နံနက်ခင်း ချဲလ်ဆီးမှတ်စု (9Dec-8am)

ချဲလ်ဆီးခေါ်ယူသင့်တဲ့နောက်ခံလူတွေကို အကြံပြုလာတဲ့ဆောင်းပါးရှင်

ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့အလွန်နီးစပ်နေပြီဖြစ်တဲ့ ရူဒီဂါရဲ့နေရာအတွက်  101 Great Goals ရဲ့ ဆောင်းပါးရှင်   ဘင်ဘရောင်းနင်း က  ကွန်ဒီ (ဆီးဗီးလား) ၊  ပေါလ်တောရက်စ် (ဗီလာရီးရဲ) နဲ့  ရိုမာနိုလီ (အေစီမီလန်) တို့ထဲက တစ်ဦးဦးကို အစားထိုးဖို့ အကြံပြုရေးသားခဲ့ပါတယ်။ ကစားသမား ၃ ဦးလုံးက အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသေးပြီး အကြီးဆုံး ရိုမာနိုလီက ၂၆ နှစ်ဖြစ်ပါတယ်။  ဆီဗီးလားရဲ့ ကွန်ဒီကတော့ ကစားသမားကိုယ်တိုင်က ချဲလ်ဆီးကိုပြောင်းချင်ခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီအစတုန်းက လည်း  စာချုပ်ဖြစ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဝါနာနဲ့ ဇီယက်ချ်ကို  ဘာကာ စိတ်မလျှော့သေး

ကနဦးကြိုးပမ်းချက်တွေပယ်ချခံခဲ့ရတဲ့တိုင်အောင် ဘာစီလိုနာအသင်းဟာ  ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ဝါနာ နဲ့ ဇီယက်ချ်ကို ကြိုးပမ်းနေဆဲဖြစ်တယ်လို့   Shoot UK ကဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာတို့ဟာ မန်စီးတီးရဲ့  ဖာရန်းတောရက်စ်ကို ချဥ်းကပ်မှု မအောင်မြင်ခဲ့တဲ့နောက် ချဲလ်ဆီးတိုက်စစ်အတွဲဖက်ကို ပြန်လည်အာရုံကျလာခဲ့တာဖြစ်ပါတယ်။  တီမိုဝါနာ ဟာ ကစားပုံကောင်းပေမယ့် ဂိုးသွင်းနိုင်ဖို့ရုန်းကန်နေရဆဲဖြစ်ပြီး ၊ ဇီယက်ချ်ကတော့ ခြေစွမ်းမှန်စပြုချိန်မှာ ဒဏ်ရာကပြန်ကောင်းလာတဲ့ ပူလီဆစ်ကြောင့် ကစားချိန်နဲပါးလာရဖွယ်ရှိနေပါတယ်။

အသင်းကို တော်တော်လေး ပြင်းပြင်းထန်ထန်ပြောလာတဲ့ တူချယ်

နောက်ဆုံးမိနစ်ကန်ချက်ကြောင့်  အနိုင်ကိုဆုံးရှုံးခဲ့ရပြန်တဲ့ တူချယ်ကတော့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးတော်‌တော်လေး ပြင်းပြင်းထန်ထန်ပြောလာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးလိုအသင်းမျိုးရဲ့နည်းပြတစ်ယောက်အနေနဲ့ဗျာ  . ခင်ဗျား ၂ ပွဲမှာ ၆ ဂိုးပေးရတယ်။ ၄ ကြိမ်ဦးဆောင်ပြီး ချေပခံရတယ်။  ကျွန်တော်ပြောတဲ့ တစ်ဦးချင်းအမှားတွေပြင်ဖို့ဆိုတာ အရမ်းမခက်ပါဘူး။ ဒီနေ့ပွဲရလဒ်ရော .. ဝက်စ်ဟမ်းပွဲရလဒ်ရောက ပျော်စရာမဟုတ်ပါဘူး။  ကြည့်ရတာ တစ်ဦးချင်းစွမ်းဆောင်ရည်ပြင်ဖို့ပြောရမယ့်အချိန်လို့မထင်တော့ပါဘူး။ ဘယ်သူမှအဆင်ပြေမနေဘူးဗျာ    လို့  စိတ်ပျက်လက်ပျက်ပြောဆိုသွားခဲ့ပါတယ်။ အသင်းကိုစရောက်ကတည်းက ပြောခဲ့သမျှထဲမှာ အပြင်းထန်ဆုံးလို့တောင် ဆိုနိုင်ပါတယ်။

ဝါနာသာမကယ်ရင် ဒုက္ခလှလှတွေ့မယ့်  ချဲလ်ဆီး

ကစားသမားဟောင်းပီတာခ‌‌ရော့ချ်ကတော့ ချဲလ်ဆီးအသင်းကို ဝါနာကယ်တင်သွားတာဖြစ်ကြောင်း  BT Sports ကို အခုလိုပဲပြောပါတယ်။ 

အသင်းက ဟန်ချက်တော့ပျက်နေတယ်ဗျ .. ပေးဂိုးတွေလဲအရမ်းလွယ်နေသလိုပဲ။  ဝါနာက အသင်းကို ထောင်မကျအောင်ကယ်သွားသလိုပါပဲဗျာ .. ဇင်းနစ်ကတော့ သူတို့ကြိုးစားပြီးထိုက်တန်တာကိုရခဲ့တယ် လို့ဆိုရပါမယ်။ အခွင့်အရေးတွေအများကြီး ဖန်တီးပေးသွားခဲ့တယ်။ ကီပါ အလုပ်များသွားခဲ့တာပေါ့    လို့ ဆိုခဲ့ပါတယ်။ ဇင်းနစ်ကို သရေကျချိန်မှာ တဖက်က ဂျူဗီတို့က အနိုင်ရသွားခဲ့တာကြောင့် နောက်ဆုံး ၁၆ သင်းအဆင့်မဲခွဲမှုကိုပါ သက်ရောက်မှုရှိခဲ့ပြီဖြစ်ပါတယ်။

ခရစ်စတန်ဆန် ကို ပစ်မှန်ထားနေတဲ့  မာဒီနီ

Sky Sport ရဲ့ဖော်ပြချက်အရ  အေစီမီလန် ဒါရိုက်တာ မာဒီနီက  ခရစ်စတန်ဆန်ကို  အငှားသို့   အပြီးသတ်စာချုပ်တစ်ရပ်နဲ့အတူ ဇန်နဝါရီမှာပဲ ခေါ်ယူဖို့ကြိုးစားနေတယ်လို့  သိရပါတယ်။  ချဲလ်ဆီးနဲ့ ခရစ်စတန်ဆန်တို့ကြားကအနေအထားကလဲ မတင်မကျရှိနေချိန်မှာ အခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။  အေစီတို့ ဟာ ခရစတန်ဆန်အပြင်  ချဲလ်ဆီးရဲ့ ဆား ၊  လိုင်လီရဲ့  ဘို့မန်း ၊ ဖီအိုရဲ့  မီလန်ကိုဗစ်  တို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: