ယိမ်းယိုင်နေပေမယ့် ချဲလ်ဆီးပြန်လာပါလိမ့်မယ်

နောက်ဆုံးပရီးမီးယားလိဂ် သုံးပွဲမှာ ရမှတ်ငါးမှတ်အထိ ဆုံးရှုံးခဲ့ရပြီး အမှတ်ပေးဇယားအဆင့်သုံးထိ ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့မိကြောင်း တူချယ်က ပြောခဲ့ပါတယ်။  ဒါပေမယ့် လက်ရှိချဲလ်ဆီးအသင်းရဲ့ပုံစံအပေါ် စိုးရိမ်စိတ်မရှိသလို ရုရှားမြေမှာ ဇင်းနစ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ထက် စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲကို ပိုပြီးဦးစားပေးထားတယ်လို့ ပြောခဲ့ပါတယ်။  ဒါက ဇင်းနစ်နဲ့ပွဲ မတိုင်ခင်မှာဖြစ်ခဲ့တာပါ။  ဇင်းနစ်ကို  ၃-၃ သရေကျပြီးတဲ့နောက်မှာတော့ အခြေအနေတွေက ပိုတင်းမာလာတယ်။ အမြဲတမ်းစကားကို ထိမ်းကြောင်းပြောတတ်တဲ့တူချယ်ဆီက ပြတ်သားတဲ့အသံကို စကြားလာရပါတယ်။

 ၂ ပွဲမှာ ၆ ဂိုးပေးရတယ်။ ၄ ကြိမ်ဦးဆောင်ပြီးမှ ချေပခံရတယ်။  ကျွန်တော်ပြောတဲ့ တစ်ဦးချင်းအမှားတွေပြင်ဖို့ဆိုတာ အရမ်းမခက်ပါဘူး။ ဒီနေ့ပွဲရလဒ်ရော .. ဝက်စ်ဟမ်းပွဲရလဒ်ရောက ပျော်စရာမဟုတ်ပါဘူး။  ကြည့်ရတာ တစ်ဦးချင်းစွမ်းဆောင်ရည်ပြင်ဖို့ပြောရမယ့်အချိန်လို့မထင်တော့ပါဘူး။ ဘယ်သူမှအဆင်ပြေမနေဘူးဗျာ    လို့  စိတ်ပျက်လက်ပျက်ပြောဆိုသွားခဲ့ပါတယ်။ အသင်းကိုစရောက်ကတည်းက ပြောခဲ့သမျှထဲမှာ အပြင်းထန်ဆုံးလို့တောင် ဆိုနိုင်ပါတယ်။

ဇင်းနစ်နဲ့ပွဲစဉ်မတိုင်မီမှာလည်း တူချယ်က သူ့အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပွဲပန်းနေတဲ့အသင်းကို လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ လန်းလန်းဆန်းဆန်းရှိနေဖို့ ပွဲထွက်လူစာရင်း အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Advertisements

“ပြဿနာကတော့ စနေနေ့မှာ ကစားရမယ့်ပွဲစဉ်ပါပဲ။ကျွန်တော်တို့ အိပ်ချိန်တွေဆုံးရှုံးရမယ်။ကြာသပတေးနေ့မနက်အစောကြီးမှာမှ ရုရှားကနေ လန်ဒန်ကို ပြန်ရောက်မယ်။စနေနေ့ကျတော့ တစ်ပတ်လုံးပြင်ဆင်ချိန်ရထားပြီး ရင်ဆိုင်ရခက်ခဲတဲ့ လိဒ်ယူနိုက်တက်နဲ့ ကစားရမယ်။”

“ပြင်ဆင်ချိန်၊အနားရချိန် နည်းနည်းလေးနဲ့ ကစားပွဲတွေအများကြီးကို ရင်ဆိုင်ရမှာဆိုတော့ ပွဲပန်းနေတဲ့ ကစားသမားအချို့ကို အနားပေးရပါမယ်။ အသင်းရဲ့အကောင်းဆုံးပုံစံကိုပြန်ရဖို့ ဒီလိုမျိုးနည်းလမ်းနဲ့ ပြင်ဆင်ရမှာဖြစ်ပါတယ်” လို့ ဂျာမန်သားကြီးက ဆိုပါတယ်။

မန်စီးတီးနဲ့လီဗာပူးလ်တို့ကို အမှတ်ပေးဇယားထိပ်ဆုံးနေကာကနေ ဖယ်ပေးခဲ့ရပြီးနောက် တူချယ်အနေနဲ့ မချင့်မရဲဖြစ်ခဲ့ရပြီး အသင်းရဲ့ပုံစံကောင်းပြန်လည်ရယူဖို ပြောင်းလဲမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်၊ဘိုင်ယန်တို့လို ထိပ်သီးအသင်းတွေကို ရှုံးထွက်အဆင့်မှာ ရှောင်လွဲနိုင်အောင် အုပ်စုဗိုလ်နေရာကို မဖြစ်မနေရယူဖို့ထက် ပရီးမီးယားလိဂ်ကိုသာ ပိုဦးစားပေးဖို့ တူချယ်က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

“ဘယ်သူမှ ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ဒါပေမယ့် ကျွန်‌တော်တို့အရမ်းကြီး စိတ်ပူနေတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုအနိုင်ယူရမလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ပြိုင်ပွဲတစ်ခုမှာ အနိုင်မရဘူးဆိုရင် ရည်မှန်းချက်ကြီးကြီးထားတဲ့သူတွေအတွက် အစမှာ တော်တော်ခံစားရခက်ပါတယ်။ဒါပေမယ့် ဒီလိုခံစားချက်တွေက ရှေ့ကိုတစ်လှမ်းဆက်တက်ဖို့ တွန်းအားတစ်ခုပါပဲ။”

“ကျွန်တော်တို့ အားလုံးရှုံးရမှာ ကြောက်ပေမယ့် ရှုံးခဲ့တဲ့နောက်လည်း ပြီးခဲ့တာက ပြီးခဲ့တာပါပဲ။အသင်းရဲ့စွမ်း‌ဆောင်ရည်တွေ၊ပွဲချိန်အတွင်းက အချက်အလက်တွေကို  ပုံကြီးချဲ့ ပြီး သံသယမေးခွန်း‌တွေရှိစရာ မလိုပါဘူး။”

ကျွန်တော်တို့မှာ အသေးစိတ် ပြုပြင်စရာလေးတွေရှိနေပါသေးတယ်။ အသင်းရဲ့ အမြင့်မားဆုံးပုံစံကို ရဖို့ဆို ဒီလိုအသေးအဖွဲလေးတွေကို အဆက်မပြတ် တိုးတက်အောင်လုပ်နေဖိုလိုပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီအသေးအဖွဲလေးတွေက ပြဿနာအကြီးကြီး မဟုတ်သေးပါဘူး”လို့ တူချယ်ကပြောခဲ့ပါတယ်။

Advertisements

ဒါပေမယ့် တူချယ်အတွက်ပိုမိုခက်ခဲ့တာတွေရော ၊ မျှော်လင့်ချက်ရောင်ခြည်တွေရောက ဇင်းနစ်ပွဲအလွန်မှာရောက်လာခဲ့ပါပြီ။

လေ့ကျင်ရေးပြန်ဆင်းနိုင်တဲ့ ကိုဗာဆစ်ကို ကိုဗစ်ကြောင့်  သီးသန့်နေထိုင်ရပါဦးမယ်။ ဒီတော့ အရေးကြီးတဲ့ စနေနေ့ပွဲမှာ ပါဝင်လာဖို့မရှိ။ သို့သော် တီမိုဝါနာက ခြေစွမ်းပြန်ပြတယ်။ လူကာကူနဲ့အတူ အတွဲအဖက်တွေညီနေတယ်။ ပျော်စရာအခြေအနေတွေကို ကောက်သင်းကောက်သလို စုဆောင်းနေရတဲ့ တူချယ်အတွက်ရသမျှအလားအလာကောင်းလေးက  ကောက်ရိုးတမျှင်ပါပဲ။

ပြီးပြည့်စုံတဲ့အသင်းဆိုတာ မရှိပါဘူး။ ရှိလဲ အချိန်အတိုင်းအတာတစ်ခုမျှသာပါပဲ။ ၃ – ၃ သရေဆိုတာ မတည်ငြိမ်တဲ့အသင်းရဲ့အနေအထားကိုပြနေတာပါ။ ဒါပေမယ့် အရေးပါတဲ့ကစားသမားတွေပြန်ကစားနိုင်ရင် ၃ ဂိုးပေးရတဲ့နောက်တန်းက အဆင်ပြေသွားမယ်လို့ဆယူရပါတယ်။ ဒီတော့ ၃ ဂိုးရတဲ့တိုက်စစ်ကိုပဲ လောလောဆယ် ကျေနပ်ထားလိုက်တာ ချဲလ်ဆီးပရိတ်သတ်တွေအတွက်ပိုကောင်းပါလိမ့်မယ်။

ဘယ်အရာကိုမဆိုအဖြေရှာတတ်တဲ့တူချယ်ဟာ ဒီအခြေအနေကနေလည်း ပြန်လည်ရှင်သန်လာဦးမှာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: