နောက်ဆုံးရ အာဆင်နယ် သတင်းများ (8Dec-9am)

အီဒူးကို ရှင်းရှင်းလင်းလင်းအသိပေးခဲ့တဲ့ အာတီတာ

လက်ရှိအနေအထားတွေကနေတဆင့် အီဒူးအနေနဲ့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာက မီခေးအာတီတာ က အသိပေးနေတာဖြစ်တယ်လို့   Football London က ဖော်ပြလာပါတယ်။  အာတီတာဟာ အသင်းကို မဖြစ်မနေ ကစားသမား ၂ ယောက်ထပ်မံခေါ်ယူဖို့လိုနေတာဖြစ်ပြီး နောက်ဆုံးရသတင်းများအရ  ကူလူဆက်စကီကို ပေါင်သန်း ၃၀  ( Calciomercarto )  ၊ နိုအာလန်း ကို သန်း ၂၀ ( Fichajes ) နဲ့ ချဥ်းကပ်နေပြီလို့သိရပါတယ်။ ရီနာတို ဆန်းချက်စ် နဲ့  ကဲဗက်လီဝင်တို့ကိုလည်း ချိတ်ဆက်နေပြီလို့  သတင်းများကဖော်ပြနေကြပါတယ်။

အာတီတာရဲ့အစီအစဥ်မှာ  လာကာရော အူဘာမီယန်ရော မပါဝင်တော့

The Athletic ရဲ့ဖော်ပြချက်အရ အူဘာမီယန် နဲ့ လာကာဇက် နှစ်ယောက်စလုံးဟာ အာတီတာရဲ့ရေရှည်စီမံကိန်းမှာ ပါဝင်နေခြင်းမရှိတော့ဘူးလို့ သိရပြီး လာမယ့်နှစ်မှာ ကဲဗက်လီဝင်ကိုခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ လီဝင် ကို အာဆင်နယ်အဖွဲ့သားတွေက ကာလရှည်လေ့လာနေခဲ့တာဖြစ်ပြီး နှစ်သက်မှုကိုလည်းရရှိထားတယ်လို့ ဆိုကြပါတယ်။ သို့သော် လီဝင်ရဲ့  ဒဏ်ရာမှတ်တမ်းအပေါ်မှာမေးခွန်းထုတ်မှုတွေရှိနေတယ်လို့လဲဆိုပါတယ်။ အဆိုပါကစားသမားအတွက် သန်း ၆၀ လောကျကုန်ကျနိုင်ခြေရှိတယ်လို့  Daily Mail  ကလည်းသုံးသပ်ဖော်ပြထားပါတယ်။

ယူရီအဲဘတ်တိုကိုလဲ အာဆင်နယ် ချိန်နေ

ဘရာဇီးကလပ် နာစီယွန်နယ်တိုက်စစ်မှုး ယူရီအဲဘတ်တို  ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် အာဆင်နယ်အသင်းကချဥ်းကပ်တော့မယ်လို့  Goal Brazil ကရေးသားလာပါတယ်။ အဆိုပါ အသက် ၂၀ အရွယ် ဘရာဇီးသားကို အသင်းကြီးတွေအပါအဝင် ဥရောပဘောလုံးလောကက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။  ကစားသမားရဲ့တန်ကြေးက ပေါင် ၁၅ သန်းခန့်ရှိမှာဖြစ်ပြီး ၊ လက်ရှိ ဘရာဇီးသားတွေအဆင်ပြေနေတဲ့ အာဆင်နယ်အသင်းက ကစားသမားအတွက် စွဲဆောင်မှုတစ်ခုဖြစ်လာနိုင်တယ်လို့လဲဆိုပါတယ်။ 

ဇာကာရီယာ လုပွဲမှာ အဲဗာတန်လဲ ပါဝင်လာ

ရာသီကုန်မှာအလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်တဲ့  ဂလာဘတ်ကွင်းလယ်လူ  ဇာကာရီယာ ကို  အဲဗာတန်အသင်းကလည်းခေါ်ယူချင်နေတယ်လို့  90 Mins   ကဖော်ပြလာခဲ့ပါတယ်။ အာဆင်နယ် အသင်းနဲ့သတင်းကြီးနေတဲ့ ဆွစ်ဇာလန်ကစားသမားကို မြို့ခံပြိုင်ဖက် စပါးအသင်းကလည်းချိန်ရွယ်နေတာဖြစ်ပါတယ်။

အသင်းမပြောင်းလိုတဲ့  အာဆင်နယ်ပစ်မှတ် စိန့်တောင်ပံလူ

ဆောက်သမ်တန်တောင်ပံကစားသမား အယ်ယူနော့ဆီက   အာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟာလသတင်းတွေကို ငြင်းဆိုလိုက်ပြီး ၊ သူ့အနေနဲ့  စိန့် မှာပဲပျော်နေတယ်လို့  The SUn  ကနေဖော်ပြလာပါတယ်။  ဆဲလ်တစ်ကိုအငှားသွားကစားနေတုန်း ၁၈ ဂိုးသွင်းပေးခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ကိုပြန်ရောက်လာတဲ့နော်ဝေသားဟာ  ဒီရာသီမှာ  ၄ ဂိုးသွင်းပြီး  ၂ ကြိမ်ဖန်တီးထားပေးနိုင်သူဖြစ်ပါတယ်။ အာဆင်နယ် နဲ့ လက်စတာအသင်းတို့က အဆိုပါကစားသမားကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာဖြစ်တယ်လို့    Shoot UK ကဖော်ပြခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: