နောက်ဆုံးရ အာဆင်နယ် သတင်းများ (9Dec-10am)

ဘုန်းမောက်ကလည်း ဘာလိုဂန်ကိုစိတ်ဝင်စား

လူငယ်တိုက်စစ်မှုးလေး ဘာလိုဂန် ဟာ  ဇန်နဝါရီမှာ ဘုန်းမောက်အသင်းကိုပြောင်းနိုင်ဖွယ်ရှိတယ်လို့   Dorset Live  က တင်ဆက်သွားခဲ့ပါတယ်။ ဘာလိုဂန် ကိုလိုချင်နေတဲ့အသင်းတွေများစွာထဲကမှ အခုနောက်ဆုံးမှာ ဘုန်းမောက်တို့နဲ့သတင်းထွက်လာတာဖြစ်ပါတယ်။  လူငယ်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဘာလိုဂန်က တိုးတက်စေမယ့်အတွေ့အကြုံရမယ်ဆိုရင် ဘယ်ကိုမဆိုပြောင်းမယ်လို့ ပြောထားသူဖြစ်ပါတယ်။

အာဆင်နယ်မတိုးတက်ရင်  ဆာကာ အသင်းပြောင်းတာ အံ့သြစရာမရှိ

အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မက်သရူးအပ်ဆန်က အာဆင်နယ်အသင်းအနေနဲ့ ဆာကာကိုထိမ်းသိမ်းရခက်လာနိုင်ကြောင်းသုံးသပ်ပြောကြားသွားခဲ့ပါတယ်။ 

ဆာကာ က ခြေစွမ်းတောက်လျှောက်တက်လာတဲ့နောက် အသင်းကြီးတော်တော်များများကို ဆွဲဆောင်လာနိုင်နေပါပြီ။  ပရီးမီးယားလိဂ်ဖလားကို ရနိုင်ချေပိုများတဲ့အသင်းကြီးတွေကသာ ဆာကာကိုချဥ်းကပ်လာခဲ့လို့ ဆာကာအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခုချသွားရင်လဲ အံ့သြစရာတော့မဟူုတ်ပါဘူး၊။  အာဆင်နယ်အနေနဲ့  ဆာကာကို ပိုတိုးတက်လာအောင် ကူညီရမှာဖြစ်သလို အသင်းမှာနေချင်အောင် ၊ ဆာကာအတွက်သင့်တော်တဲ့နေရာဖြစ်ကြောင်းပြသဖို့လဲ ပြင်ဆင်ရမှာဖြစ်ပါတယ် လို့  Stadium Astro ကိုပြောသွားခဲ့တာဖြစ်ပါတယ်။

အန်ကန်ကူ ကိုခေါ်ဖို့  ပရိတ်သတ်တွေတိုက်တွန်းနေကြ

အာဆင်နယ်ပရိတ်သတ်တွေဟာ လိုက်ဇစ် ကွင်းလယ်တိုက်စစ်သမား အန်ကန်ကူကိုခေါ်ယူဖို့  တိုက်တွန်းနေကြတယ်လို့   The Boot Room   သတင်းဌာနက ဖော်ပြသွားပါတယ်။ အဆိုပါ ပြင်သစ်လူငယ်ကစားသမားလေးဟာ ဒီရာသီမှာတောက်လျှောက်ခြေစွမ်းပြနေတာဖြစ်ပြီး ၊ ပရီးမီးယားကလပ်မန်စီးတီးကို ချန်ပီယံလိဂ် ၂ ကျော့စလုံးမှာ ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကွင်းလယ်လူငယ်ဟာ လိုက်ဇစ်အတွက်  ဒီရာသီမှာ ၁၄ ဂိုးသွင်းပေးခဲ့ပြီဖြစ်ပြီး ၊ အာဆင်နယ်ပရိတ်သတ်တွေကို အွန်နရီလက်သစ် လို့တင်စားခေါ်‌ဝေါ်နေကြပါတယ်။

အိုဒီဂတ်ချီးကျူးတဲ့ လူငယ်လေး

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ် က  အာဆင်နယ် U23  အသင်းရဲ့ တိုက်စစ်မှုး ဂျော့လူးဝစ်ကို ချီးကျူးပြောဆိုသွားပါတယ်။ နော်ဝေသားက သူ့ရဲ့အမြင်ကို ခုလိုပြောပါတယ်။  သူနဲ့မကြာခနစကားပြောဖူးတယ်ဗျ .. တကယ်အရည်အချင်းရှိတဲ့လူငယ်လေးပါ။ လောလောဆယ်တော့ဒဏ်ရာကြောင့်နားနေရပေမယ့် ထူးချွန်တဲ့ကစားသမားတစ်ယောက်ဆိုတာ သိသာပါတယ် လို့မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။  လူးဝစ်ဟာ  U23 အသင်းနဲ့အတူဖြတ်သန်းပြီးနောက် ဇန်နဝါရီမှာ အငှားထွက်နိုင်ခြေရှိနေပါတယ်။  သူက အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး  အာဆင်နယ်  U21 အသင်းအတွက်  ၁ ကြိမ်ပွဲထွက်ပြီး ၁ ဂိုးသွင်းပေးထားနိုင်သူဖြစ်ပြီး နော်ဝေကလပ်အသင်းတစ်ခုမှာ မှာကစားခဲ့စဥ်က ၃၅ ပွဲကစား ၃၂ ဂိုးသွင်းထဲ့အထိ ဂိုးသွင်းကောင်းသူဖြစ်ပါတယ်။

အာတီတာနေရာကို တန်ဟက်နဲ့ အစားထိုးဖို့အကြံပြု

အာတီတာအနေနဲ့ လိုအပ်နေတာတွေကိုဖြည့်ဆည်းဖို့အဆင်မပြေတော့ဘူးဆိုရင်  အေဂျက်မန်နေဂျာ အဲရစ် တန်ဟတ်နဲ့ ဖြည့်တင်းရမှာဖြစ်တယ်လို့  HITC  ကဖော်ပြလာပါတယ်။ လူငယ်တွေကို အားပြုတဲ့ အာဆင်နယ်အတွက် တန်ဟက် ဟာ ကွက်တိအတွေ့အကြုံရှိသူဖြစ်တယ်လို့ ယင်းသတင်းကဆိုပါတယ်။ လတ်တလောသတင်းများအရ တန်ဟက်ကို မန်ချက်စတာယူနိုက်တက်နဲ့  မန်စီးတီးတို့ကလည်း ပစ်မှတ်ထားနေကြတယ်လို့သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: