စပါးအသင်းလဲပါဝင်လာတဲ့ ခရစ္စတန်ဆန် ကိုစောင့်ကြည့်နေကြသူစာရင်း
Daily Star ရဲ့ဖော်ပြချက်အရ မြို့ခံပြိုင်ဖက်စပါးအသင်းကလည်း နောက်ခံလူ ခရစ္စတန်ဆန်ကို ကမ်လှမ်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်နောက်ခံလူနဲ့ အသင်းရဲ့ စာချုပ်ကိစ္စဟာ အတော်လေးကြာမြင့်နေပြီဖြစ်ပြီး အခြားအသင်းအတော်များများကလည်း စောင့်ကြည့်နေကြတာပါ။ စပါးအသင်းကတော့ ခေါ်ယူချင်တယ်လို့ အသံထွက်လာတဲ့နောက်ဆုံးအသင်းဖြစ်ပါတယ်။
တီမိုဝါနာက မန်ယူပစ်မှတ်ထဲပါဝင်နေ
Four Four Two သတင်းဌာနရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူဖို့လျာထားတဲ့တိုက်စစ်မှုး လေးယောက်ထဲမှာ ချဲလ်ဆီးရဲ့ တီမိုဝါနာလဲပါဝင်နေသလို ၊ ချဲလ်ဆီးကလိုချင်နေတဲ့ ဟာလန်းလဲပါဝင်နေပါတယ်။ ယူနိုက်တက်တို့ဟာ သူတို့ရဲ့ တိုက်စစ်အတွက် ဟာလန်း ၊ တီမိုဝါနာ ၊ အလက်ဇန်းဒါးအီဆက်ခ် (ဆိုစိဒက်) နဲ့ ယာအိုဖိလစ် တို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ခြေစွမ်းပြပြန်တဲ့ ဂယ်လက်ဂါ ကို ဆန်ချိုထက်သာလွန်သူအဖြစ် ပရိတ်သတ်တွေညွန်းဆို
တောက်လျှောက်လင်းလက်နေတဲ့ အငှားချလူငယ်လေး ဂယ်လက်ဂါ ဟာ အဲဗာတန်အသင်းကို အနိုင်ရတဲ့ပွဲမှာ ထပ်မံပြီးခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါပြီ။ ကွင်းလယ်လူအခက်အခဲဖြစ်နေတဲ့ ချဲလ်ဆီးအတွက် ဆောင်းရာသီမှာပဲ ပြန်လည်ခေါ်ယူနိုင်တယ်လို့ သတင်းအချို့ထွက်နေပေမယ့် တူချယ်ဖက်ကလဲ တိတိကျကျမပြောထားသလို ကစားသမားကလည်း ပဲလေ့စ်မှာပဲ ရာသီဆုံးတဲ့ထိနေချင်နေပါတယ်။ ပရိတ်သတ်တွေက ဂယ်လက်ဂါ ဟာ မန်ယူနိုက်တက်ရဲ့ နာမည်ကြီးလူငယ် ဆန်ချိုထက်တောင် ပိုကောင်းတယ်လို့ ချီးမွမ်းနေကြပါတယ်။
ကန်တေပြန်ပါနိုင်မယ် ၊ ကိုဗာဆစ်တော့ စောင့်ကြည့်ရမယ်
ကိုရိုနာဗိုင်းရပ် လက္ခဏာတွေကြောင့် သီးခြားနေထိုင်နေရတဲ့ ကိုဗာဆစ်ရဲ့အခြေအနေဟာ ကောင်းမွန်နေကြောင် တူချယ်က အခုလိုပြောပါတယ်။
ကိုဗာဆစ်ရဲ့အခြေအနေကောင်းတယ်လို့ ကျွန်တော်သိရပါတယ်။ ဒါပေမယ့် ဘယ်တော့ပြန်ကစားနိုင်မလဲကတော့ မသိသေးပါဘူး။ ဆရာဝန်က ဘယ်နှရက်လောက်ကြာကြာနားခိုင်းလဲ ၊ သူပြန်မကစားနိုင်ခင် ဘယ်တော့ထွက်မလဲဆိုတဲ့စမ်းသပ်ချက်အချို့လဲ လုပ်ရပါလိမ့်မယ် လို့ဆိုပါတယ်။
လက်ရှိ ချဲလ်ဆီးကွင်းလယ်မှာ မေဆင်မောင့်တစ်ယောက်ပဲ ကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။ ဒါပေမယ့် ကန်တေ အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ဝင်ကစားနိုင်လိမ့်မယ်လို့လဲ တူချယ်က ဆိုပါတယ်။
အာဆင်နယ်လူငယ်ကို စောင့်ကြည့်နေတဲ့ ချဲလ်ဆီး
အာဆင်နယ် U18 ရဲ့တိုက်စစ်မှုး ခါယွန် အက်ဒွက်ကို ချဲလ်ဆီးအသင်းကလည်း နယူးကာဆယ် ၊ လိဒ်စ် အသင်းတို့နဲ့အပြိုင်ကြိုးစားဖို့ရှိနေတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။ အာဆင်နယ်ဖက်ကလည်း သူတို့ရဲ့လူငယ်ကို ထွက်မသွားအောင် ထိန်းသိမ်းမှာဖြစ်ပြီး ဘုန်းမောက်အသင်းဆီကို အငှားချဖို့စီစဥ်နေတယ်လို့လဲဆိုပါတယ်။
Leave a Reply