ပေါ်တူဂီသားတွေဟာ ပရီးမီးယားလိဂ်မှာ ပိုအောင်မြင်တတ်ကြပါတယ်။

ဇန်နဝါရီအပြောင်းအရွေ့ကနီးလာပြီဆိုတော့ ထုံးစံအတိုင်းအဂ်လန်အသင်းတွေနဲ့ အဂ်လန် မီဒီယာတွေက အသံတွေထွက်လာကြပါပြီ။ အမှန်တကယ်ဟုတ်သည် မဟုတ်သည် ဆိုတာထက် ၊ ခေါင်းစဥ်ဆန်းဆန်းတွေနဲ့ သတင်းတွေဖတ်ရတာဟာ အဂ်လန်လိဂ်က ဘောလုံးပရိတ်သတ်တွေအတွက် ထုံးစံတစ်ခုတောင်ဖြစ်နေပါပြီ။ တချို့အသင်းတွေဆို မဟုတ်ဘဲနဲ့ သတင်းထွက်ပြီးအပြောင်းအရွှေ့လဲ ဖြစ်ခဲ့ကြတာကြောင့်ချိန်ပါဆိုပြီး အမည်ပြောင်တွေရတတ် ကြပါတယ်။ ဥပမာပေးရရင် တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက် မီဒီယာတွေဖော်ပြတဲ့ တိုက်စစ်မှုးအရေအတွက်ဟာ ၁၀ ဦးကျော်နေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားအကုန်လုံးကို အာဆင်နယ်ချိတ်ဆက်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ သတင်းဆာလောင်မှုကို မီဒီယာတို့အသုံးချခဲ့တယ်လို့ ဆိုရမှာပါပဲ။

ဒီရက်ပိုင်းမှာ ယာအိုဖိလစ်ကို  ပရီးမီးယားလိဂ်အသင်း ၄ သင်းက စောင့်ကြည့်နေတယ်လို့ သတင်းတွေကဖော်ပြလာပြန်ပါတယ်။ တဖက်မှာလည်း ကစားသမားလေးဟာ လက်ရှိအသင်းနဲ့ အဆင်မပြေတဲ့အခါ တကယ်ဖြစ်လာမှာလားလို့ ထင်စရာပါ။ ဒါကြောင့်လဲ အခုလိုသတင်းထွက်တာနေပါလိမ့်မယ်။  အကောင်းဆုံးပုံစံရရှိနေခြင်းမရှိပေမယ့် ထိပ်တန်းကစားသမားဖြစ်တာကြောင့် သတင်းက ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ဒီတော့ ယာအိုဖိလစ်အကြောင်းလေးနဲနဲပြန်စုစည်းပြီးတင်ဆက်လိုက်ပါတယ်။

Advertisements

ယာအိုဖီလစ် (နောက်ခံအကျဥ်း)

ဖီလစ်ဟာ ပေါ်တူဂီလိဂ်မှာ အင်အားကြီးအသင်း တွေထဲကတစ်သင်းဖြစ်တဲ့ ပေါ်တိုအသင်းရဲ့ အကယ်ဒမီကနေ ထွန်းတောက်လာတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။ ပေါ်တို U-15  U-17 တို့မှာ နှစ်ရာသီလောက်ကစားပြီး နောက်ထပ်အင်အားကြီးအသင်းတသင်းဖြစ်တဲ့ ဘင်ဖီကာအသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တခြားလူငယ်ကစားသမားတွေလိုထူးထူးခြားခြား Talent ရှိတဲ့ ကစားသမားမျိုးမဟုတ်၊ ခန္ဓာ ကိုယ်ပိန်ပိန်သေးသေးလေးနဲ့ မဟုတ်မခံ ကြိုးစားချင်တဲ့ ချာတိလေးတယောက်။ ပေါ်တူဂီသားတွေ ရဲ့စရိုက်လ္ခဏာအပြည့်ပါတဲ့ လူငယ်ကစားသမား တစ်ယောက်ဆိုရင်လဲ မမှားပါဘူး။

ဘင်ဖီကာအသင်းရောက်လာပြီးနောက် တဆင့်ခြင်း U-15/17နဲ့ဘင်ဖီကာအရံသင်း ၊ နောက်ပြီး မှ ဘင်ဖီကာ အသင်းကြီးသို့ ရွေးချယ်ခံခဲ့ရပါတယ်။ သူစတင်ပြီး ခြေစွမ်းပြကစားခဲ့တဲ့ကာလကတော့ (၂၀၁၆-၁၇) ဘင်ဖီကာ U-19 မှာစတင် ပြီးခြေစွမ်းပြကစားလာတာဖြစ်ပါတယ်။ သူဟာ (၁၀)ပွဲကစားရာမှာ (၆)ဂိုးသွင်းယူခဲ့ပါတယ်။ အဲ့အချိန်က စပြီး ယင်းကစားသမားဟာ ဘင်ဖီကာ အသင်းရဲ့ လိုအပ်တဲ့ သက်တမ်းအလိုက်အသင်းတွေမှာ လိုက်ပြီးကစားလာရပါတယ်။

Advertisements

(၂၀၁၈-၁၉)ရာသီမှာ အထူးခြေစွမ်းပြကစားထားပြီး ဥရောပဘောလုံးစင်မြင့် အသင်းတွေဆီက စ်တ်ဝင်စားခြင်းကိုခံခဲ့ရတဲ့အပြင်အဲ့ဒီအချိန်ခါကဒေါ့မန်လူငယ်ကစားသမား ဒမ်ဘလီတ​ယောက်သာ သူ့အရှေ့က အလားအလာရှိပြီးဘာစီလိုနာကပေါင်သန်း (၁၀၀)ဝန်းကျင် ဖြင့်ခေါ်ယူထားခဲ့တာကြောင်း ဘောလုံးစျေးကွက် ကိုလဲရိုက်ခတ်သွားခဲ့ပါတယ်။ ဒမ်ဘလီလို ကစားသမားက ဒီလောက်ရရင် ဂျာအိုဖီလစ်ဆို ဒီပမာဏထိမရနိုင်ဘူးလားဆိုပြီးဘင်ဖီကာအသင်း တွေးခဲ့ပုံရပါတယ်။ အဲ့ဒီနောက်မှာတော့ အက်သလက်တီကိုအသင်း ကိုပေါင်သန်း (၁၀၀)အထက်စျေးနဲ့ရောင်းချခဲ့ပါ တယ်။

အမှန်တကယ်ပြောရမယ်ဆိုရင် ဖီလစ်ဟာ ဘင်ဖီကာအသင်းကြီးရဲ့ တရားဝင်ကစားသမားဖြစ်ပေမယ့်သူဟာတခြားယူ၁၉၊၂၃ အသင်း တွေမှာအများကစားခဲ့ရပြီး အဲ့ဒီနှစ်မှာဘဲ အက်သလက်တီကိုပြောင်းရွေ့ခဲ့တာလဲ ဖြစ်ပါတယ်။ လူငယ်ကစားသမားတယောက်အတွက် ရလာမယ့်ဖိအားတွေကိုဖီလစ်တယောက်အက်သလက် တီ ကိုမှာအကောင်းဆုံးရင်ဆိုင်လျှက်ရှိပါတယ်။ နည်းပြဆီမြွန်နီ ရဲ့နည်းဗျူဟာအောက်မှာ ကစားရင်းအခုဆိုရင် အသက်(၂၂)နှစ်တောင် ရှိပါပြီ။ (၂)ရာသီဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ(၈၇)ပွဲကစားကာသွင်းဂိုး(၂၀)သွင်းယူထားနိုင်ခဲ့တဲ့အပြင်ဂိုးဖန်တီး မူ (၁၂)ကြိမ်ပြု လုပ်ထားနိုင်တာလဲ ဖြစ်ပါတယ်။

ထင်သလောက်ခရီးမပေါက်ခဲ့တဲ့ ဖိလစ်အတွက် စပိန်မြေဟာ မလွယ်ကူခဲ့ပါဘူး။ မနှစ်က လာလီ ဂါဖလား(၁)ကြိမ်ကလွဲရင် ဖီလစ်ဟာ ကျော်ကြားမူနဲ့ အောင်မြင်မူမှာ ထိုက်သင့်သလောက်မရရှိထားတာလဲ ဖြစ်ပါတယ်။ ပေါ်တူဂီသားဆိုသည်မှာလဲ အကောင်းဆုံးအတွက်ဘဲ ပြင်ဆင်ကြိုးစားလေ့ကျင့်ကြတဲ့ ကစားသမားတွေဘဲဖြစ်ပါတယ်။ ဒဏ်ရာရလွယ်ပြီး အခွင့်အရေးတွေကိုအမိအရဆုပ်ကိုင်နိုင်ဖို့ သူ့အတွက်ယုံကြည်မူတွေရနိုင်ပြီးပေါ့ ပါးပါးကစားရမယ့် အသင်းတသင်းကိုပြောင်းချင်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။ အထူးသဖြင့် အားလုံးသိတဲ့အတိုင်း အဂ်လန်ပရီးမီးယားလိဂ်ကိုဘဲ ဖြစ်ပါတယ်။

ယင်းကစားသမားကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း၊ လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားလျှက်ရှိပြီး ဇန်နဝါရီမှာ ပြောင်းရွေ့လိုကြောင်းလဲ သိရပါတယ်။

အသင်းမှာနေရာတစ်နေရာအတွက်ခက်ခဲလာတဲ့ ဖိလစ်အတွက် ဘယ်အသင်းကို အဆင်ပြေနိုင်မလဲ။ ဒါမှမဟုတ်တကယ်ရောပြောင်းဖြစ်ပါ့မလား။ ကျွန်တော်တို့အဖို့က စောင့်ကြည့်ရုံပါပဲ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: