အဲဗာတန်နဲ့ပွဲအတွက် တူချယ်ပြင်ဆင်လာခဲ့တဲ့ လူစာရင်း

မြန်မာစံတော်ချိန် သောကြာနေ့မနက်  ၂:၁၅  မှာယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ပွဲအတွက် ဘယ်သူတွေပါ၀င်လာမလဲဆိုတာကို တူချယ်က ပြောပြလာခဲ့ပါတယ်။

ဒဏ်ရာကနေသက်သာလာပြီဖြစ်တဲ့ ကွင်းလယ်လူ ကန်တီနဲ့ ချာလိုဘတ်တို့နှစ်ဦးစလုံးဟာ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြန်လည်ပါ၀င်လာနိုင်ခဲ့ပြီးအသင်းနဲ့အတူ ထရိန်နင် နှစ်ကြိမ်ဆင်းခဲ့ပြီးပြီဖြစ်ပါတယ်။ယနေ့ည စတန်းဖိုဒ့်ဘရစ်ခ်ျမှာတော့ သူတိုနှစ်ဦးစလုံးကို ပြန်မြင်ရမှာ ဖြစ်တယ် လို့ တူချယ်ကဆိုခဲ့ပါတယ်။

ကန်တီကို အသင်းရဲ့အရံခုံတန်းမှာ ပြန်မြင်ရမှာဖြစ်ပါတယ်။လေ့ကျင့်ရေးနှစ်ကြိမ်စလုံးကို သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”

“ချာလိုဘတ်ကလည်း အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါ၀င်လာမှာပါ။ ကိုဗာဆစ်နဲ့ ချေးလ်ဝဲလ်တို့ကတော့ ပါ၀င်နိုင်ဦးမှာ မဟုတ်သေးပါဘူး” လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ တူချယ်က ဆိုပါတယ်။

ကိုဗာဆစ်အနေနဲ့ လက်ရှိသီတင်းပတ်အစောကလည်းက ပြန်လည်ပါ၀င်နိုင်ခဲ့သင့်ပေမယ့် ဒဏ်ရာကြောင့် နှစ်လကြာ အနားယူခဲ့ရသလို ကိုဗစ်ပေါ့စတစ်လည်း ဖြစ်ခဲ့တာကြောင့် ပြန်ကစားနိုင်ဖို့ ကစားသမားရဲ့ အခြေအနေ ရာနှုန်းပြည့် ကောင်းမွန်လာတဲ့အထိ စောင့်နေတာဖြစ်ပါတယ်။

ကိုဗာဆစ်မကြာခင်ပြန်ကစားနိုင်မှာ ဖြစ်သလို ကန်တီကလည်း အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါ၀င်လာမှာဖြစ်တာကြောင့် ပွဲကြပ်ကာလတွေကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြောင်း တူချယ်က ပြောခဲ့ပါတယ်။

“ခုချိန်မှာတော့ ကိုဗာဆစ်နဲ့ ချေးလ်ဝဲလ်တို့ကို ကျွန်တော်တိုဆုံးရှုံးထားရပါတယ်။ သဘက်ခါလောက်ဆိုရင် ကိုဗာဆစ်ကတော့ ပြန်လည်ပါ၀င်လာနိုင်ချေရှိပါတယ်။ကျွန်တော်တို သူ့ရဲ့အခြေအနေကို စောင့်ကြည့်ရပါဦးမယ်။ကစားသမားဟာ ဒဏ်ရာပြဿနာနဲ့ကိုဗစ်ကြောင့် ခုနစ်ပတ်၊ရှစ်‌ပတ်လောက် အနားယူနေခဲ့ရတာပါ”

“အခုဆို ကန်တီကို‌တော့ အသင်းမှာပြန်မြင်ရပါပြီ။ မကြာမီကိုဗာဆစ်ကလည်း ပြန်လည်ပါ၀င်လာနိုင်တော့မှာပါ။သူတိုနှစ်‌ယောက်စလုံးကို အသင်းအတွက် ကစားနိုင်တော့မယ်ဆိုရင် ကျွန်တော်တို့အတွက် နေ့ရက်ကောင်းလေး တစ်ခုဖြစ်မှာပါ”

အဲ‌ဗာတန်ကို ရင်ဆိုင်ဖို ချဲလ်ဆီးရဲ့ လူစာရင်း အပြည့်အစုံကတော့

ဂိုး-မန်ဒီ၊ကီပါ၊မားကပ်စ်ဘတ်တီနဲလ်

နောက်တန်း-ရိစ်ဂျိမ်၊ သီယာဂိုဆေးလ်ဗား၊ အလွန်ဆို၊ရူဒီဂါ၊ ချာလိုဘတ်၊ ခရစ်စတီယန်ဆန် ၊အက်ပလီကျူတာ၊ မာလန်ဆား

‌ကွင်းလယ် -ဂျော်ဂျင်ဟို၊ ကန်တီ၊ မေဆင်မောင့်၊ လိုတပ်စ်ချိခ်၊ ဆာအူးလ် နီဂွက်ဇ် ၊ ဘာကလေ

ရှေ့တန်း-လူကာကူ၊ တီမိုဝါနာ ၊ ဇီယက်ခ်ျ၊ ပူလီဆစ်၊ အိုဒွိင်း၊ ဟာဗက်ဇ်

ယနေ့ည ပွဲစဉ်အတွက်တော့ တူချယ်လ် မှာ နေရာစုံအတွက်ရွေးချယ်စရာ အများအပြားရှိနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: