ခရစ္စတယ်ပဲလေ့စ်မှာ အလင်းလက်ဆုံးတောက်ပနေတဲ့ ချဲလ်ဆီး ကြယ်ပွင့်

ခရစ္စတယ်ပဲလေ့စ်အသင်းကို အငှားသွားရောက်ကစားနေတဲ့ ကော်နာဂယ်လယ်ဂါဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိ ပရီးမီးယားလိဂ်သွင်းဂိုး ခြောက်ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ပဲလေ့စ်အသင်းရဲ့မန်နေဂျာဖြစ်သူ ဗီအဲရာက‌တော့ ကော်နာ ဂယ်လယ်ဂါဟာ “နှိမ့်ချတတ်တဲ့သူ”လို့ အဲဗာတန်ကို ၃-၁ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက် ချီးကျူးသွားခဲ့ပါတယ်

သူဟာ ပွဲချိန် ၄၁မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို နာကျင်အချိန်ပိုမှာလည်း ၂၅ကိုက်အကွာကနေ အဝေးကန်ချက်နဲ့ သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲမှာတော့ ဂယ်လယ်ဂါက အဓိကကျခဲ့သူဖြစ်ပြီး သူရဲ့ခြေစွမ်းပြမှုနဲ့အတူ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ သုံးပွဲဆက်ရှုံးနိမ့်မှုကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။

ဗီအဲရာက‌တော့ ” အံ့အားသင့်စရာတော့မရှိပါဘူး။ ဂယ်လယ်ဂါဟာ သူကိုယ်သူ့ အမြဲတိုးတက်‌ နေအောင် ကြိုးစားတဲ့ကစားသမားတစ်ဦးဖြစ်တယ်။ နှိမ့်ချနေတတ်ပြီး အလုပ်လည်းကြိုးစားသလို သူ့အတွက် စိန်ခေါ်မှုက သူရောက်လိုတဲ့ အဆင့်တစ်ခုကိုရောက်ဖို့ ဒီလိုမျိုးဆက်ပြီး ကြိုးစားနေဖို့ ၊ ဒီခြေစွမ်းကို ဆက်ထိန်းထားဖို့ပဲဖြစ်ပါတယ်။”

“ဒီနေ့ပွဲမှာတော့ သူဟာ တကယ်ကိုကောင်းမွန်ခဲ့ပြီး အသင်းသာ ဒီလိုမျိုးခြေစွမ်းနဲ့ အမြဲကစားနိုင်မယ်ဆိုရင် ဂယ်လယ်ဂါကော အခြားကစားသမားတွေပါ သူ့တိုရဲ့ခြေစွမ်းကို သက်သေပြနိုင်မှာ ဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ဂယ်လယ်ဂါရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ခြောက်ဂိုးအထိရှိခဲ့ပြီဖြစ်ပြီး ရာသီကုန်မှာ ဘယ်နှစ်ဂိုးအထိသွင်းယူရမယ်ဆိုပြီး ပစ်မှတ်တစ်ခုသတ်မှတ်ပေးမလားဆိုတာကိုတော့ ဗီအဲရာက ငြင်းပယ်သွားခဲ့ပါတယ်။

“ဒီလိုမျိုး  ဂိုးအရေအတွက်တစ်ခုသတ်မှတ်ပေးရမလား၊မပေးရဘူးဆိုတာကို ကျွန်‌တော်မသိပါဘူး။ဒါပေမယ့် အသင်းဂိုးရဖို့အတွက် ဂယ်လယ်ဂါရဲ့ဖန်တီးပုံတွေ၊အသင်းက ကစားသမားတွေရဲ့ ဖန်တီးပုံတွေကို ခင်ဗျားတို့တွေ့နိုင်တာပဲ။ဂယ်လယ်ဂါဟာ ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေး၀င်လာပြီး အဆုံးသတ်နိုင်တဲ့အရည်အချင်းရှိတဲ့သူပါ

ကျွန်တော်တို့ သူ့ကို စိန်ခေါ်မှုတွေပေးပြီး အလုပ်အတူတူလုပ်ရမယ်၊ပိုပြီးတိုးတက်အောင်အတူ ကြိုးစားရပါမယ်။ သူမှာလည်း ဂိုးသွင်းဖွင့်ရှိသလို အခြားသော ကစားသမားတွေလည်း ဂိုးသွင်းဖို့ အခွင့်အရေးရလာတဲ့အခါ သွင်းယူနိုင်ပါတယ်။”

“ဒီနိုင်ပွဲကို ကျွန်‌တော်တို့ တကယ်ကို လိုအပ်ခဲ့ပြီး အနိုင်ရခဲ့တဲ့အတွက်ပျော်ရွှင်မိပါတယ်’’ လို့ ဗီအဲရာက ဆိုခဲ့ပါတယ်။

ဂယ်လယ်ဂါရဲ့ ခြေစွမ်းအပေါ် ဗီအဲရာနဲ့ ပဲ့လေ့စ်ပရိသတ်တွေသာမက ချဲလ်ဆီးပရိသတ်တွေကလည်း သဘောကျ နှစ်သက်နေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: