လီဗာပူးလ်မှာ ဆာလက်ရှိရင် ချဲလ်ဆီးမှာ ရူဒီဂါ ရှိတယ်

နာမည်ကျော် ဒေးလီးမေးလ်ရဲ့ ဆောင်းပါးရှင်တစ်‌ယောက်ကတော့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ပေးတဲ့နေရာမှာ ရူဒီဂါကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မယ် လို့ဆိုလာခဲ့ပါတယ်။

ရူဒီဂါဟာ ကိုယ့်အသင်းရဲ့ဂိုးဧရိယာထဲမှာ အာရုံစူးစိုက်မှုအပြည့်၊လျင်လျင်မြန်မြန်ကစားပြီး ပြိုင်ဘက် တိုက်စစ်ကစားသမားတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။ အသင်းအတွက် လိုအပ်လာတဲ့အခါလည်း  ရှေ့တက်ကစားပြီး ဂိုးသွင်းယူနိုင်သလို ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံရဖို စောင့်နေတတ်သူဖြစ်တယ် လို့ ရေးသားထားခဲ့ပါတယ်။

ခြင်္သေ့ပြာတွေရဲ့ချိုမြန်တဲ့ ဥရောပချန်ပီယံလိဂ်အောင်ပွဲမှာ ရူဒီဂါဟာ အသင်းကို အကောင်းဆုံး ကူညီပေးခဲ့သလို လက်ရှိအချိန်မှာလည်း အသင်းရဲ့ ခံစစ်အတွက် မရှိမဖြစ်အသက်သွေးကြောတစ်ခုဆိုလည်း မမှားပါဘူး။အသင်းဟာ ခံစစ်စွမ်းဆောင်ရည်ကို အလေးပေးတဲ့ အသင်းဖြစ်တာကြောင့် ရူဒီဂါရဲ့ အခန်းကဏ္ဍကလည်း အသင်းမှာ အရေးကြီးတာဖြစ်ပါတယ်။ ရူဒီဂါဟာ ခံစစ်မှာသာမက လိုအပ်လာရင် တိုက်စစ်ကို လိုက်ပါပြီး အသင်းအနိုင်ရဖို့ အခွင့်‌အရေးတွေလည်း ဖန်တီးပေးတတ်သူဖြစ်ပြီး စနေနေ့က လိဒ်စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ချဲလ်ဆီးရခဲ့တဲ့ ပင်နယ်တီ နှစ်ကြိမ်ဟာ ရူဒီဂါဆီကနေ ဖြစ်ပါတယ်။ဒီပင်နယ်တီ ပြစ်ဒဏ်‌ဘောတွေကိုတော့ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး အသင်းအတွက်လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

Advertisements

ကောင်းပြီလေ၊ ငါတော့ ရှေ့တက်ကစားတော့မယ်”လို့ တွေးခဲ့ကြောင်း ပွဲအပြီးမှာတော့ ရူဒီဂါက ပြန်ပြောပြလာခဲ့ပါတယ်။ “ကျွန်တော့်မှာ ဘာမှဆုံးရှုံးစရာမရှိတော့ဘူး။ဂိုးဧရိယာထဲမှာ ကျွန်တော့်ကို လာထိတာ ခံစားလိုက်ရတယ်။သူတို့က အရင်ဆုံး ကျွန်တော့် ခြေထောက်ကို ထိတယ်၊ပြီးတော့မှ ဘောလုံးကို ထိတယ်။ ကျွန်‌တော့်အတွက်တော့ ပင်နယ်တီနှစ်လုံးပေါ့။ ဒါကို ဒိုင်လူကြီးက ပြန်ပြီး စစ်ဆေးခဲ့တယ်၊ VARဆိုတာ ဒါ့အတွက်ပဲမလား”

လီဗာပူးလ်နဲ့ မန်စီးတီးတို့က အနိုင်ရခဲ့အတွက် ကျွန်တော်တို့လည်း မဖြစ်မနေအနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ထပ်ပြီးခြေချော်လို့မရတော့ဘူး။နောက်ဆုံးကစားခဲ့တဲ့ သီတင်းပတ်တွေမှာ  ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေကို ဂိုးတွေအသားလွတ်ပေးပစ်နေခဲ့သလိုပါပဲ။ဒါကို ကျွန်‌တော်တို့ ရပ်တန့်ဖို့ လိုပါပြီ၊ကျွန်‌တော်တို့ ခွင့်ပြုခဲ့ရတဲ့ဂိုးတွေတော်တော်များနေပါပြီ”လို့ ရူဒီဂါက ဆိုခဲ့ပါတယ်။

လိဒ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အဓိကကျခဲ့တာက ရူဒီဂါဖြစ်ပြီး နောက်ခံလူတစ်ဦးက  တစ်ပွဲတည်းမှာ အသင်းအတွက်  ပင်နယ်တီနှစ်ကြိမ်ရယူပေးနိုင်တယ်ဆိုတာ အတော်လေး မြင်ရခဲသလို ရူဒီဂါရဲ့ ကြိုးစားအားထုတ်မှုကလည်း မချီးကျူးပဲနေလိုမရပါဘူး။

ဒါကြောင့် ရူဒီဂါကို တစ်နှစ်တာ‌အကောင်းဆုံးသမားတစ်ယောက်အဖြစ် ထည့်သွင်းစဉ်းစားပေးရမယ်လို့ ဆိုလာတာဖြစ်ပါတယ်။ရူဒီဂါရဲ့ စတန်းဖိုဒ်ဘရစ်ချ်အနာဂတ်ဟာ မသေမချာဖြစ်နေပြီး ဥရောပထိပ်တန်းအသင်းတွေနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် ရူဒီဂါရဲ့ ကွင်းအတွင်းခြေစွမ်းကိုတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

ပရီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်မှာ ဆာလက်၊မန်စီးတီးမှာ ဘီနာဒိုဆေးလ်ဗား ရှိတယ်ဆိုရင် ချဲလ်ဆီးမှာလည်း ရူဒီဂါရှိတယ်လို ဆိုရမှာဖြစ်ပါတယ်။လာမယ့်နွေရာသီမှာ ဂျာမနီသားကြီးကို ဆုံးရှုးရမယ်ဆိုရင်တော့ အသင်းအတွက် လွမ်းစရာတစ်ခုဖြစ်နေပါဦးမယ်။

လီဗာပူးလ်မှာ ဗန်ဒိုက်လုပ်ပြခဲ့သလိုမျိုး ချဲလ်ဆီးမှာ ရူဒီဂါ လုပ်ပြနိုင်ဦးမလား၊ အိပ်မက်ဆန်ဆန် နဲ့ Balloon d’or ဆုရဲ့ လက်တစ်ကမ်းကို ရောက်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

Ref – Matt Barlow for the Daily Mail

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: