂိုး ၂၆၀ ဂိုးနဲ့ ဂိုးဖန်တီးမူ ၇၂ ကြိမ်ထိပြု လုပ်ထားနိုင်တဲ့ ကစားသမားတစ်ဦးလဲ ဖြစ်ပါတယ်။

အင်ဒီပန်းဒီယန့်တေး ၊ အက်သလက်တီကိုမက်ဒရစ်၊မန်စီးတီး နဲ့ ဘာစီလိုနာအသင်းတို့မှာကစားသမားဘဝကိုဖြတ် သန်းခဲ့ပြီး မန်စီးတီးနဲ့အတူအောင်မြင်တဲ့ကစားသ မားဖြစ်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: