ဝါရင့် အင်္ဂလန်ဂိုးသမားကြီး ဒေးဗစ်ဂျိမ်းကတော့ ၂၀၂၁-၂၂ပရီးမီးယားလိဂ်ရာသီအကုန်မှာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံအဖြစ် ထင်ကြေးအပေးခံရဆုံး အသင်းတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်တို့ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်လာမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ အမှတ်ပေးဇယားထိပ်ဆုံး နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းနဲ့ နှစ်မှတ်အကွာ၊ လီဗာပူးအသင်းရဲ့အောက် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်တို့ အနိုင်ရ ခဲ့သလို ချဲလ်ဆီးအသင်းကလည်း လိဒ်စ်ကို ဂျော်ဂျင်ဟိုရဲ့ အချိန်ပိုမှာရခဲ့တဲ့ နောက်ကျပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီး မန်စီးတီး၊လီဗာပူးလ်တို့နဲ့အပြိုင် ချန်ပီယံပြေးလမ်းကြောင်းမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။
စနေနေ့က အင်တာဗျူးလ်တစ်ခုမှာတော့ ဒေးဗစ်ဂျိမ်းက
“ဒီနေ့ပွဲမှာ ချဲလ်ဆီးအနိုင်ရခဲ့တာ ကျွန်တော် ၀မ်းသာမိပါတယ်။ဘာလိုလဲဆိုတော့ ကျွန်တော့်အတွက် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ့်အသင်းက သူတို့ပါပဲ။ဒါက အခြားသူတွေရဲ့ ခန့်မှန်းချက်နဲ့စာရင်တော့ ငြင်းခုန်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ချဲလ်ဆီးကို အလဲထိုးနိုင်တဲ့ ဘယ်အသင်းမဆို ချန်ပီယံဖြစ်နိုင်ပါတယ်လို့ ကျွန်တော်ကတော့ ဆိုချင်ပါတယ်”
“လာမယ့် ခရစ်စမတ်မှာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ သူတို့ရှိနေမယ်လို့ ခန့်မှန်းတာမဟုတ်ပါဘူး။လက်ရှိမှာ ချဲလ်ဆီးထက်စာရင် လီဗာပူးလ်၊မန်စီးတီးတို့က ပွဲချောင်နေကြပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ အသင်းတိုင်းက အမှတ်တစ်မှတ်ရဖို့ ရုန်းကန်နေရတာပဲ။ပြီးခဲ့တဲ့သီတင်းပတ်မှာဆို မန်စီးတီးနဲ့လီဗာပူးလ်တို့ ခက်ခက်ခဲခဲနဲ့ သူတိုရဲ့ပြိုင်ဘက်တွေ အနိုင်ရခဲ့တာဖြစ်ပါတယ်။”
“လက်ရှိရာသီက တကယ်ကို ခက်ခဲပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ ချန်ပီယံဖြစ်လာမယ့်အသင်းဟာ ချဲလ်ဆီးပဲလို့ ထင်တယ်။သူတို့ကစားတဲ့ပုံစံ အနိုင်ရဖို့ အတူကြိုးစားကြတာမျိုး၊စိတ်ပိုင်းဖြတ်ထားတဲ့ ပုံစံမျိုး လီဗာပူးလ်အသင်းသာ ဆော့နိုင်ရင်လည်း ချန်ပီယံဖြစ်ဖို အတော်လေးနီးစပ်မှာပါပဲ” လို့ ပြောခဲ့ပါတယ်။
ဒေးဗစ်ဂျိမ်းဟာ ချဲလ်ဆီးအသင်းရဲ့ အနိုင်ရဖို့ စိတ်အားပြင်းပျပုံ၊အသင်းလိုက်ကြိုးစားပုံတွေပေါ်မူတည်ပြီး ဗိုလ်စွဲမယ့်အသင်းလို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ ပင်နယ်တီ ဟီးရိုး ဂျော်ဂျင်ဟိုကလည်း လိဒ်စ်နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်မှာ နောက်ကျပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရတာကြောင့် ၀က်စ်ဟမ်းနဲ့ပွဲစဉ်က အရှုံးရလဒ်ကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး အသင်းဟာ တိုက်ပွဲ၀င်စိတ်ကို ပြသနိုင်ခဲ့တယ်လို ခံစားမိကြောင်း ဆိုခဲ့ပါတယ်။
“ဒီထက်ပိုပြီး ကျွန်တော်တို့ပေးဆပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ကျွန်တော့်အထင် ဒီထက်ပိုပြီး ၁၀ရာခိုင်နှုန်းလောက် ပိုကြိုးစားနိုင်ခဲ့ရင် အခြားဘာမှသက်သေပြစရာမလိုတော့ပါဘူး။”
“ဒီနေ့ပွဲမှာတော့ ဒီလိုအနေအထားမရှိခဲ့ပါဘူး။ကျွန်တော်တို့ဟာ အမြဲတမ်းတိုးတက်နေအောင် ကြိုးစားဖိုလိုအပ်ပါတယ်။ဒါပေမယ့် ဒီနေ့ပွဲမှာ အနိုင်ရဖို့ လိုအပ်ခဲ့ပြီး တကယ်လည်းအနိုင်ရခဲ့ပါတယ်”
ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမယ်လို ထင်ကြေးပေးခံနေရတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးက မန်စီးတီး၊လီဗာပူးလ်တို့ ရဲ့နောက်မှာ တတိယရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေဝာာဖြစ်ပါတယ်။
Leave a Reply