အာဆင်နယ်ပရိတ်သတ်တွေကတော့ ဝက်ဖို့ဒ်ကစားသမား အီမန်နူရယ်ဒင်းနစ်စ် ကို တော်တော်လေးကြိုဆိုနေကြပါပြီ။ သူက သောကြာနေ့တုန်းက Sky Sports နဲ့တွေ့ဆုံရာမှာ အာဆင်နယ်အသင်းကို ချစ်မြတ်နိုးကြောင်း ၊ ငယ်ငယ်လေးကထဲကအားပေးခဲ့ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အာဆင်နယ်ကို သူဆက်အားမပေးဖြစ်တော့ပါဘူး။ အကြောင်းကတော့ အသင်းရဲ့အနေအထားက သူ့ရဲ့ ကျန်းမာရေးကိုထိခိုက်စေလို့ပါပဲ တဲ့။ အသင်းရဲ့ရလဒ်ကို စိတ်ပျက်နေကြတဲ့ ဂန်းနားပရိတ်သတ်တွေကြားမှာ ချက်ခြင်းဆိုသလိုပဲရေပန်းစားသွားပါတော့တယ်။
ကျွန်တော်က အာဆင်နယ်ပရိတ်သတ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဖာဘရီဂတ်စ်ရဲ့ ပရိတ်သတ်ပေါ့ဗျာ ..ဒါပေမယ့် အခုတော့ အားမပေးတော့ပါဘူး။ သူတို့ရှုံးရင် ကျွန်တော်က ငိုရတယ်ဗျာ .. ဒါကမကောင်းဘူးလေ .. နောက်ပိုင်းကျတော့ သူတို့ဘာဖြစ်ဖြစ်ကျွန်တော်နေတတ်အောင်နေလိုက်တော့တယ် .. မဟုတ်ရင် ကျန်းမာရေးထိခိုက်လို့ ပါ ဆိုပြီးပြောခဲ့ပါတယ်။ အခုတော့လဲ ကျွန်တော်နေသားကျသွားပါပြီ တဲ့..
သူပြောတာမှန်ကြောင်းဝိုင်းထောက်ခံကြတဲ့ စာတွေ ဆိုရှယ်မီဒီယာမှာ ချက်ခြင်းပြည့်သွားခဲ့ပါတယ်။
တချိန်ထဲမှာ ပဲ ဒင်းနစ်စ်ဟာ အာဆင်နယ်တို့စောင့်ကြည့်နေခဲ့တဲ့ ကစားသမားဖြစ်ကြောင်း ၊ ဝက်ဖို့ဒ်ကိုမပြောင်းလာခင်ထဲက အာဆင်နယ်တို့ရဲ့ ပစ်မှတ်ဖြစ်ကြောင်း သတင်းတွေတက်လာပါတယ်။ တိုက်စစ်မှုးရှာပုံတော်နဲ့ အာဆင်နယ်အသင်းကတော့ သံသရာရှည်ဦးမယ့်သဘောပါပဲ။
ဘရုဂေးတိုက်စစ်မှုးဟောင်း ဟာ ပေါင် ၃.၄ သန်းနဲ့ နွေရာသီတုန်းက ဝက်ဖို့ဒ် အသင်းကိုရောက်လာခဲ့တာဖြစ်ပြီး ၁၅ ပွဲကစားရာမှာ ၇ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးပေးထားပါတယ်။ ကိန်းဂဏန်းတွေကတော့ စိတ်ဝင်စားစရာပါ။ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ ဒင်းနစ်ဘယ်လောက်ထိရောက်မလဲ ၊ ဒါမှမဟုတ်အာဆင်နယ်ပဲရောက်လာမလား စောင့်ကြည့်ရပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ အာဆင်နယ်ရလဒ်ဘာဖြစ်ဖြစ် သူငိုမှာမဟုတ်တော့ပါဘူး။
Leave a Reply