နောင်ဆယ်နှစ်စာအနာဂတ်အတွက် ပေါင်သန်း၃၅၀တန် လူငယ်‌တွေကို ပိုင်ဆိုင်ထားတဲ့ တူချယ်

သောမတ်စ် တူချယ်အတွက် ချဲလ်ဆီးအသင်းမှာ နောက်ဆယ်နှစ်စာလောက် အသင်းကို အထောက်အကူပြုပေးမယ့် ပေါင်သန်း၃၅၀တန် လူငယ်အစုအဖွဲတစ်ခု ရှိနေခဲ့ပြီးဖြစ်တယ်လို ဆိုနိုင်ပါတယ်။  အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ မေဆင်မောင့်၊ ရိစ်ဂျိမ်း၊ ချာလိုဘတ်၊ အိုဒွိုင်း ၊ ကော်နာဂယ်လယ်ဂါနဲ့ ဟာဗက်ဇ်တို့ဟာ ဥရောပရဲ့ အသက်၂၃နှစ်အောက် တန်ကြေးအမြင့်ဆုံး ကစားသမားတွေထဲမှာ ပါ၀င်ကြပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကလည်း ဒီလို လူငယ်အင်အားနဲ့ အတွေ့အကြုံရှိဝါရင့် ကစားသမားတွေရဲ့ ‌ပေါင်းစပ်မှုနဲ့အတူ ချဲလ်ဆီးဟာ ပုံစံကောင်းတစ်ခုကိုပြသနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ မေဆင်မောင့်နဲ့ ဟာဗက်ဇ်တို့ရဲ့ အတွဲအဖက်ကနေ ချန်ပီယံဖြစ်စေမယ့် တစ်လုံးတည်းသော သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။အတွေ့အကြုံရင့်တဲ့ ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ ကန်တီနဲ့ ဂျော်ဂျင်ဟိုတို့ကလည်း မိနစ်ကိုးဆယ်လုံးမှာ အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရူဒီဂါ၊ ကန်တီတို့ရဲ့ စတန်းဖိုဒ်ဘရစ်ခ်ျ အနာဂတ်ဟာ မသေမချာဖြစ်နေဆဲပါပဲ။ ဒါပေမယ့် သူတိုနှစ်ယောက် ရာသီကုန်မှာ ထွက်ခွာသွားခဲ့ရင်‌တောင် လူငယ်ကစားသမားတွေရဲ့ အင်အားကြောင့် စိုးရိမ်စရာမရှိဘူးလို့ အားကစားလေ့လာဆန်းစစ်သူအချို့က ဆိုပါတယ်။

မေဆင့်မောင့်နဲ့ဟာဗက်ဇ်တို့ရဲ့ တန်ကြေးဟာ ယူရိုသန်း၉၀(ပေါင်၇၆.၅သန်း)နဲ့ ယူရို သန်း၁၀၀(ပေါင်၈၅သန်း) စီ အသီးသီး ရှိပြီး ကမ္ဘာ့ဘောလုံးဈေးကွက်မှာ ဈေးအကြီးဆုံးလူငယ် playmakers တွေထဲက နှစ်ဦးဆိုလည်း မမှားပါဘူး။ လက်ရှိရာသီ ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၅ဂိုးသွင်း၊ ၅ဂိုးဖန်တီးထားတဲ့ အင်္ဂလန်ညာနောက်လံလူ ရိစ်ဂျိမ်းရဲ့တန်ကြေးကလည်း ယူရိုသန်း၁၀၀(ပေါင် ၈၅သန်း)အထိရှိနေတာဖြစ်ပါတယ်။ အသင်းရဲ့ တိုးတက်လာတဲ့ လူငယ်လေးအိုဒွိုင်းကလည်း တန်ကြေးတရိပ်ရိပ်တက်နေသူဖြစ်ပါတယ်။

နောက်တန်းသုံးယောက်တန်းနေရာမှာ ကစားနေတဲ့ အသက်၂၂နှစ်အရွယ် ချာလိုဘတ်ဟာလည်း တူချယ်ရဲ့ လက်အောက်မှာ တောက်ပလာတဲ့ ကြယ်ပွင့်တစ်ပွင့်ပဲ ဖြစ်ပြီး လက်ရှိရာသီ ချဲလ်ဆီးရဲ့ ခံစစ်မှတ်တမ်းကောင်းမှာ အရေးပါခဲ့တဲ့ သူတစ်ဦးဆိုလည်း မမှားပါဘူး။ဒီရာသီ သူရဲ့ပွဲဦးထွက် ကိုးပွဲမှာ ဂိုးမပေးရတဲ့ပွဲစဉ်ခြောက်ပွဲထိရှိခဲ့ပြီး သူရဲ့ခြေစွမ်းအရ တန်ကြေးကလည်း ယူရို သန်း၄၀(ပေါင်၃၄သန်း) အထိ ရှိနေတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကို အငှားသွားရောက်ကစားနေတဲ့ လူငယ်ကစားသမား ကော်နာဂယ်လယ်ဂါဟာလည်း ပက်ထရစ်ဗီအဲရာ ရဲ့လက်အောက်မှာ ခြေစွမ်းပြနေခဲ့ပြီး သူရဲ့တန်ကြေးကလည်း ယခုအချိန်မှာ တန်ကြေး ယူရိုသန်း၃၀(ပေါင်၂၅.၅သန်း)အထိမြင့်တက်လာပါတယ်။ အသက်၂၁နှစ်အရွယ်သာ ရှိသေးပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၄ဂိုး သွင်းယူခဲ့ပြီးဖြစ်သလို ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒီလူငယ်ကစားသမားအစုအဖွဲရဲ့တန်ကြေးဟာ ပေါင်၃၀၆သန်း အထိရှိပြီး သူတို့ကိုအခြေခံကာ နောက်ထပ်ဆယ်နှစ်လောက်အထိ တူချယ်ဟာ ချဲလ်ဆီးအသင်းကို တည်ဆောက်နိုင်တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: