အဲဗာတန်ကစားသမားကို တကယ်ခေါ်ဖြစ်သွားမှာလား
ချဲလ်ဆီးတို့ဟာ အဲဗာတန်အသင်းရဲ့ လူးကပ်စ်ဒင်းဂ် ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ အငှားနဲ့ခေါ်ယူဖို့အသင့်ရှိနေပြီလို့ သတင်းတွေကဖော်ပြနေပါတယ်။ Fichajes ရဲ့အဆိုအရ ဇန်နဝါရီမှာပဲ ဘယ်ခြမ်းခံစစ်ကိုအားဖြည့်ဖို့ ပြင်သစ်သားကိုခေါ်ယူသွားမယ်လို့ဆိုပါတယ်။ ကစားသမားအတွက် ပေါင် ၂၂ သန်းခန့်ပေးချေရဖွယ်ရှိပြီး ချဲလ်ဆီးအနေနဲ့ ထိုပမာဏကို ပေးချေဖို့အသင့်ရှိနေတယ်လို့ လဲဆိုပါတယ်။
တပည့်ဟောင်း အူဘာမီယန်နဲ့ပတ်သတ်ပြီး စိတ်မကောင်းကြောင်း တူချယ် ထုတ်ပြော
ဒေါ့မွန်အသင်းမှာ ၂ ရာသီလက်တွဲခဲ့ဖူးတဲ့ အာဆင်နယ် ကစားသမား အူဘာမီယန်တစ်ယောက် အသင်းခေါင်းဆောင်အဖြစ်က ဖယ်ရှားခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း တူချယ်က ဆိုပါတယ်။ ကျွန်တော်သူ့ကို ဖုန်းခေါ်မှာပါ။ ဒါပေမယ့် အနှောင့်အယှက်ဖြစ်မှာလဲစိုးရိမ်မိပါတယ်။ သူက ကျွန်တော့်အတွက်အရမ်းအရေးပါခဲ့တဲ့ ကစားသမားပါ။ နောက်ပြီး ကျွန်တော်တို့အတော်ကလေးရင်းနှီးပါတယ်။ အူဘာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ အခုလိုမျိုးဖြစ်ပျက်တာတွေအပေါ် စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူရော သူ့အသင်းအပေါ်ရော လေးစားမှုထားတဲ့အတွက် မှတ်ချက်တွေတော့ ပေးမှာမဟုတ်ပါဘူး လို့ဆိုခဲ့ပါတယ်။
ဟက်ဆယ်ဘိန့်ခ်ထုတ်ပြောတဲ့ သူတွဲကစားချင်တဲ့ ချဲလ်ဆီးကစားသမား
ချဲလ်ဆီးတိုက်စစ်မှုးဟောင်းကြီး ဟက်ဆယ်ဘိန့်ခ် က လက်ရှိအသင်းမှာ သူတွဲကစားချင်တဲ့ ကစားသမားနှစ်ယောက်အကြောင်းကို Signathon Youtube နဲ့တွေ့ဆုံရာမှအခုလိုပဲပြောပြခဲ့ပါတယ်။
မေဆင်မောင့်ရယ် ရိစ်ဂျိမ်းရယ်နဲ့သာဆိုရင် ကျွန်တော်ဂိုးတွေအများကြီးပိုသွင်းနိုင်မှာအသေအချာပါပဲ။ သူတို့က သိပ်အဆင့်မြင့်တဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်ပါတယ်။ ရိစ်ဂျိမ်းမှာ သိပ်ကောင်းတဲ့ ညာခြေရှိတယ်။ သူက ပြိုင်ဖက်တွေကြားကနေ ပြေးထွက်ပြီးခင်ဗျားဆီကို ဘောလုံးတွေပို့ပေးနိုင်တယ်။ သူနဲ့သာတွဲကစားရရင် ဂိုးတွေအများကြီး ပိုရမှာပါ လို့ပြောပြခဲ့ပါတယ်။
ရူဒီဂါ တစ်ပတ် ပေါင် ၄၀၀၀၀၀ တောင်းနေတယ်ဆိုတာ မဟုတ်ကြောင်း သတင်းထောက်က ထုတ်ပြော
Bild ရဲ့ သတင်းထောက် ခရစ်ရှန်ဖော့ခ် ရဲ့အဆိုအရ ရူဒီဂါဟာ သတင်းတွေထွက်ပေါ်နေသလို တစ်ပတ် ပေါင် ၄၀၀၀၀၀ ( တစ်နှစ် ၁၉.၂ သန်း) တောင်းဆိုနေတာမဟုတ်ပဲ တစ်ပတ် ၂၅၀၀၀၀ (တစ်နှစ် ၁၂ သန်း) ထိသာတောင်းဆိုနေတာဖြစ်တယ်လို့ ဆိုလာပါတယ်။ ချဲလ်ဆီးအသင်းဖက်ကတော့ တစ်ပတ်ကိုပေါင် ၁၈၀၀၀၀ ခန့် (တစ်နှစ် ၈.၅ သန်း) ထိသာပေးချေလိုနေပြီး ညှိနှိုင်းရခက်နေတာလို့ ဆိုပါတယ်။ အဆိုပါအခြေအနေကို အသင်းတော်တော်များများကစောင့်ကြည့်နေကြပြီး ရီးရဲအသင်းကတော့အတက်ကြွဆုံးဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ လူငယ်ကို ဘာကာခေါ်ယူလို
ကိုဗင်ထရီအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ လူငယ်နောက်ခံလူ အီယန်မတ်ဆန် ကိုဘာစီလိုနာအသင်းက ခေါ်ယူဖို့ကြိုးစားဖွယ်ရှိတယ်လို့ Football Insider ကဖော်ပြလာပါတယ်။ ချဲလ်ဆီးအသင်းအတွက် မကစားပေးရသေးပေမယ့် ခြေစွမ်းကောင်းတွေပြထားတာကြောင့် နောက်တန်းဖြည့်တင်းရမယ့် ဘာကာအတွက်ရွေးချယ်စရာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီကာလအတွက် ဘယ်ကစားသမားအတွက်မှ ဆွေးနွေးမှုမရှိ
အသင်းအနေနဲ့ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့် ဇန်နဝါရီကာလအတွက် ကစားသမားခေါ်ယူဖို့ ဆွေးနွေးမှုတွေလုပ်မနေကြောင်း တူချယ်ကပြောပါတယ်။
ဘယ်ကစားသမားနဲ့မှကျွန်တော်တို့ဆွေးနွေးမှုလုပ်မနေပါဘူး ဘာကြောင့်လဲဆိုတော့ လက်ရှိကစားသမားတွေအပေါ်ယုံကြည်ချက်ရှိသလို စွမ်းဆောင်ရည်အပြည့်အဝကိုလဲ မကြာခင်ရရှိလာမှာပါ။အသင်းမှာ လူစာရင်းကတောင့်တင်းနေတယ်။ ကစားသမားတွေအကြားမှာလည်း ယုံကြည်မှုအပြည့်နဲ့ပါပဲ။ ကျွန်တော့်အသင်းက ထိန်းသိမ်းရမယ့်အသင်းပါ။ ဖြည့်တင်းဖို့မလိုသေးပါဘူး။ ဒါလက်ရှိအနေအထားပါ တူချယ်ကဆိုလိုက်တာပါ။
Leave a Reply