နံနက်ခင်း ချဲလ်ဆီး မှတ်စု (11Dec-8am)

ကပ္ပတိန်ကို ခေါ်ချင်နေကြတဲ့အသင်းများ

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာနဲ့  အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်စပီလီကွယ်တာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ စာချုပ်ကုန်ပြီဖြစ်တဲ့ စပိန်ကစားသမားနဲ့ ချဲလ်ဆီးအသင်းတို့ဟာ စာချုပ်သစ်အတွက်ညှိနှိုင်းဆဲဖြစ်ပြီး သဘောတူညီမှုတော့မရကြသေးပါဘူး။ တဖက်မှာလည်း ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့ ဘာကာအတွက် အက်စ်ပီလီကွယ်တာဟာ သက်သာတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်တာမို့  ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ခံလူတော်တော်များများကို စက်ကွင်းထဲ ထည့်ထားတဲ့ချဲလ်ဆီး

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ကစိတ်ဝင်စားနေကြတဲ့  အဲဗာတန်အသင်းရဲ့ ဘယ်နောက်ခံလူ  လူးကပ်စ်ဒင့်  ကိုချဲလ်ဆီးတို့ကလည်း အပြိုင်စောင့်ကြည့်နေတယ်လို့  Calciomercarto ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၂၈နှစ်အရွယ် ပြင်သစ်ကစားသမားဟာ တော်ဖီတို့အတွက် ၁၂၇ ပွဲကစား၊ ၆ ဂိုးသွင်းပြီး အကြိမ် ၂၀ ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။  ကစားသမားရဲ့တန်ကြေးက ပေါင် ၃၅ သန်းခန့်ရှိပြီး  ချဲလ်ဆီးတို့အနေနဲ့ ဘင်ချေးဝဲလ်ရဲ့နေရာကို တိုက်ရိုက်အစားထိုးဖို့ ရည်ရွယ်ပြင်ဆင်ထားတာလို့ သိရပါတယ်။

အသင်းကသာ အရေးအကြီးဆုံးလို့ တူချယ်လ်ပြော

အန်တိုနီယိုရူဒီဂါရဲ့အရေးပါမှုကို ချီးကျူးစကားပြောရင်း အသင်းရဲ့ရပ်တည်ချက်ကိုပါ တူချယ်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။  တူချယ်က   တိုနီ (ရူဒီဂါ) က အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ ဒါကို ကျွန်တော်တင်မကဘူး အသင်းဖော်အားလုံးသိကြပါတယ်။  ကွင်းတွင်း ကွင်းပြင်မှာလည်း ကောင်းမွန်တဲ့ သက်ရောက်မှုကောင်းကောင်းရှိသူပါ။  နောက်ထပ်ပြောရမှာက အသင်းကတော့ နံပါတ်တစ် ဆိုတဲ့အချက်ပါပဲ။ ဘယ်သူကမှအသင်းထက်ပိုအရေးမကြီးပါဘူး။ ရလဒ်တွေအားလုံးဟာ အသင်းသားတွေရဲ့ အားထုတ်မှုကြောင့်ပါပဲ။ ဒီအသင်းက တကယ့် ခန်းနားတဲ့ ကလပ်အသင်းတစ်သင်းပါ  လို့ဆိုခဲ့ပါတယ်။ စာချုပ်နဲ့ပတ်သတ်လို့ကတော့ ညှိနှိုင်းစရာတွေကို ညှိနှိုင်းနေကြကြောင်း ၊ သတင်းထူးမရှိသေးကြောင်းပြောခဲ့ပါတယ်။

မသုံးရင် ဆာအူးလ်ကို ပြန်လို့လိုက်ပါ

အသင်းရဲ့ ကစားသမားဟောင်း ဂလန်းဂျွန်ဆင်က ဆာအူးလ်ကို အသုံးမပြုဘူးဆိုရင် အက်သလက်တီကို ပြန်ပို့လိုက်တာကောင်းတယ်လို့ ဆိုပါတယ်။ သူက  အငှားလာကစားတယ်ဆိုတာ ကစားခွင့်ရဖို့အတွက်ပါ။ ဒါက အခြေခံအချက်ပါပဲ။ တကယ်လို့ အသင်းနဲ့ အံမဝင်လို့ပဲဖြစ်ဖြစ်  ၊ အရည်အချင်းမလုံလောက်တာပဲဖြစ်ဖြစ် ကစားခွင့်မပေးနိုင်ဘူးဆိုရင် ပြန်သာပို့လိုက်တာ ကောင်းပါတယ်   လို့ခပ်ရှင်းရှင်းပြောသွားပါတယ်။ ပရီးမီးယားလိဂ်ဟာ တစ်ခါတစ်လေ ထိပ်တန်းကစားသမားတွေအတွက်လဲ အခက်အခဲရှိတတ်ကြောင်းကိုလဲဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

လိဒ်ကိုတော့ ချဲလ်ဆီးတို့ သက်သက်သာသာနိုင်ပါလိမ့်မယ်

ချဲလ်ဆီးဟာ ပုံစံပျက်နေပေမယ့် လိဒ်ကိုတော့ သက်သက်သာသာနိုင်သွားလိမ့်မယ့်လို့  ဂန္တဝင်ပေါလ်မာဆင် က  Sportskeeda နဲ့တွေ့ဆုံရာမှာအခုလိုပဲပြောခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရချိန်မှာတော့ ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ သူတို့ရဲ့ခံစစ်ပြသနာတွေလဲရှိနေတယ်။  မန်ဒီကလဲ အမှားတွေလုပ်နေပါတယ်။ တူချယ်ရှင်းရမယ့်ကိစ္စတွေပေါ့။ ဒါပေမယ့် ချဲလ်ဆီးဟာ လိဒ်နဲ့အလွန်ကွာဝေးတဲ့အဆင့်မှာရှိနေပါသေးတယ်။  သူတို့မှာတိုက်စစ်သမားကောင်းကောင်းလဲရှိမနေပါဘူး။ ဒီပွဲကတော့ ချဲလ်ဆီးက ၃-၀ လောက်နဲ့   ပါရသွားပါလိမ့်မယ်  လို့   ဆိုခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: