နံနက်ခင်း ချဲလ်ဆီးမှတ်စု (15Dec-8am)

ချေးဝဲလ်ရဲ့ဒဏ်ရာမျှော်လင့်တာထက် စောပြီးသက်သာလာ

ဘန့်ချေးဝဲလ်ရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက်ပိုပြီး လျှင်မြန်စွာသက်သာလာတယ်လို့  Goal   ရဲ့  သတင်းထောက်  နစ်ဇာကင်ဆီလာ က ရေးသားလာပါတယ်။  သူက   ‘’ ချေးဝဲလ်ဟာ တဆင့်ခြင်းစီပြန်လည်သက်သာလာနေပြီး အပေါ့စားလေ့ကျင့်ခန်းလေးတွေတောင် မြက်ခင်းပြင်ပေါ်မှာ စပြီးလုပ်နိုင်နေပါပြီ။ ဒါဟာ ဇန်နဝါရီလလယ်လောက်မှာမှ ဖြစ်နိုင်မယ်လို့ မှန်းထားတဲ့အခြေအနေပါ   လို့ဆိုလာခဲ့ပါတယ်။  ဒါ့အပြင်ကန်တေနဲ့ ချာလိုဘာတို့ကလဲ အသင်းလိုက်လေ့ကျင့်ခန်းတွေအပြင် ၊  ကြံ့ခိုင်မှုဆိုင်ရာလေ့ကျင်ခန်းတွေကိုပါ သီးသန့် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗာဆစ်ဟာ အသင်းတိုက်စစ်ကိုပါပြောင်းလဲစေမှာပါ

Carefree Chelsea ရဲ့  အယ်ဒီတာဖြစ်သူ စကော့ကလေတန်က  ကိုဗာဆစ်ပြန်ကစားနိုင်ချိန်ဟာ လူကာကူ ပါခြေစွမ်းမှန်သွားမယ့်အချိန်ဆိုပြီး သုံးသပ်ပြောဆိုလာပါတယ်။ သူက   ကိုဗာဆစ်ပြန်ကစားနိုင်ဖို့က အတော်အရေးကြီးတယ်ဗျ .. နောက်ပြီး ချာလိုဘာလဲပြန်ကစားနိုင်တော့မယ်ထင်တယ်။ သူကဒီရာသီမှာသိပ်ကောင်းနေပါတယ်။  ကိုဗာဆစ်ကတော့ ကျွန်တော်မျှော်နေတဲ့သူပဲ။  တစ်ခါတစ်လေမှာ သူ့ကိုချီးကျူးဖို့ ကျွန်တော်တို့မေ့နေကြပါတယ်..သူပြန်ကစားချိန်မှာ တိုက်စစ်လမ်းကြောင်းပါအဆင်ပြေသွားပါလိမ့်မယ်  လို့ပြောသွားခဲ့ပါတယ်။

ကစားသမားဟောင်းကိုပြန်လည်ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ချဲလ်ဆီး

ပြန်လည်ခေါ်ယူခွင့်နဲ့ ဆက်ဆူအိုလိုထံကိုရောင်းချထားခဲ့တဲ့ တိုက်စစ်မှုး ဂျရီမီးဘိုဂါ ကို ချဲလ်ဆီးတို့ဟာပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့  Goal  ကဖော်ပြလာပါတယ်။  ဆက်ဆူအိုလို ဟာ အဆိုပါကစားသမားကို ၂၅ သန်းခန့်အလိုရှိနေပြီး အတ္တလန္တာဖက်က ပေါင် ၂၂ သန်းနဲ့ကမ်းလှမ်းလာတာကိုလဲ ပယ်ချထားခဲ့ပါတယ်။

ချန်ပီယံက ချဲလ်ဆီးပါ

ဂိုးသမားဟောင်းဒေးဗစ်ဂျိမ်းက ပရီးမီးယားလိဂ်ချန်ပီယံဆုဟာ ချဲလ်ဆီးအတွက်ဖြစ်ကြောင်း အခုလိုပြောခဲ့ပါတယ်။

ဒီထင်မြင်ချက်က အခြားသူတွေရဲ့ ခန့်မှန်းချက်နဲ့စာရင်တော့ ငြင်းစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ချဲလ်ဆီးကို အနိုင်ကစားနိုင်တဲ့ ဘယ်အသင်းမဆို ချန်ပီယံဖြစ်နိုင်ပါတယ်လို့ ကျွန်တော်ကတော့ ဆိုချင်ပါတယ် ..  ရာသီဝက်မှာသူတို့အခြေအနေကောင်းချင်မှကောင်းမှာပါ။ လက်ရှိရာသီက တော်တော်ကြပ်ပြီး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချန်ပီယံဖြစ်လာမယ့်အသင်းဟာ ချဲလ်ဆီးပဲလို့ ထင်တယ်  လို့ပြောခဲ့တာပါ။

ဒန်ဂျူးမားကို စောင့်ကြည့်နေတဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ခြေစွမ်းပြနေတဲ့  ဗီလာရီးရဲလ်တောင်ပံကစားသမား ဒန်ဂျုးမား ကိုလီဗာပူးလ်နဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့   Fichajes ကဖော်ပြလာပါတယ်။ ယခုရာသီကမှ  ဘုန်းမောက်အသင်းကနေ စပိန်ဖက်ကိုရောက်လာတဲ့ကစားသမားဖြစ်ပြီး အသင်းသစ်မှာခြေစွမ်းပြနေတာကြောင့်အခုလို အသင်းကြီးတွေရဲ့ အာရုကို ခပ်မြန်မြန်ဖမ်းစားနိုင်တာဖြစ်ပါတယ်။  ဒီရာသီ ၁၈ ပွဲကစားပြီး ၉ ဂိုးသွင်းထားတဲ့တိုက်စစ်မှုးကို ချဲလ်ဆီးအနေနဲ့ သန်း ၆၀ ခန့်သုံးစွဲရဖွယ်ရှိတယ်လို့ သိရပါတယ်။

‌‌ဂေးမား နဲ့ ဂယ်လက်ဂါ ကို ပြန်‌ခေါ်ဦးမှာမဟုတ်

အသင်းရဲ့ ကွင်းလယ်လူအခက်အခဲကြောင့်  ဘီလီဂေးမား နဲ့ ဂယ်လက်ဂါတို့ကို ပြန်ခေါ်ယူသွားမယ်လို့ သတင်းထွက်နေပေမယ့်  စာချုပ်ပါအချက်အလက်တွေကြောင့်  လက်တွေ့ဖြစ်လာမှာမဟုတ်ဘူးလို့     The Athletic ကရေးသားဖော်ပြသွားပါတယ်။ စာချုပ်မှာပါဝင်တဲ့အချက်တစ်ခုအရ ကစားသမားများဟာ ပြိုင်ပွဲစုံရဲ့  ၅၀ရာခိုင်နှုန်း အထိပါဝင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ ကစားသမား ၂ ဦးစလုံးကတော့ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းပြကစားနေကြတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: