အမြှောက်တပ်သားတွေ အမ်းမရိတ်မှာ ဘယ်လောက်ထိကောင်းခဲ့သလဲ

အာဆင်နယ်နဲ့၀က်စ်ဟမ်းလန်ဒန်ဒါဘီပွဲစဉ်မှာတော့ အမ်းမရိတ်မှာ အမြှောက်သံတွေကျယ်လောင်ခဲ့ပြီး ဂန်းနား‌တွေအတွက် ပေးဂိုးမရှိခဲ့ပဲ ချိုမြိန်တဲ့ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားမှာလည်း အဆင့်၄နေရာအထိ‌တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အသင်းက ကစားသမားတွေရဲ့ တစ်ဦးချင်းဆီ စွမ်းဆောင်ရည်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဂိုး 

အာရွန်ရမ်စ်ဒေး(၇/၁၀)

ဒီနေ့ပွဲမှာတော့ ၀က်ဟမ်းတိုက်စစ်ဟာ ရမ်စ်ဒေးလ်ကို အလုပ်မများစေနိုင်ခဲ့ပါဘူး။ဂိုးပေးလိုက်ရနိုင်တဲ့ ကန်ချက်တစ်ခုကို ကာကွယ်နိုင်ခဲ့တာကတော့ အသင်းအတွက် တကယ်ကို အရေးပါခဲ့ပါတယ်။ ရမ်စ်ဒေးလ် clean sheet ရခဲ့တဲ့အပေါ် ပရိသတ်တွေက‌တော့ ၀မ်းသာနေကြမှာပါ။

နောက်တန်း

တိုမီယာဆု(၇/၁၀)

ဒီပွဲမှာတော့ ဂျပန်သားကြီးဟာ တိုက်စစ်ကို သိပ်မလိုက်ပါခဲ့ပဲ ခံစစ်မှာပဲ မာမာကြောကြော ဆော့ပြသွားခဲ့ပါတယ်။ဖြတ်တင်ဘောတွေနဲ့ဘောလုံးပေးပို့မှုတွေမှာ အနည်းငယ် ပြောစရာရှိ‌နိုင်ပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုကိုပြသနိုင်ခဲ့ပါတယ်။

ဘန်ဝှိက်(၆.၅/၁၀)

ကစားသမားရဲ့ ဘောလုံးကို ကိုင်ထားပြီး ပေးပို့ဖို့တုန့်ဆိုင်းနေတတ်တာက အာတီတာအတွက်တော့ အဆင်မပြေနိုင်သေးပါဘူး။၀က်စ်ဟမ်းအသင်းရဲ့တိုက်စစ်ဆင်မှာတွေကိုတော့ တားဆီးနိုင်ခဲ့ပါတယ်။

ဂါဘရီရယ်

ဒီနေ့ပွဲမှာ ဂိုးမြူးနေတဲ့ အန်တိုနီယိုဟာ ဗဟိုခံစစ် က ဘရာဇီးသားကြီးကြောင့် ခြေစွမ်းမပြနိုင်ခဲ့ပဲ နောက်ပိုင်းမှာ ညာတောင်ပံထွက်ဆော့နေခဲ့ရတာတွေ့ရပါတယ်။ကြံ့ခိုင်မှုမှာလည်းပြောစရာမရှိသလို ခံစစ်မှာကျောက်ဆောင်တစ်ခုလိုမာကျောပြခဲ့ပါတယ်။

တီယာနေး(၇/၁၀)

သူရဲ့ကန်သွင်းချက်တစ်ခုဟာဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် ဖေဘီယန်စကီးလက်စွမ်းပြခဲ့တာကြောင့် လှပတဲ့ သွင်းဂိုးတစ်ဂိုးနဲ့လွဲချော်ခဲ့ရတာ နှမြောစရာပါပဲ။တီယာနေးကြောင့် မာတင်နယ်လီ နေရာလွတ်တွေပိုရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်

သောမတ်စ်ပါတေး(၇/၁၀)

ဒီပွဲစဥ်မှာ ပါတေးကတော့ ရှာခါထက်ပိုကောင်းခဲ့တယ်လိုဆိုရမှာဖြစ်ပြီး တိကျတဲ့ပေးပို့မှုတွေ၊ခံစစ်ကို ကူညီမှုတွေနဲ့အတူ ကွင်းလယ်မှာ တာ၀န်ကျေခဲ့ပါတယ်။

ရှာခါ(၆/၁၀)

ဘောလုံးကို မြန်မြန်ဆန်ဆန်ပေးပိုဖို တုံဆိုင်းခဲ့တာတွေကြောင့် အခွင့်အရေးကောင်းတွေအချို  ဆုံးရှုးခဲ့ရတယ်လို ဆိုရပါမယ်။ဒဏ်ရာကနေပြန်လာပြီး‌ နောက် ဆွစ်ဇာလန်သားကြီးဟာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေ‌ တော့ ပြန်ရသေးပုံမပေါ်ပါဘူး။

မာတင် အိုဒီဂတ်(၇/၁၀)

‌နောက်ပိုင်းပွဲစဉ်တွေမှာဂိုးမြူးနေတဲ့ အိုဒီဂတ်ကတော့ ဒီပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ကနေ အသင်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို အသင်းဖော်တွေအတွက်လည်း အကွက်မြင်မြင်ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ရှေ့တန်း

ဘူကာယို ဆာကာ(၉/၁၀)

တိုမီယာဆုက တိုက်စစ်ကို မလိုက်ပါနိုင်ခဲ့ပေမယ့် ဆာကာက သူတစ်ယောက်တည်းနဲ့ ၀က်ဟမ်းဘယ်ခြမ်းခံစစ်ကို ပွဲချိန်တစ်ခုလုံး အလုပ်များစေခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးပုံစံတစ်ခုကို အင်္ဂလန်သားဟာ ပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

လာကာဇက် (၇.၅/၁၀) အသင်းခေါင်းဆောင်သစ် လာကာဇက် ကတော့ ရှေ့တန်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့လည်း တကယ်ကို အချိတ်အဆက်မိခဲ့ပါတယ်။အဖွင့်ဂိုးကို မာတင်နယ်လီသွင်းယူဖို့ ဖန်တီပေးနိုင်ခဲ့‌ပေမယ့် သူ့ ကြောင့်ရခဲ့တဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့ပြီး လွဲချော်ခဲ့တဲ့နောက်ပိုင်း

ဂန်းနားကပ္ပတိန်ဟာ စိတ်ဓာတ်ကျသွားပုံပေါ်ပါတယ်။ အဲ့နောက်ပိုင်း ခြေစွမ်းဆက်မပြနိုင်ခဲ့တာကတော့ နှမြောစရာပါပဲ။

မာတင်နယ်လီ(၉/၁၀)

ဒီပွဲစဉ်မှာ မာတင်နယ်လီဆီကနေ အကောင်းဆုံး အားထုတ်မှုတစ်ခုကို မြင်တွေ့ ခဲ့ရပါတယ်။ဘရာဇီးသားဟာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတတ်ပေမယ့် ဒဏ်ရာရနေချိန်မှာဖြစ်စေ၊ကွင်းထဲ ကစားနေချိန်ပဲဖြစ်ဖြစ် အသင်းအတွက် ‌အကောင်းဆုံးပေးဆပ်တတ်တဲ့သူဆိုမမှားပါဘူး။  ဒီနေ့ပွဲမှာလည်း ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ကစားခွင့်ရခဲ့တဲ့ ဘယ်တောင်ပံမှာ ထပ်မံကစားခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုးကို သပ်သပ်ရပ်ရပ်ရယူပေးခဲ့ကာ အာတီတာနဲ့ပရိသတ်တွေရဲ့ယုံကြည်မှုနဲ့ ထိုက်တန်တဲ့သူဆိုတာကိုပြနိုင်ခဲ့ပါတယ်။

လူစား၀င်ကစားသမားများ

စမစ်ရိုး(၇/၁၀)

စမစ်ရိုးမရှိရင် အိုဒီဂတ်ရှိတယ်၊အိုဒီဂတ်မရှိရင် စမစ်ရိုးရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။အိုဒီဂတ်နေရာမှာ လူစားထိုး၀င်ရောက်လာခဲ့ပြီး အနိုင်ရလဒ်သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို သေသေသပ်သပ် ကန်သွင်းယူနိုင်ပါတယ်။သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးကလည်းခြောက်ဂိုးအထိရှိလာပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဆက်လက်ရပ်တည်နေဆဲပါပဲ။

အက်ဒီအန်ကတ်တီးယား

ခြေစွမ်းပြဖို့အတွက် ကစားချိန်တိုတောင်းလွန်းတာကြောင့် ဘာမှထူးထူးခြားခြား လုပ်ပြခွင့်မရခဲ့ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: