ပရီးမီးယားအသင်းတွေက ယာအိုဖိလစ် ကိုစိတ်ဝင်စားနေကြ

အာဆင်နယ်နဲ့  နယူးကာဆယ်အသင်းတို့ဟာ  ပေါ်တူဂီလူငယ်လေး ယာအိုဖိလစ်ရဲ့အခြေအနေကို စုံစမ်းခဲ့ကြတယ်လို့   Fichajes အပါအဝင်စပိန်သတင်းစာတွေကဖော်ပြလာပါတယ်။ ဘင်ဖီကာနဲ့ ကျော်ကြားလာတဲ့လူငယ်လေးကို ၂၀၁၉ ခုနှစ်တုန်းက ပေါင်သန်း ၁၁၃ သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကခေါ်ယူသွားခဲ့ပါတယ်။ သူ့ရဲ့ပထမရာသီမှာခြေစွမ်းအရမ်းမပြနိုင်ခဲ့ပေမယ့် လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့အသင်းအတွက်တော့ အကူအညီကောင်းအချို့ပေးနိုင်ခဲ့ပြီး ၇ ဂိုးသွင်းကာ ၆ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာမကြာခနရတတ်တဲ့ ၂၂ နှစ်သားလေးဟာ  ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၁၂ ပွဲသာကစားထားပြီး ၁ ကြိမ်သာဂိုးသွင်းယူနိုင်ပါသေးတယ်။  ပေါ်တိုကို ၃-၁ နဲ့နိုင်တဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တဲ့နောက် ကစားသမားရဲ့အနာဂတ်ကို ပိုပြီးမေးခွန်းထုတ်လာကြပါတယ်။

သတင်းတွေအရ ပရီးမီးယားအသင်း ၄ သင်းက သူ့ကိုခေါ်ယူလိုနေပြီး အဲ့ဒီအထဲမှာ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ပါဝင်တယ်လို့ သတင်းတွေကဆိုပါတယ်။ စပိန်သတင်းစာ   Sport Witness ကတော့ ဒီ ဆောင်းမှာ သူအသင်းပြောင်းလောက်တယ်လို့ ခန့်မှန်းထားပါတယ်။

နယူးကာဆယ်တို့ဟာ သူ့ရဲ့ပြောင်းရွှေ့ကြေးကိုပေးနိုင်ဖို့ သံသယဖြစ်ဖွယ်မရှိပေမယ့် တန်းဆင်းဇုန်နဲ့ကပ်နေတဲ့အနေအထားမို့ အပြောင်းအရွှေ့က ဖြစ်နိုင်ဖွယ်နဲပါတယ်။ အာဆင်နယ်ကတော့ ကစားသမားတော်တော်များများနဲ့အသံထွက်နေတဲ့အနေအထားပါ။ ဒါဆိုရင်နောက်ထပ် ပရီးမီးယားလိဂ် ၂ သင်းကဘယ်အသင်းတွေများဖြစ်မလဲ။ အရင်ကာလတွေတုန်းကတော့ မန်ယူနဲ့ လီဗာပူးတို့က စိတ်ဝင်တစားစောင့်ကြည့်ခဲ့ဖူးတာမျိုးတော့ရှိပါတယ်။

ဘင်ဖီကာ (B) အသင်းကနေ  ဘင်ဖီကာစီနီယာအသင်း ၊ အဲ့ဒီကနေ ခပ်သွက်သွက်ကျော်ကြားလာခဲ့တဲ့ပေါ်တူဂီ ဆယ်ကျော်သက်လေးဟာ အက်သလက်တီကိုမှာတော့ ခြေစွမ်းပြလိုက် ၊ ဒဏ်ရာရလိုက်ဖြစ်နေခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားပြုကစားတဲ့ ပရီးမီးယားအသင်းတွေနဲ့သူအဆင်ပြေနိုင်ပါ့မလား .. မေးခွန်းတွေကတော့များပါတယ်။ ဒါပေမယ့် စပိန်သတင်းစာတွေကတော့ စတင်ရေးသားနေကြပြီဖြစ်ပါတယ်။

ကစားသမားလေးကတော့ သူ့ဘဝရဲ့  ၆ ရာသီမြောက်ကိုဖြတ်သန်းနေတာဖြစ်ပြီး ကလပ်အသင်းတွေအတွက် ၁၆၀ ပွဲကစားပြီး  ၄၇ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ လက်ရွေးစင်အသင်းအတွက်ကတော့ ပွဲ ၂၀ မှာ ၃ ကြိမ်သွင်းထားပေးခဲ့ပြီးပါပြီ။ ရိုနယ်ဒိုကို သိပ်လေးစားပြီး မက်ဆီနဲ့ရန်ဖြစ်ဖူးတဲ့တိုက်စစ်မှုးလေးက ဒီဖက်နှစ်တွေမှာတော့ ထင်သလောက်မတိုးတက်သေးတာ အရှိတရားဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: