ဇင်းနစ်နဲ့ပွဲအပြီး တူချယ်ရဲ့ပွဲပြီးစကားအပြည့်အစုံ

“ချဲလ်ဆီးလို အသင်းကို နည်းပြနေရတယ်၊ ပြီးတော့ နောက်ဆုံးနှစ်ပွဲမှာ ခြောက်ဂိုး ခွင့်ပြုခဲ့ရပြီး အဲ့ဒီနှစ်ပွဲမှာ လေးကြိမ်တိတိ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ၊အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရတယ်ပေါ့ ၊ဒီလိုအခြေအနေမှာ ဒီနေ့လိုပွဲမျိုးမှာ ဘယ်သူမှ မပျော်နိုင်ပါဘူး။၀က်စ်ဟမ်းနဲ့ ပွဲမှာလည်း ဘယ်သူမှမပျော်ရွှင်နိုင်ခဲ့ပါဘူး”

“ပွဲစစချင်း ၁၅မိနစ်အတော်အတွင်းမှာ အသင်းရဲ့ကစားပုံက တကယ်ကို ကောင်းမွန်ခဲ့ပြီး ၁၅မိ‌နစ်နောက်ပိုင်းမှာတော့ အသင်းဟာ ပုံစံကောင်းပြနေတာကို ရပ်လိုက်ခဲ့တယ်။ကျွန်တော့် အထင်တော့ ကျွန်တော်တို့အသင်းဟာ ဦးဆောင်ခွင့်ရနေတဲ့အချိန်၊ ပြိုင်ဘက်ထက် ပိုကောင်းတဲ့အသင်းဖြစ်နေချိန်မှာ ငါတို့က ဘာလို့ ပိုကောင်းတဲ့ အသင်းဖြစ်နေတာလဲဆိုတာ မေ့နေတဲ့ပုံပါပဲ။ ပိုကောင်းတဲ့ အသင်းဖြစ်ချင်ရင် ပိုပြီးအာရုံစိုက်ရမှာဖြစ်သလို ပိုပြီးလည်း ကြိုးစားရမှာဖြစ်ပါတယ်။”

“အာရုံစိုက်နိုင်စွမ်းတွေ၊ ကြိုးစားမှုတွေဟာ ၅ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ရာခိုင်နှုန်းလောက်ပဲ ကျသွားတဲ့အခါ၊ ဂိုးရလဒ်ပေါ်မူတည်ပြီး ကျွန်‌တော်တို့ရဲ့အပြုအမူတွေကို ပြောင်းလဲလိုက်တဲ့အခါမှာ ကျွန်တော်တို့ဟာ ကိုယ့်လုပ်ရပ်အပေါ် ဒဏ်ခတ်ခံရတာပါပဲ။ဒီနေ့မှာလည်း ဒဏ်ခတ်ခံခဲ့ရတယ်။၀က်စ်ဟမ်းနဲ့ ပွဲတုန်းကလည်း ကျွန်‌တော်တို့ဒဏ်ခတ်ခံခဲ့ရတယ်။”

“တုန့်ပြန်ပုံတွေကတော့ ကောင်းပါတယ်။သွင်းဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရတာနဲ့ အသင်းဟာ အကောင်းဆုံးပြန်တုန့်ပြန်ပြီး သွင်းဂိုးတွေပြန်ရယူနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ကဦးဆောင်ခွင့်ရပြီဆိုတာနဲ့ မကြာခင် အဲ့ဒီ့ အခွင့်အရေးကို လွှင့်ပစ်လိုက်တာပါပဲ။”

“ပြီးခဲ့တဲ့ ကစားပွဲခြောက်ပွဲမှာ တူညီတဲ့ ဆာလောင်မှုတွေ၊ အားထုတ်မှုတွေနဲ့ ပွဲစဉ်တိုင်းကို ကြိုးစားမကစားနိုင်ခဲ့တာကြောင့် ဒီလိုမျိုးရလဒ်တွေနဲ့အတူ ချက်ချင်း ဒဏ်ခတ်ခံရတာပါပဲ။ဂိုးရလဒ်ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်တိုရဲ့ ကြိုးစားအားထုတ်မှုက လျော့သွားလိုမဖြစ်ပါဘူး။ ဒါက ပုံကြီးချဲ့ပြီး အပြစ်တင်စရာတစ်ခုမဟုတ်ပေမယ့် လက်ရှိမှာတော့ ဒီလိုပဲဖြစ်နေပါတယ်။”

ဒီပွဲရလဒ်ကြောင့် အသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်နေရာကို ဂျုဗင်တပ်ထံ လွှဲပေးခဲ့ရသလို ၀က်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာ ကြောင့် ပရီးမီးယားလိဂ်မှာလည်း အဆင့်တစ်နေရာကနေ အဆင့်သုံးနေရာ အထိ ဆင်းပေးခဲ့ရပါတယ်။တူချယ်အနေနဲ့ ဇင်းနစ်နဲ့ပွဲမတိုင်မီမှာလည်း အသင်းရဲ့ရလဒ်တွေကို ဒေါသထွက်မိကြောင်းပြောခဲ့သလို အခုလည်း ဦးဆောင်ဂိုးတွေသွင်းပြီးရင် အာရုံစိုက်မှုလျော့သွားတတ်တဲ့ အသင်းရဲ့ အခြေအနေကို မချင့်မရဲဖြစ်နေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: