နံနက်ခင်း ချဲလ်ဆီးမှတ်စု (10Dec-8pm)

ရူဒီဂါဟာ အနာဂတ်အသင်းခေါင်းဆောင်ပါ

ချဲလ်ဆီးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ရူဒီဂါအသင်းမှာဆက်နေမယ်လို့ ယုံကြည်နေပြီး အကယ်၍သာ လက်ရှိအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာအနေနဲ့ အသင်းပြောင်းသွားခဲ့ပါက ရူဒီဂါနဲ့ ဂျော်ဂျင်ဟိုတို့ နှစ်ဦးထဲကတစ်ဦးက အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ ခန့်မှန်းပြောဆိုသွားပါတယ်။  Betting Odds နဲ့ တွေ့ဆုံရာမှာ ဂျွန်ဆင်က  “ ကျွန်တော်ကတော့ ချဲလ်ဆီးအနေနဲ့ အက်ဇ်ပီလီကွယ်တာကို အသင်းပြောင်းခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့သာပြောင်းသွားခဲ့ရင်လည်း ဂျော်ဂျင်ဟို နဲ့  ရူဒီဂါတို့ အသင့်ရှိနေပါတယ်။ ရူဒီဂါလည်းဆက်ရှိနေဖို့များပါတယ်  လို့ဆိုခဲ့တာပါ။

ဟာဇက်လက်သစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ  တိုက်စစ်ကို ပိုမိုနုပျိုအားကောင်းစေဖို့အတွက်  ဘယ်လ်ဂျီယံလူငယ်တိုက်စစ်မှုး   ချာလ်းစ် ဒီ ကီတီလေး  ကို ရီးရဲအသင်းနဲ့အပြိုင်ပစ်မှတ်ထားနေတယ်လို့  The Hard Tackle ကဖော်ပြသွားပါတယ်။  အသက် ၂၀ အရွယ်တိုက်စစ်မှုးလေးဟာ ဘရုဂေး အသင်းနဲ့အတူ ကစားသမားဘဝရဲ့ တတိယရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး အသင်းအတွက် ၁၂ ဂိုးသွင်းပေးထားပြီးဖြစ်ပါတယ်။ ဘရုဂေးအသင်းရဲ့ ကင်းထောက် ပေါလ်က ကတ်တီလေးရဲ့အစွမ်းနဲ့ပတ်သတ်ပြီးအခုလိုပဲပြောထားပါတယ်၊။    ကတ်တီလေးကို ချဲလ်ဆီးအသင်းပို့လိုက်စမ်းပါဗျာ .. သူချက်ခြင်းပွဲထွက်ပြလိမ့်မယ်။ သူက ခေတ်သစ်တိုက်စစ်မှုးတစ်ယောက်ရဲ့ လိုအပ်ချက်တွေအကုန်ရှိတဲ့သူပါပဲ   လို့ထောက်ခံ ပြောကြားထားပါတယ်။

အရိုဂျိုကို ချဲလ်ဆီးတို့ခေါ်ယူနိုင်ပြီလို့ စပိန်သတင်းစာဖော်ပြ

ကာတာလန် သတင်းစာ El Nacional ရဲ့ဖော်ပြချက်အရ  ချဲလ်ဆီးအသင်းတို့ဟာ  ဘာကာနောက်ခံလူ ရိုနယ် အရိုဂျို ကိုခေါ်ယူဖို့ သဘောတူညီမှုတစ်ရပ်ရရှိထားပြီလို့ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားလေးကို  ရူဒီဂါရဲ့နေရာမှာအစားထိုးဖို့ ပြင်ဆင်မှုတစ်ရပ်အဖြစ်ကြိုတင်စောင့်ကြည့်နေတာလို့ သိရပါတယ်။ အတည်ပြုဖို့လိုအပ်နေသေးပေမယ့် စာချုပ်မှာ ပွဲထွက်ကစားချိန်တွေကိုပါထည့်သွင်းချုပ်ဆိုထားတယ်လို့ လည်းဖော်ပြနေကြပါတယ်။

Advertisements

ဟာလန်းနဲ့ပတ်သတ်လို့ အသင်းတွေနဲ့စကားပြောနေပြီဆိုတဲ့အကြောင်း သူ့ရဲ့အေးဂျင့် အရိပ်အမြွက်ဆို

ချဲလ်ဆီးအပါအဝင် ထိပ်တန်းအသင်းအားလုံးရဲ့ပစ်မှတ်ဖြစ်တဲ့ ဟာလန်းအတွက် သူ့ရဲ့ အေးဂျင့် ရွိုင်အိုလာက အခုလိုပဲဖွင့်ပြောလာပါတယ်၊

ဟာလန်းရဲ့အနာဂတ်မှာ ဘာတွေဆက်လုပ်ကြမယ်ဆိုတာ ကျွန်တော်အကြံပေးနိုင်ရမှာပေါ့ဗျာ .. မပေးရင် ကျွန်တော်က လူဆိုးဖြစ်သွားမှာပေါ့။  ဟာလန်းလို ကစားသမားအနေနဲ့ကတော့ စျေးကွက်ကို ပြန်လွှမ်းမိုးထားတဲ့သူမျိုးပေါ့ဗျာ .. စျေးကွက်ကို ကိုယ်ကလေ့လာနေရမှာမဟုတ်ဘူး .. ကျွန်တော်တို့လို အားကစားအကြံပေးတွေဟာ ကစားသမားတွေအတွက် ဒုတိယကစားပွဲကိုဖော်ဆောင်သူတွေပါပဲ။  ကစားသမားတွေက တစ်ပတ်မှာ ၂ ရက်ဘောလုံးကန်ပြီး ၅ ရက်လောက်က အပြောင်းအရွှေ့တွေကိုဆွေးနွေးနေရတာပါ။ အားကစားဖက်ခြမ်းကလူတွေကတော့ ကျွန်တော့်ကိုမုန်းနေမလားပဲ။  ကျွန်တော်ကကိုယ့်အလုပ်ကိုယ်လုပ်နေတာပါ  လို့    Sport 1 နဲ့တွေ့ဆုံရာမှာပြောခဲ့ပါတယ်။ ဒီသတင်းကို ကောက်နုတ်ရရင်တော့ ဟာလန်းအတွက် လက်ခံပြောဆိုမှုတွေစတင်နေပြီလို့ ယူဆရပါတယ်။

ဂယ်လက်ဂါ ကိုပြန်ခေါ်ရေးက ကစားသမားဆုံးဖြတ်ချက်သာ အဓိကဖြစ်ဖွယ်ရှိ

ကွင်းလယ်လူတွေဒဏ်ရာရနေကြလို့  ဇန်နဝါရီမှာ အသင်းကိုပြန်ရဖွယ်ရှိနေတဲ့ ဂယ်လက်ဂါ ဟာ လိုအပ်တာတွေပြင်ဆင်ထားပေမယ့်  ချဲလ်ဆီးအသင်းဖက်ကပြန်ခေါ်မယ်လို့ မျှော်လင့်မထားကြောင်း  Football London ကဖော်ပြလာပါတယ်။ ပုံစံကောင်းတွေဆက်တိုက်ရနေတဲ့ ဂယ်လက်ဂါကို ပရိတ်သတ်တွေက အနာဂတ်ကွင်းလယ်လူအဖြစ်ရည်မှန်းထားကြတာပါ။ နိုဝင်ဘာလတုန်းကတော့ တူချယ်က အပြောင်းအရွှေ့ကိစ္စတွေမှာ ကစားသမားလေး ရဲ့ စိတ်ဆန္ဒဟာ ပထမဆုံးအရေးကြီးကြောင်း ၊ သူပျော်တဲ့နေရာမှာရှိနေရမှာဖြစ်ကြောင်းပြောဆိုဖူးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: