နံနက်ခင်း ချဲလ်ဆီးမှတ်စု (14Dec-9am)

မာဆေးကွင်းလယ်လူကို ခေါ်စေချင်နေတဲ့ပရိတ်သတ်တွေ

ရာသီကုန်ရင်  မာဆေးအသင်းကနေ ထွက်ခွာတော့မှာဖြစ်တဲ့ ဘူဘက်ကာ ကာမာရာ ကို ပရိတ်သတ်တွေက အသင်းဆီခေါ်ယူချင်နေတယ်လို့  Football London  က The Athletic  ကို  ကိုးကားပြီးဖော်ပြလာပါတယ်။  အသက် ၂၂ ရှိပြီဖြစ်တဲ့ ကာမာရာကို အသင်းကြီးတွေက စောင့်ကြည့်နေကြတယ်လို့ ဖော်ပြထားပြီး ၊ ချဲလ်ဆီးအတွက်တော့ အားနဲနေတဲ့ကွင်းလယ်အတွက် ကန်တေ နေရာကစားနိုင်သူအဖြစ် ညွန်းဆိုနေကြပါတယ်။

ဘရိုဂျာကို အပြီးခေါ်ချင်နေတဲ့ စိန့်

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ စိန့်တို့ဟာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေး အာမန်ဒိုဘရိုဂျာကို ရာသီကုန်မှာ အငှားကနေ အပြီးသတ်ခေါ်ယူဖို့ကြိုးစားမယ်လို့ ဆိုလာပါတယ်။ ဘရိုဂျာဟာ ရာသီအစတုန်းက ဆောက်သမ်တန်အသင်းကနေ  ဗီလာအသင်းကိုပြောင်းရွှေ့သွားတဲ့  ဒန်နီအင့်ဂ်  နေရာအစားထိုးဖို့အငှားခေါ်ယူခဲ့တာဖြစ်ပြီး ၊ စိန့်တို့အတွက်  ၅ ဂိုးသွင်းယူ‌ပေးထားနိုင်သူဖြစ်ပါတယ်။

Advertisements

အက်စ်ပီလီကွယ်တာ သိပ်ကစားရတာ ဒဏ်ရာတွေကြောင့်ပါ

အသင်းခေါင်းဆောင် အက်စ်ပီလီကွယ်တာ ဟာ  ကြံ့ခိုင်မှုအခြေအနေတွေကြောင့် ပွဲထွက်စာရင်းကနေ မကြာခနချန်လှပ်ခဲ့ရတာဖြစ်တယ်လို့   Goal က ဖော်ပြလာပါတယ်။ ဂျူဗီကို ၄-၀ နဲ့နိုင်တဲ့ပွဲမှာလည်း သူက ၁၉ မိနစ်သာဝင်ကစားနိုင်ခဲ့ပါတယ်။ ကွယ်တာ ဟာ မနှစ်ကရာသီတုန်းက ၃ ကြိမ်သာအရံခုံထိုင်ခဲ့ရသူဖြစ်ပေမယ် အခုရာသီမှာတော့ အရံကစားသမားအဖြစ်သာ အသင်းအတွက် အားဖြည့်ပေးနိုင်တဲ့အနေအထားရှိနေပါတယ်။ အသက် ၃၂ နှစ်အရွယ် စပိန်သားရဲ့ စာချုပ်ကလဲ ရာသီကုန်ရင် ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းမှာဆက်ရှိမလားဆိုတာကတော့ မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။

ရိုမာနိုပြောလာတဲ့ ရူဒီဂါ အပြောင်းအရွှေ့

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ  ဖေဘရီဇီယို ရိုမာနိုက   ရီးရဲတို့ဟာ ရူဒီဂါ ကိုအလွတ်နဲ့ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့  ဆိုလာပါတယ်။ ရူဒီဂါနဲ့ ချဲလ်ဆီးတို့ရာစာချုပ်သတင်းဟာ လပေါင်းများစွာထိပ်တန်းသတင်းအဖြစ်‌ရှိနေခဲ့ပေမယ့် အခုအချိန်ထိရှေ့မဆက်နိုင်သေးတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ကစားသမားကိုခေါ်ယူလိုပေမယ့် လစာကိုပေးချေဖို့အဆင်မပြေသလို ၊ တော်တင်ဟမ်တို့ကလည်း သတင်းထွက်နေသလို ရူဒီဂါကိုခေါ်ယူဖို့ကြိုးစားနေတာ မဟုတ်ကြောင်း ရိုမာနိုက ဆိုပါတယ်။

လူကာကူနေရာ အင်တာတို့ ကောင်းမွန်စွာ အစားထိုးနိုင်ခဲ့

ဝက်စ်ဟမ်းတိုက်စစ်မှုးဟောင်းဒီကာနီယိုက အင်တာမီလန်အသင်းဟာ ချဲလ်ဆီးကိုပြောင်းရွှေ့လာတဲ့ လူကာကူရဲ့နေရာကို ကောင်းမွန်စွာဖြည့်တင်းပြီးအသင်းကို ဟန်ချက်မပျက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူက   Sky Italia နဲ့တွေ့ဆုံရာမှာ “ အီဒင်ဂျက်ကို က ၃၅ နှစ်ရှိပေမယ့်  သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အသင်းဖော်တွေအတွက် ယူဆောင်လာနိုင်တုန်းပါပဲ။  လော်တာရိုကလည်း လူကာကူနဲ့အတွဲပျက်သွာချိန်မှာ ဆက်လက်ပြီးတိုးတက်နေခဲ့ပါတယ်။ အခြားသောကစားသမားတွေနဲ့လည်းအသင်းက ဟန်ချက်ညီနေဆဲမို့ ပိုတောင်တိုးတက်လာတယ် ဆိုလို့ရပါတယ် ဆိုပြီးပြောသွားခဲ့တာပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: