နောက်ဆုံးရ အာဆင်နယ် သတင်းများ (11Dec-10:30am)

ယာအိုဖိလစ် နဲ့ အသံထွက်လာပြန်တဲ့ အာဆင်နယ်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ပေါ်တူဂီတိုက်စစ်မှုး ယာအိုဖိလစ်ကို အာဆင်နယ်အသင်းအပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း ၄ သင်းက စိတ်ဝင်စားနေတယ်လို့  AS သတင်းစာကဖော်ပြလာပါတယ်။ ဖိလစ်ရဲ့တန်ကြေးဟာ လက်ရှိ ၆၅ သန်းခန့်ရှိပြီး ၊ စပိန်မှာခြေစွမ်းမပြနိုင်တာကြောင့်သူ့ကိုခေါ်ယူစဥ်ကထက် တန်ကြေးထက်ဝက်ခန့်သာရှိတော့တာဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့ ကွင်းလယ်လူပါတေးနဲ့  ဖိလစ် တို့ဟာ အက်သလက်တီကိုမှာ တွဲကစားဖူးခဲ့ကြပါတယ်။ The Weasle ကတော့ ဂန်းနားတို့ဟာ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ဖိလစ်ကို ကမ်းလှမ်းရဖွယ်ရှိတယ်လို့  လွန်ခဲ့တဲ နာရီပိုင်းကဖော်ပြလာခဲ့ပါတယ်။

နိုင်းလ်စ် က ပွဲထွက်ခွင့်နဲလို့ မကျေမနပ်ဖြစ်နေ

ကွင်းလယ်လူမစ်လန်းနိုင်းလ်စ် ဟာသူ့အနေနဲ့ အခုထက်ပိုပွဲထွက်ခွင့်ရနိုင်တယ်လို့ ယုံကြည်နေပြီး အသင်းအပေါ် မကျေမနပ်ဖြစ်နေတယ်လို့   Daily Mail ကဖော်ပြလာပါတယ်။ ကစားသမားရဲ့ အခြေအနေကြောင့် အာတီတာအနေနဲ့လည်း နိုင်းလ်စ်ကို ထည့်သွင်းအသုံးပြုဖို့ရော ၊ အဆင်မပြေရင် လျှင်လျှင်မြန်မြန်ရောင်းချဖို့ရော ဖိအားပိုများလာရတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ နိုင်းလ်စ်ဟာ ယခုရာသီမှာ ၁၁ ပွဲကစားခွင့်ရခဲ့ပြီး ၄ ပွဲကသာ ပွဲထွက်ဖြစ်ခဲ့လို့ မကျေမနပ်ဖြစ်နေတယ်လို့ဆိုပါတယ်။

အီကာဒီကို ခေါ်ယူဖို့ တိုက်တွန်းခံနေရ

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ့် အီကာဒီကိုခေါ်ယူခြင်းဖြင့်  အသင်းရဲ့တိုက်စစ်ပြသနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်လို့   Football London   က ရေးသားလာပါတယ်။  အဆိုပါအာဂျင်တီးနားတိုက်စစ်မှုးရဲ့ အကောင်းဆုံးအချိန်တွေကိုကျော်လွန်လာပြီလို့  ပြင်သစ်ပရိတ်သတ်တွေက ယူဆနေကြပြီး  ၊ နည်းပြပိုချက်တီနိုလက်အောက်မှာလည်း နေရာမရတာကြောင့် အီကာဒီအနေနဲ့ အခြားကစားဖော်ဖော် ၆ ဦးနဲ့အတူ အသင်းပြောင်းဖို့ဖြစ်လာတာလို့     L Equippe က ဆိုပါတယ်။ အီကာဒီဟာ ပီအက်ဂျီအတွက် ၇၉ ပွဲကစားပြီး ၃၆ ဂိုးသွင်းပေးထားနိုင်သူဖြစ်ပါတယ်။

ဘယ်နောက်ခံနေရာဘယ်သူ့ရွေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းကြောင်း အဘွန်လဟော်

တီယာနေနဲ့  တာဗာရက်စ် ဘယ်သူ့ကိုထည့်သွင်းကစားစေမလဲဆိုတာ စိတ်ဝင်စားစရာကောင်းကြောင်း အဘွန်လဟော်က ဆိုပါတယ်။ သူက  Football Insider  နဲ့တွေ့ဆုံရာမှာ

အာတီတာကတော့ ခေါင်းကိုက်နေလောက်ပြီဗျာ .. ကျွန်တော်လဲ  သူတို့နှစ်ယောက်စလုံးကိုကြိုက်တယ်။  တိုက်စစ်လိုက်ပါမှုကတော့ တာဗာရက်စ်က ပိုသာတယ်လို့ ကျွန်တော်ထင်တယ်။ သူကပိုမြန်တယ်ဗျ။  ဒါပေမယ့် တီယာနေကလည်း ခြွင်းချက်မရှိ နောက်ခံလူကောင်းတစ်ယောက်ပါ။ ဒီတော့ ခင်ဗျားအမှားလုပ်လို့တော့မရဘူး .. ဒါပေမယ့် ဒီလိုစိတ်ညစ်ရတာမျိုးက ကောင်းပါတယ်ဗျာ   လို့ဆိုသွားခဲ့ပါတယ်။

အူဘာကိုအားပေးလိုက်တဲ့ အာတီတာ

နည်းပြအာတီတာက အသင်းခေါင်းဆောင်အူဘာမီယန်အနေနဲ့ လက်ရှိအခြေအနေပေါ် စိတ်ထိခိုက်မနေပဲ ယုံကြည်မှုရှိရှိဖြတ်သန်းဖို့အားပေးလာပါတယ်။

တိုက်စစ်မှုးတစ်ယောက်က ဂိုးမသွင်းနိုင်တဲ့အခါ  သူ့ရဲ့ယုံကြည်မှုကိုပါထိခိုက်လာစေပါတယ်။  အဲ့ဒီနောက်တော့ ခံစားချက်ပါမကောင်းတော့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။၊၊ ဒါပေမယ့် ဒီအခြေအနေဟာ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။  ဖြစ်သမျှကို ခံစားဝမ်းနည်းမနေပဲ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။  ကစားသမားတိုင်းမှာ အတက်အကျရှိပါတယ်။ ခြေစွမ်းကောင်းဆိုရင်ထိမ်းသိမ်းချင်ပြီး .. ခြေစွမ်းကျနေရင်တော့အမြန်လွတ်မြောက်ချင်ကြပါတယ်။ ပြီးတော့ လူစားလဲမှုတွေလုပ်ရတယ်ဆိုတာလဲ အသင်းအတွက်သက်သက်ပါပဲ.. အခြားခံစားချက်မရှိပါဘူး အသင်းသားတွေနဲ့ ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တွေနဲ့အတူ အသင်းအတွက်ရလဒ်ကောင်းတွေဖော်‌ဆောင်သွားရမှာပါ  လို့ ဆိုခဲ့ကြောင်း   The Sun ကဖော်ပြလာပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: