လိဒ်စ်နဲ့ပွဲစဉ်အတွက် တူချယ်ဘာတွေပြင်ဆင်ထားသလဲ

လိဒ်စ်ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အသင်းအတွက်ရလဒ်ဆိုးတွေကို ပြန်လည်ပြင်ဆင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲဖြစ်ပါတယ်။

တူချယ်ဟာ သူရဲ့ဦးစားပေးက ပရီးမီးယားလိဂ်ဖြစ်တယ်လို့ ဆိုခဲ့တဲ့အတွက် စနေနေ့ပွဲစဉ်အတွက်  အသင်းကို အကောင်းဆုံး ပြင်ဆင်လာဖို့ရှိနေပါတယ်။ ဇင်းနစ်နဲ့ပွဲက လူစာရင်းကို ကစားသမားခြောက်လောက်လောက် အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာနိုင်ချေရှိပါတယ်။

  • ချာလိုဘတ်၊လို့တပ်စ်ချိခ်၊ ကန်တီ၊ ဘန်ချေးလ်ဝဲလ်နဲ့ ကိုဗာဆစ်တို့ မပါ၀င်နိုင်မှာဖြစ်တဲ့အတွက် တူချယ်အတွက် အကောင်ဆုံးလူစာရင်း ပြင်ဆင်ဖို့ အခက်အခဲရှိနေပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပေးဂိုးတွေအများကြီးပေးခဲ့ရတဲ့ အသင်းရဲ့နောက်တန်းကလည်း ဒီပွဲစဉ်မှာတော့ပုံစံကောင်းပြန်လည် ပြသနိုင်မလားဆိုတာကတော့ စိတ်၀င်စားစရာ ကောင်းပါတယ်။
  • ၀က်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားများခဲ့တဲ့ မန်ဒီအစား ဇင်းနစ်နဲ့ပွဲမှာ ကီပါကို အသုံးပြုခဲ့ပါတယ်။လိဒ်စ်နဲ့ ပွဲစဉ်မှာတော့ မန်ဒီကိုပဲ ပြန်လည် အသုံးပြုဖွယ်ရှိပါတယ်။
  • ဇင်းနစ်နဲ့ပွဲမှာ အနားပေးထားခဲ့တဲ့ သီယာဂိုဆေးလ်ဗားနဲ့ရူဒီဂါတို့ နှစ်ယောက်လုံး ပြန်လည်ပါ၀င်လာမှာ ဖြစ်ပြီးဇင်းနစ်နဲ့ပွဲမှာ ပါ၀င်ခဲ့တဲ့ ခရစ်စတီယန်ဆန်နဲ့ တွဲဖက်ကစားပေးဖွယ်ရှိပါတယ်။
  • ကွင်းလယ်မှာတော့ လိုတပ်စ်ချိခ် သို့မဟုတ် ဂျော်ဂျင်ဟို တို့နှစ်ယောက်ထဲက တစ်ယောက် လိဒ်စ်နဲ့ပွဲစဉ်အမီ ကြံခိုင်မှု ပြည့်၀မယ်ဆိုရင်တော့ ပြန်လည်ပါ၀င်နိုင်ချေရှိပြီး တကယ်လို့ နှစ်ဦးစလုံးမပါ၀င်နိုင်ရင်တော့ တူချယ်အနေနဲ့ ဇင်းနစ်နဲ့ပွဲစဉ်ကလို ရိစ်ဂျိမ်းကို ကွင်းလယ်မှာ ကစားခိုင်းတာမျိုး ထပ်မံပြုလုပ်နိုင်ဖွယ် ရှိပါတယ်။
  • မားကိုစ်အလွန်ဆို ပြန်လည်ပါ၀င်လာမယ်ဆိုရင်တော့ ဇင်းနစ်နဲ့ပွဲမှာ left wing backအဖြစ် အစားထိုးအသုံးပြုခဲ့တဲ့ ဆာအူးလ် ကို ကွင်းလယ်မှာ ကစားစေပြီး ရိစ်ဂျိမ်းကို right wing backမှာ ပြန်လည် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ရိစ်ဂျိမ်းကို ကွင်းလယ်မှာပဲ ဆက်လက်အသုံးပြုမယ်ဆိုရင်တော့ အက်ဇ်ပလီကျူတာကို right wing backမှာ ကစားနိုင်ချေရှိပါတယ်။
  • ရှေ့တန်းမှာတော့ အကောင်းဆုံးပုံစံတွေ ပြသနေတဲ့ မေဆင်မောင့်နဲ့ ဇင်းနစ်နဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းခဲ့တဲ့ တီမိုဝါနာတို့ ကတော့ သေချာပေါက် ပြန်လည်ပါ၀င်လာမှာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဥ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့ လူကာကူနေရာမှာတော့ ဟာကင်ဇီယက်ခ်ျကို အသုံးပြုဖွယ်ရှိပါတယ်။
  • ဇင်းနစ်နဲ့ပွဲစဉ်မှာ ပါ၀င်ခဲ့တဲ့ ကီပါ၊ မာလန်ဆား၊ အိုဒွိင်းလ်၊ ဘာကလေ၊ ဆာအူးလ်၊ လူကာကူ တို့အစား မန်ဒီ၊သီယာဂိုဆေးလ်ဗား၊ရူဒီဂါ၊ မားကိုစ်အလွန်ဆို၊ ဇီယက်ခ်ျနဲ့ကိုင်ဟာဗက်ဇ်တို့ကို တူချယ်အနေနဲ့ အသုံးပြုနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: