တီမိုဝါနာရဲ့နေရာမှာ အစားထိုးဖို့ ပိုက်ဆံတစ်ပြားမှ မကုန်မယ့်ကစားသမားတွေရှိထားတဲ့ ချဲလ်ဆီး

လိုက်ဇစ်အသင်းကနေ ပေါင်၄၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဂျာမန်မြေမှာ ပြသထားခဲ့တဲ့ သူရဲ့ခြေစွမ်းတွေကြောင့် ပရိသတ်တွေမျှော်လင့်ချက် အကြီးကြီးထားခဲ့ရတဲ့ တီမိုဝါနာအနေနဲ့ ချဲလ်ဆီးမှာ ထင်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ပဲ ရုန်းကန်နေတာဖြစ်ပါတယ်။ မကြာသေးမီကပဲ မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာအသစ်ဖြစ်သူ ရက်ဖ်ရန်းနစ်ခ်ဟာ လိုက်ဇစ်မှာ သူရဲ့တပည့်ဟောင်းဖြစ်ခဲ့သူ ဝါနာကို ခေါ်ယူဖို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

တူချယ်အနေနဲ့ ဝါနာကို ချဲလ်ဆီးမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် အာမခံချက် မပေးနိုင်တာကြောင့် တီမိုဝါနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ချေရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝါနာ့နေရာအစားထိုးဖို့ ကစားသမားတစ်ဦး တွေ့ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးသားပြောဆိုမှုတွေ တွေ့နေရပါတယ်။

တူချယ်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တဲ့ အဆိုပါကစားသမားကတော့ ချဲလ်ဆီးအသင်းကနေ ဆောက်သမ်တန်ကို အငှားသွားရောက် ကစားနေတဲ့ အသက်၂၀အရွယ် အယ်ဘေးနီးယားတိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဖြစ်ပါတယ်။အာမန်ဒိုဘရိုဂျာဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြပြီး အချိန်ပိုနောက်ဆုံးမိနစ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး ဆောက်သမ်တန်အသင်းကို ရှုံးပွဲကြုံတွေ့ရမယ့် အခြေအနေကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

ဘရိုဂျာဟာ ဒီနှစ်အစောပိုင်းမှာပဲ ချဲလ်ဆီးအသင်းမှာ ၂၀၂၆အထိ ဆက်ရှိနေမယ့် စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ဒါပေမယ့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဝါနာသာ ထွက်ခွာသွားခဲ့ရင် ချဲလ်ဆီးဟာ ဆောက်သမ်တန်နဲ့ အငှားစာချုပ်စည်းမျဉ်းအရ ဘရိုဂျာကို  ချက်ချင်းပြန်လည်ခေါ်ယူနိုင်မှာတော့မဟုတ်သေးပါဘူး။

“ကျွန်တော့် အနေနဲ့  ချဲလ်ဆီးအသင်းမှာ ဆက်ရှိနေဖို့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာကို တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။အသင်းရဲ့အကယ်ဒမီမှာ ကြီးပြင်းဖြတ်သန်းလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။အငှားသွားရောက်ခဲ့ရတဲ့အချိန်တွေမှာလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။

“ကျွန်တော် ဒီအတွေ့အကြုံတွေပေါ်အခြေခံပြီး ကိုယ့်ကိုယ်ကို ကောင်းမွန်အောင် တည်ဆောက်သွားမှာဖြစ်သလို လာမယ့်နှစ်တွေမှာလည်း အသင်းကို အကူအညီပေးနိုင်ဖို မျှော်လင့်နေပါတယ်” လို့  အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်းတိုးပြီးတဲ့နောက် ဘရိုဂျာက ဆိုခဲ့ပါတယ်။

လက်ရှိရာသီမှာ အာမန်ဒိုဘရိုဂျာဟာ ဆောက်သမ်တန်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးငါးဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဘရိုဂျာဟာ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ပါ၀င်ကစားခွင့်ရထားသလို ချဲလ်ဆီးပရိသတ်တွေကလည်း သူရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်နေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: