ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မယ့် ခံစစ်ကစားသမားတွေနဲ့ပတ်သက်ပြီး ချဲလ်ဆီး ဘာတွေပြင်ဆင်ထားသလဲ

အသင်းမှာ ခံစစ်ကစားသမားတွေအများအပြား ရှိနေပေမယ့် ရာသီကုန်မှာတော့ စာချုပ်သက်တမ်းကုန်ကြတော့မှာဖြစ်ပါတယ်။ ဒီလိုစာချုပ်အခြေအနေတွေ‌အပေါ် အသင်းအနေနဲ့ တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ရာသီအစမှာတော့ ချဲလ်ဆီးအသင်းဟာ ကစားသမားတွေနဲ့ စေ့စပ်ညှိနှိင်းဖို့နဲ့ ပတ်သက်ပြီး အတော်လေးသက်တောင့်သက်တာ ရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားတွေရဲ့ စာချုပ်သက်တမ်းဟာ ၆လခန့်သာကျန်တော့ပြီး သူတို့ရဲ့ စတန်းဖိုဒ့်ဘရစ်ချ်အနာဂတ်တွေဟာ မသေမချာ ဖြစ်နေပါတယ်။

မာလန်ဆား နဲ့ ချာလိုဘတ်တို့ပဲ အသင်းနဲ့ စာချုပ်သက်တမ်းကျန်နေသေးပြီး လာမယ့်နွေရာသီမှာသာ ရူဒီဂါ၊ ဆေးလ်ဗား၊ ခရစ်စတီယန်ဆန်၊ အက်ဇ်ပလီကျူတာတို့ လူစုကို လက်လွှတ်လိုက်ရမယ်ဆိုရင် အသင်းရဲ့ခံစစ်ကြောင်းအတွက် အတော်ကို စိုးရိမ်စရာကောင်းပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလ နီးလာချိန်မှာ‌တော့ အသင်းဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ချဉ်းကပ်မှုအချို့ လုပ်လာခဲ့ပါတယ်။ ခရစ်စတီယန်ဆန်၊ သီယာဂိုဆေးလ်ဗားတို့နဲ့ စာချုပ်သက်တမ်းအသစ်အတွက် သဘောတူညီမှုရဖို့ နီးစပ်လာပြီဖြစ်တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြလာကြပါတယ်။

ပွဲစဉ်အချို့မှာ ခရစ်စတီယန်ဆန်ပါ၀င်ကစားခွင့် မရခဲ့တာဟာ စာချုပ်သစ်ကိစ္စနဲ့ အနည်းငယ်ဆက်နွယ်နေတယ်လို့ တူချယ်က ဆိုခဲ့ပါတယ် ။လက်ရှိမှာ‌တော့ ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်း တူချယ်ကပြောလာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ကစားသမားဘက်က အလိုရှိတာဟာ ကျွန်တော်နဲ့အသင်းဘက်က အလိုရှိတာနဲ့ အတူတူပဲဆိုတာ နားလည်ခဲ့ရပါတယ်။ဒါကြောင့် ဒါဟာ ဘာပြဿနာမှမရှိတဲ့ အခြေအနေတစ်ခုပါပဲ။”

“သဘောတူညီမှုရဖို့ ကျွန်တော်တို့အကြာကြီး စောင့်နေခဲ့ရပါတယ်။သူ ဘယ်လိုကစားမလဲ၊ ကွင်းပြင်ပမှာဘယ်လိုနေမလဲ၊ ဘယ်လိုပြောမလဲဆိုတာ သူ့ပေါ်ပဲ မူတည်‌ပါတော့တယ်

 “ခရစ်စတီယန်ဆန်က သူအနေနဲ့ ချဲလ်ဆီးကို ချစ်တယ်လို့ ပြောခဲ့ပြီး သူက အသင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တယ်လို့ ဆိုခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သူက ကြီးကျယ်တဲ့ အသင်းတစ်သင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လို့ပါပဲ။ကျွန်တော်ကတော့ သူဟာ အသင်းမှာ တကယ်ကို အံ၀င်တဲ့သူဖြစ်ပြီး စတန်းဖို့ဘရစ်ခ်ျမှာ သူရဲ့ကစားသမားဘ၀ကလည်း မပြီးဆုံးသေးပါဘူးလို့ထင်ပါတယ်။”

ခရစ်စတီယန်ဆန်ဟာ အသင်းရဲ့နောက်ဆုံးပွဲစဉ်တွေမှာ ပြန်လည်ပါ၀င်လာခဲ့ပြီး သတင်းတွေအရ ကစားသမားနဲ့ အသင်းကြား သဘောတူညီမှုရဖို့ အတော်လေး နီးစပ်လာပြီလို့ ဆိုပါတယ်။

အသက်၃၇နှစ်အရွယ် ဝါရင့်နောက်ခံလူ ဆေးလ်ဗားနဲ့လည်း စာချုပ်သက်တမ်းဆက်တိုးဖို့ရှိနေတယ်လိုလည်း သိရပါတယ်။။ဘရာဇီးသားကြီးဟာ အသင်းမှာ ပျော်ရွှင်နေသလို ဆက်လက်ပြီး လက်တွဲအလုပ်လုပ်ဖို့လည်း ရည်မှန်းချက်တွေရှိတာဖြစ်ပါတယ်။ ဆေးလ်ဗားနဲ့ တူချယ်အကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိပြီး ချဲလ်ဆီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့တဲ့ ဝါရင့်နောက်ခံလူဟာ အသင်းရဲ့ခံစစ်ကိုတာ၀န်ယူဖို့ အရည်အသွေးတွေအများကြီးရှိနေသေးတယ်ဆိုတာ လက်ရှိရာသီမှာ သက်သေပြနေဆဲပါပဲ။

သီယာဂိုဆေးလ်ဗားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေအပေါ် တူချယ်က စိတ်အေးလက်အေးနဲ့ပဲ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့ မေးဖို့လိုအပ်တဲ့ တစ်ခုတည်းသော မေးခွန်းကတော့ ရာသီအဆုံးထိ ကစားသမားမှာ အသင်းနဲ့အတူ အရာအားလုံးကို ယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ အဆင့်တစ်ခုရှိနေလားဆိုတာပါပဲ။ ရှိလား၊ မရှိဘူးလား၊ Yes or Noပါပဲ”

တူချယ်ရဲ့အဆိုအရ ဆေးလ်ဗားသာ လက်ရှိခြေစွမ်းကို ရာသီကုန်အထိ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် သက်တမ်းတိုးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ဘရာဇီးလ်သားကြီးရဲ့ အသက်အရွယ်အရ ခြေစွမ်းပေါ်မူတည်ပြီး တစ်နှစ်ချင်းစီပဲ စာချုပ်သက်တမ်းတိုးသွားမယ့်ပုံရှိပါတယ်။

ရူဒီဂါရဲ့ စတန်းဖိုဒ့်ဘရစ်ခ်ျအနာဂတ်ကတော့ တဖြည်းဖြည်း မထင်မရှားဖြစ်လာခဲ့ပါတယ်။ခြေစွမ်းအထူးပြနေတဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေရာသီမှာ ခေါ်ယူနိုင်မှာဖြစ်တာကြောင့် ပီအက်စ်ဂျီ၊ ဘိုင်ယန်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို ဥရောပအသင်းကြီးတွေက ချိတ်ဆက်မှုတွေပြုလုပ်နေသလို ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကလည်း ရူဒီဂါကို စိတ်၀င်စားတဲ့ အသင်းထဲ ထပ်တိုးပါ၀င်လာခဲ့ပါတယ်။ ကစားသမားနဲ့ အသင်းကြား စာချုပ်သစ်ကိစ္စ ဆွေး‌နွေးမှုတွေဟာ ကြာမြင့်နေပြီး တိုးတက်လာခြင်းမရှိသေးပါဘူး။

အသင်းရဲ့ခံစစ်အသက်သွေးကြော ဖြစ်တဲ့ ရူဒီဂါသာ ထွက်ခွာသွားခဲ့ရင် သူရဲ့နေရာမှာအစားထိုးဖို့ ချဲလ်ဆီးအနေနဲ့ အခက်အခဲတွေ့နိုင်ပါတယ်။အသင်းရဲ့သက်‌တော်ရှည်နောက်ခံလူ အက်ဇ်ပလီကျူတာနဲ့ လည်း စာချုပ်သက်တမ်းအသစ်မချုပ်ဆိုရသေးပဲ ၊ လာမယ့်နွေရာသီမှာ ရူဒီဂါအပြင် ဆေးလ်ဗားနဲ့ အက်ဇ်ပလီကျူတာ နှစ်ယောက်လုံးကို လက်လွှတ်ရနိုင်တဲ့ အနေအထားရှိပါတယ်။

လက်ရှိအချိန်မှာတော့ ဒီလစ်၊ ဂျူးလ်ကွန်ဒီတို့ကို ချဲလ်ဆီးဟာ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။သူတို့သာရောက်လာခဲ့ရင်တော့ ခံစစ်ပြဿနာအတွက် အနည်းငယ်တော့ စိတ်အေးစရာတစ်ခုဖြစ်နိုင်ပါတယ်။

တူချယ်အတွက်အကောင်းဆုံးဖြစ်နိုင်တဲ့ အဖြေတစ်ခုကတော့ ‌ငယ်ရွယ်တဲ့နောက်ခံလူတွေ အတွေ့အကြုံရလာဖို့၊ ကစားသမားအသစ်တွေ အသင်းမှာ အခြေကျဖို့ ၊ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား၊ အက်ဇ်ပလီကျူတာတို့ကို သက်တမ်းတိုးပြီး အချိန်ကာလတစ်ခုကိုဆွဲဆန့်ထားဖို့ပဲဖြစ်ပါတယ်။

တူချယ်နဲ့ အသင်းဟာ ဒီပြဿနာတွေအပေါ်ဘယ်လိုဖြေရှင်းမလဲဆိုတာ ဇန်ဝါရီအပြောင်းအရွှေ့ကာလမှာတော့ တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: