နောက်ဆုံးရ အာဆင်နယ် သတင်းများ (10Dec-10am)

ရစ်ချာလီဆန်ကို စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ အာဆင်နယ်လဲပါဝင်

စပိန်သတင်းစာ Fichajes   ရဲ့ဖော်ပြချက်အရ အဲဗာတန်တိုက်စစ်မှုး ရစ်ချာလီဆန်ကို အာဆင်နယ် ၊  ပီအက်စ်ဂျီနဲ့  ရီးရဲမက်ဒရစ်တို့ကစောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။  ၂၀၂၄ ခုနှစ်အထိစာချုပ်ရှိထားတဲ့တိုက်စစ်မှုးဖြစ်တာကြောင့် အခုနှစ်ရာသီကုန်ဟာ ရစ်ချာလီဆန်အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့စိန်ခေါ်မှုတွေအတွက် ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်ဖြစ်တယ်လို့လဲရေးသားထားပါတယ်။  ရစ်ချာလီဆန်ဟာ အဲဗာတန်တို့အတွက် ၄၅ဂိုးသွင်းပြီး ၁၁ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

ဂိုးသမားက အကောင်းဆုံးဆုရတဲ့အပေါ်ပရိတ်သတ်တွေမကျေနပ်ကြ

အာဆင်နယ်အသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဂိုးသမားရမ်းစ်ဒေးလ် ရရှိခဲ့တဲ့ပေါ် ပရိတ်သတ်တွေက မကျေမနပ် ပြန်လည်တုန့်ပြန်မှုတွေရှိနေကြပါတယ်။ အသင်းအားပေးသူတွေဟာ ကစားသမားအပေါ်နှစ်သက်မှုလျော့မသွားပေမယ့်   ဂိုးသမားတစ်ယောက် အကောင်းဆုံးဆုရတယ်ဆိုတာ အသင်းရဲ့ ကျဆင်းနေတဲ့အခြေအနေကို ထင်ဟပ်နေတယ်ဆိုပြီးဝေဖန်နေကြတာပါ။ အရင်နှစ်တွေတုန်းက နောက်တန်းပြသနာတက်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီဖက်နှစ်တွေမှာ တိုက်စစ်ပြသနာတောက်လျှောက်တက်နေခဲ့ပြီးနောက်  ယခုကာလမှာတော့ အဆိုးဆုံးအနေအထားကိုရောက်ရှိနေတာဖြစ်ပါတယ်။

 ဘာလိုဂန်ရဲ့အချိန်တွေရောက်လာတော့မယ်လို့ မာတီဆက်ကာပြော

ဂန်းနားအကယ်ဒမီရဲ့ မန်နေဂျာ မာတီဆက်ကာ က လူငယ်တိုက်စစ်မှုးဘာလိုဂန်ဟာ အသင်းကြီးဆီရောက်လာဖို့အလွန်နီးစပ်နေပြီလို့ ထုတ်ပြောသွားခဲ့ပါတယ်။ ဘာလိုဂန်ဟာ  EPL 2  မှာ ၁၃ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူထားတာ တောက်လျှောက်တောက်ပနေခဲ့တာဖြစ်ပါတယ်။ ကစားသမားကလည်း စီနီယာအသင်းဆီကို တက်လှမ်းချင်နေပြီး တိုးတက်လာမယ့် အပြောင်းအရွှေ့အားလုံး / အပြောင်းအလဲအားလုံးကို လုပ်ဆောင်မယ်လို့  ထုတ်ပြောထားပါတယ်။

ဆိုဘိုဇလိုင်းကို ပြန်လည်ပစ်မှတ်ထားလာတဲ့ အာဆင်နယ်

Fichajes နဲ့  Caught Offside တို့ရဲ့ဖော်ပြချက်အရ  အာဆင်နယ်တို့ဟာ ပစ်မှတ်ဟောင်း ‌ဒေါမနစ်ဆိုဘိုဇလိုင်းကို ပြန်လည်ပစ်မှတ်ထားလာတယ်လို့ ဖော်ပြလာကြပါတယ်။  လိုက်ဇစ်အသင်းရဲ့ ကွင်းလယ်ကစားသမာဟာ ကောင်းမွန်တဲ့ခြေစွမ်းတွေကိုတောက်လျှောက်ပြထားပြီး အသင်းရဲ့လိုအပ်နေတဲ့နေရာနဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။ ကစးသမားကိုခေါ်ယူဖို့ ယူရိုသန်း ၄၀ လောက်ကုန်ကျနိုင်ပြီး  မိခင်ကလပ်ဖက်ကလည်း ရောင်းထုတ်ဖို့ခက်မယ်လို့ ဆိုနေကြပါတယ်။

နဲလ်ဆင် ဂိုးသွင်းပြီ

ဖီယင်နုဒ်အသင်းမှာ အငှားသွားကစားနေတဲ့ နဲလ်ဆင် ဟာ   အစ္စရေးကလပ် မက္ကဘီဟိုင်ဖာ အသင်းနဲ့ ကစားခဲ့တဲ့  Europa Conference League ပြိုင်ပွဲမှာ အငှားကာလအတွင်း ပထမဆုံးဂိုးကိုသွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။  ဖီယင်နုဒ်အသင်းက ၂-၁ နဲ့နိုင်ခဲ့တဲ့ပွဲစဥ်မှာ  နဲလ်ဆင်က  ၂-၀ ဖြစ်စေမယ့် ဒုတိယဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ကူလူဆက်စကီကို ဝင်ဆွဲဖို့ကြိုးစားလာတဲ့ လီဗာပူးလ်

အာဆင်နယ်အသင်းနဲ့ဆွေးနွေးမှုတောင်ပြုလုပ်နေပြီလို့ သတင်းထွက်နေတဲ့ ဂျူဗင်တပ်စ်ကစားသမား  ကူလူဆက်စကီကို လီဗာပူးအသင်းက ကြားဝင်ကြိုးစားလာတယ်လို့ သိရပါတယ်။ အာဖရိကဖလားကြောင့် ကစားသမားတွေလက်လွတ်ရမယ့် လီဗာပူးအသင်းဟာ သူတို့ရဲ့ ကွင်းလယ်အတွက် ကူလူဆက်စကီကို နှစ်သာလာတာဖြစ်တယ်လို့ ဖော်ပြနေကြပြီး ပြောင်းရွှေ့ကြေးကိုလည်း အသင့်ပြင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: