အရွေ့ထက် သတင်းကပိုများနေတဲ့ ရူဒီဂါရဲ့အနာဂတ်

အသင်းရဲ့ ဂျာမန်စတား အန်တိုနီယိုရူဒီဂါဟာ စတန်းဖိုဒ့်ဘရစ်ခ်ျကိုစွန့်ခွာပြီးလာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင်တော့ တူချယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်မှာပါ။

တကယ်တော့ ရူဒီဂါနဲ့ချဲလ်ဆီးကြောင်းတွေက သိပ်ကိုငြီးငွေးစရာကောင်းနေပြီလားတွေးမိတယ်။ သူတို့ရဲ့ စာချုပ်သစ်သတင်းတွေက လွန်ခဲ့တဲ့လတွေထဲက တဝဲလည်လည်ဖြစ်နေခဲ့တာ။ ရူဒီဂါက အသင်းမှာ ဘာပြသနာမှ မရှိ ၊ ညှိနှိုင်းမှုလုပ်ဖို့ပဲလိုတယ်ပြောတယ်။ တဖက်မှာလည်း တစ်ပတ် ပေါင် ၄၀၀၀၀၀ မရရင် စာချုပ်သစ်မချုပ်ဆိုချင်ဘူးလို့ သတင်းတွေမှာ ဖတ်ရတယ်။ တချိန်ထဲမှာ   ဘိုင်ယန် ၊ ရီးရဲတို့လို ဘတ်ဂျက် အသုံးကြမ်းသူတွေရော ၊ မီလန်လို နောက်တန်းနဲ့ပတ်သတ်လို့ အစဥ်အလာကြီးမားသူတွေရော ၊ နောက်ဆုံး နည်းပြသစ်နဲ့အတူ အားမာန်ပြည့်နေတဲ့ မန်ယူလိုအသင်းရော ရူဒီဂါကို စိတ်ဝင်စားနေကြတယ်လို့ ဆိုတယ်။  ပရိတ်သတ်တွေက စိတ်ပူကြတယ်။ ရူဒီဂါ က အသင်းကိုချစ်တယ်လို့ပြောနေတယ်။

ရူဒီဂါနဲ ချဲလ်ဆီးအသင်းဟာ စာချုပ်အသစ်အတွက် ဆွေးနွေးနေကြတာ ကာလတစ်ခုကြာခဲ့ပြီဖြစ်ပေမယ့် ခုချိန်ထိ သဘောတူညီချက်မရသေးပါဘူး။ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားသမားအကြား အကြိုသဘောတူညီမှု ရဖို့နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး တူချယ်အနေနဲ့သူ့ရဲ့အကောင်းဆုံး ခံစစ်ကစားသမားကို ဆုံးရှုံးရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

Advertisements

ရူဒီဂါရဲ့စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားအနေနဲ့ ဇန်နဝါရီမှာ အခြားကလပ်အသင်းနဲ့ အကြိုစာချုပ် ချုပ်ဆိုထားနိုင်ခွင့် ရှိနေပါတယ်။  ဒါပေမယ့် ပြည်တွင်းကလပ်တွေနဲ့ကတော့ စာချုပ်သက်တမ်းကုန်မှသာ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ရူဒီဂါရဲ့ အစ်ကိုဖြစ်သူဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ရူဒီဂါရဲ့အစ်ကိုဟာ ရီးရဲလ် မက်ဒရစ်ကိုသာမက ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း တွေ့ဆုံခဲ့တယ်လိုဆိုပါတယ်။

ချဲလ်ဆီး အသင်းကတော့ ရူဒီဂါနဲ့ စာချုပ်သက်တမ်းတိုးနိုင်ပြီး အားထားရတဲ့ နောက်ခံလူကို စတန်းဖိုဒ်ဘရစ်ခ်ျမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို မျှော်လင့်နေဆဲပဲ ဖြစ်ပါတယ်။  တဖက်မှာလည်း ရူဒီဂါပြောင်းသွားခဲ့ရင်အစားထိုးဖို့ အရိုဂျို ၊ ဇာဇလိုင်း ၊ ဖိုဖာနာ တို့ကို စောင့်ကြည့်နေပါတယ်။

ရူဒီဂါဟာ လက်ရှိရာသီ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၂၀)အထိပွဲထွက်ခွင့် ရထားပြီး (၂)ဂိုး သွင်းထားပါတယ်။

နောက်ဆုံးဖော်ပြမှုတွေအရတော့ တူချယ်တစ်ယောက် ရူဒီဂါအပေါ် ခံစားချက်ပြောင်းပြီလားလို့တောင်ထင်ရပါတယ်။

 တူချယ်က   တိုနီ (ရူဒီဂါ) က အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ ဒါကို ကျွန်တော်တင်မကဘူး အသင်းဖော်အားလုံးသိကြပါတယ်။  ကွင်းတွင်း ကွင်းပြင်မှာလည်း ကောင်းမွန်တဲ့ သက်ရောက်မှုကောင်းကောင်းရှိသူပါ။  နောက်ထပ်ပြောရမှာက အသင်းကတော့ နံပါတ်တစ် ဆိုတဲ့အချက်ပါပဲ။ ဘယ်သူကမှအသင်းထက်ပိုအရေးမကြီးပါဘူး။ ရလဒ်တွေအားလုံးဟာ အသင်းသားတွေရဲ့ အားထုတ်မှုကြောင့်ပါပဲ။ ဒီအသင်းက တကယ့် ခန်းနားတဲ့ ကလပ်အသင်းတစ်သင်းပါ  လို့ဆိုခဲ့ပါတယ်။ စာချုပ်နဲ့ပတ်သတ်လို့ကတော့ ညှိနှိုင်းစရာတွေကို ညှိနှိုင်းနေကြကြောင်း ၊ သတင်းထူးမရှိသေးကြောင်းပြောခဲ့ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: