အာဆင်နယ်နဲ့၀က်စ်ဟမ်းတို့ ရဲ့လန်ဒန်ဒါဘီပွဲစဉ်မှ စိတ်၀င်စားဖွယ်အချက်များ

မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက်(၂:၁၅) အချိန်မှာတော့ အာဆင်နယ်နဲ့၀က်စ်ဟမ်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ရှိနေပါတယ်။နှစ်သင်းစလုံးဟာ ဥရောပ၀င်ခွင့်‌တစ်နေရာအတွက် ယှဉ်ပြိုင်နေကြတဲ့အသင်းတွေဖြစ်တဲ့အပြင် မြိုခံပြိုင်ဘက်တွေလည်း ဖြစ်တာကြောင့် လုံး၀ အကြိတ်အနယ်ရှိမယ့်ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။

ဒီလန်ဒန်ဒါဘီ ပွဲစဉ်ကနေ စိတ်၀င်စားစရာကောင်းတဲ့ အချက်တွေကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။

  • ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ခြောက်ကြိမ်မှာ‌တော့ အာဆင်နယ်က လေးကြိမ်အနိုင်ရထားပြီး တစ်ပွဲ‌သရေကျထားကာ ၀က်စ်ဟမ်းအသင်းကတော့ တစ်ကြိမ်ပဲ အနိုင်ရထားပါတယ်။အာဆင်နယ်အနိုင်ရခဲ့ လေးကြိမ်စလုံးဟာ အိမ်ကွင်းအမ်းမရိတ်မှာ ဖြစ်ပါတယ်။
  • ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲမှာ  အာဆင်နယ်အသင်းက သုံးပွဲနိုင်၊သုံးပွဲရှုံးနိမ့်ထားပြီး ၀က်စ်ဟမ်းကတော့ နှစ်ပွဲနိုင် နှစ်ပွဲသရေ နှစ်ပွဲ ရှုံးနိမ့်ထားပါတယ်။နှစ်သင်းစလုံးဟာ လတ်တလောမှာ ရလဒ်ကောင်းတွေရယူဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
  • အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ယူပြီး ဂွတ်ဒီဆင်ပါ့ခ် ရှုံးပွဲကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။
  • ၀က်စ်ဟမ်းကတော့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဘန်လေနဲ့သရေကျခဲ့ပြီး အဝေးကွင်းနောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
  • အာဆင်နယ်ဟာအိမ်ကွင်းပွဲစဉ်တွေမှာ ပြိုင်ပွဲစုံ ကိုးပွဲဆက် ရှုံးပွဲမရှိသေးပဲ နောက်ဆုံးအိမ်ကွင်းပွဲစဉ် ငါးပွဲစလုံးကို အနိုင်ရထားပါတယ်။
  • ၀က်စ်ဟမ်းအသင်းကတော့ပြိုင်ပွဲစုံမှာ အဝေးကွင်း နောက်ဆုံးပွဲစဉ်၁၅ပွဲမှာ ၁၃ပွဲအထိ ရှုံးနိမ့်ထားခဲ့ခြင်း မရှိပါဘူး။ တစ်ပွဲပျမ်းမျှပေးဂိုးကလည်း ၀.၇၅ ဂိုး သာခွင့်ပြုထားခဲ့ရပါတယ်။
  • လက်ရှိရာသီ လန်ဒန်ဒါဘီပွဲစဉ်တွေမှာတော့ အာဆင်နယ်ဟာ စပါးကိုအနိုင်ရခဲ့ပေမယ့်  ချဲလ်ဆီးကိုတော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ မြိုခံပြိုင်ဘက်တွေဖြစ်တဲ့ စပါးရော ချဲလ်ဆီးကိုပါ အနိုင်ယူထားခဲ့ပြီး မန်စီးတီးကို ရှုံးနိမ့်ခဲ့တာလွဲလို့ အသင်းကြီးတွေနဲ့တွေ့ဆုံတိုင်းမှာလည်း ရလဒ်ကောင်းတစ်ခုပိုင်ဆိုင်ထားပါတယ်။
  • ၀က်စ်ဟမ်းမန်နေဂျာ ဒေးဗစ်မိုရက်စ်ဟာ အာဆင်နယ်ကို မန်နေဂျာဘ၀နဲ့ ရင်ဆိုင်ခဲ့တဲ့ အဝေးကွင်း ၁၇ပွဲမှာ တစ်ပွဲမှ အနိုင်မရဖူးသေးပါဘူး။
  • အူဘာမီယန်းကို အသင်းခေါင်း‌ဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့ပြီးနောက် ၀က်စ်ဟမ်းနဲ့ပွဲစဉ်မှာတော့ အာဆင်နယ်ရဲ့ ကပ္ပတိန်အသစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
  • အာဆင်နယ်ဟာ ဒီပွဲကို အနိုင်ရခဲ့ရင် ၀က်စ်ဟမ်း အသင်းရပ်တည်နေတဲ့ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို လုယူနိုင်မှာဖြစ်ပါတယ်။
  • ဒီပွဲစဉ်ကို ကိုင်တွယ်မယ့် ဒိုင်လူကြီးကတော့ အာဆင်နယ်ပရိသတ်‌တွေသဘောမကျတဲ့အန်တိုနီတေလာဖြစ်ပါတယ်။

ဒီပွဲစဉ်ကို လွဲချော်မယ့် ကစားသမားတွေကတော့

အာဆင်နယ်-အူဘာမီယန်း၊ လီနို၊ ကိုလာစီနက်

၀က်စ်ဟမ်း-အော့ဘွန်နာ၊ ဖရက်ဒရစ်၊ ဇူးမား၊ ဂျွန်ဆင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: