နံနက်ခင်း ချဲလ်ဆီးမှတ်စု (8Dec-8am)

ဟန်ဂေရီနောက်ခံလူကို ချဲလ်ဆီးတို့ မရသေးပါ

ဖီနာဘာချီအသင်းဟာ ချဲလ်ဆီးက သူတို့ကစားသမား ဇလိုင်းကိုခေါ်ယူဖို့ သဘောတူထားပြီဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်းငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံခြားသတင်းစာတွေမှာပါနေတဲ့  သူအသင်းပြောင်းတော့မယ် ဆိုတာတွေက အမှန်မဟုတ်ပါဘူး။ သူနဲ့ပတ်သတ်လို့ ဘယ်ဆွေးနွေးမှုကိုမှလက်ခံပြောကြားနေခြင်းမရှိသလို ၊ ကစားသမားကလည်း အသင်းနဲ့တူတူ ရည်ရွယ်ချက်တွေကို လုပ်ဆောင်နေတာသာရှိပါတယ်..ဒါကို ပရိတ်သတ်တွေကို အသိပေးလိုပါတယ်  လို့  Sky Sport ကတစ်ဆင့်ကြေငြာချက်ထုတ်သွားခဲ့ပါတယ်။

ရူဒီဂါ လုပွဲ  မန်ယူအသင်းလဲပါဝင်လာ

The Independent သတင်းရဲ့  နောက်ဆုံးဖော်ပြလာချက်အရ မန်ချက်စတာယူနိုက်တက်တို့ဟာချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ရူဒီဂါကို ခေါ်ယူရေးမှာ ပါဝင်လာပြီလို့ဖော်ပြလာပါတယ်။ ဒါပေမယ့်   ရူဒီဂါအနေနဲ့ တကယ်ထွက်ခွာဖြစ်ခဲ့ပါက ဘိုင်ယန်မြူးနစ်ကိုသာရွေးချယ်မှာဖြစ်ပြီး ပြည်တွင်းပြိုင်ဖက်ကိုတော့သွားဖွယ်မရှိကြောင်း အဆိုပါသတင်းက ဆက်လက်ဖော်ပြပါတယ်။  ဆက်လက်ပြီး  ကပဲ The Independent ရူဒီဂါရဲ့ အစ်ကိုဖြစ်သူက ရီးရဲမက်ဒရစ်ကိုယ်စားလှယ်တွေနဲ့လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတွေ့ခဲ့တယ်လို့  ဆိုလာပြန်ပါတယ်။

ကိုဗာဆစ်တစ်ယောက်လေ့ကျင့်ရေးဆင်းနေပြီးခါမှ ကိုဗစ်ကြောင့် ပြန်နားရမယ်

ကိုဗာဆစ်တစ်ယောက်လေ့ကျင့်ရေးပြန်ဆင်းနေပြီးခါမှ ကိုဗစ်ကြောင့် အနားယူရတော့မယ့်အပေါ်တူချယ်က

မနေ့ကပဲ မက်တီယိုကို လေ့ကျင့်ရေးမှာ ပြုံးပျော်ပြီးတွေ့ခဲ့ရတာပါ။ ခုလိုအချိန်မှာသူ့ကိုပြန်မြင်ရတာ ဘယ်လောက်ကောင်းလိုက်သလဲဗျာ .. ဒါပေမယ့် သူမှာ  ကိုရိုနာဗိုင်းရပ်  ပေါ့စတစ် လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒီတော့  သီးခြားနေထိုင်ဖို့ လိုပါလိမ့်မယ်ံ။ ဒီအတွက်ကျွန်တော်တို့အားလုံးစိတ်မကောင်းပါဘူး။ ဒါဟာ မန်နေဂျာတစ်ယောက်နေနဲ့တင်မကပါဘူး .. လူတစ်ယောက် .. မိတ်ဆွေတစ်ယောက်အနေနဲ့ပါ ဝမ်းနည်းရတဲ့ ကိစ္စပါပဲ   လို့ဖြေခဲ့ကြောင်း The Independent    ကဖော်ပြခဲ့ပါတယ်။

အဆင်ပြေသလို လူစာရင်းထုတ်နေရကြောင်း တူချယ်ရှင်းပြ

ဇင်းနစ်အသင်းနဲ့ပွဲမှာ လူထုတ်ဖို့အခက်အခဲတွေနဲ့ပတ်သတ်ပြီး တူချယ်က အခုလိုဆိုပါတယ်။

 နှစ်ပွဲဆက်ကစားရတာပြသနာတော့မဟုတ်ပေမယ့် ကွာခြားမှုတွေရှိတယ်ဗျ။ အရင်ကပြောခဲ့သလိုပဲ စနေတစ်ပွဲ – ဗုဒ္ဓဟူးတစ်ပွဲ  ဒါမှမဟုတ် အိမ်ပွဲ အဝေးပွဲကာလမျိုးမှာ  ကစားသမားအားလုံးအတွက်အဆင်ပြေအောင်ပွဲထုတ်ရတာပါပဲ။  ကားစီးပြီးအကြာကြီးခရီးသွားရတာမျိုး ၊ လေယာဥ်စီးရတာမျိုး အချိန်ကွဲတာတွေ ၊ နောက်ပြီးပြန်ရောက်လာတယ်ဗျာ။ ဒီလိုရက်တွေစိပ်နေတဲ့အချိန်မှာ လူထုတ်ရတာ  တကယ်ကိုခက်ပါတယ်။ အဓိက ကစားသမား ၃ ယောက်လောက်ကနာနေချိန်မှာ ရှိတဲ့ကစားသမားတွေကိုပဲ နေရာတွေပြောင်းကစားပြီးအနိုင်ရဖို့စီစဥ်ရတာပါပဲ။ အနိုင်ရဖို့ရော ၊ အနိုင်ရဖို့စိတ်ကိုရောပြင်ဆင်ရတာပါပဲ    လို့ ဆိုသွားခဲ့တာပါ။  လက်ရှိချဲလ်ဆီးတို့ဟာ ရှိတဲ့လူစာရင်းနဲ့ တစ်ပွဲခြင်းစီကိုပြင်ဆင်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးပစ်မှတ်  အန်တိုနီကို  အေဂျက်စ်က အလျင်စလို မရောင်းထုတ်လို

ချဲလ်ဆီးအသင်းက အလိုရှိနေတဲ့  အေဂျက်စ်တောင်ပံလူ အန်တိုနီ ကို နည်းပြဖြစ်သူ တန်ဟက် က ဇန်နဝါရီမှာ ထွက်ခွာခွင့်မပေးလိုဘူး လို့   Mirror    သတင်းဌာန ကဖော်ပြလာပါတယ်။  အသက် ၂၁ ရှိပြီဖြစ်တဲ့ ဘရာဇီးလူငယ်လေးဟာ ဒီရာသီမှာ ၁၅ ပွဲကစား ၊ ၆ ဂိုးသွင်းယူပြီး ၄ ကြိမ်ဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။  နေမာလက်သစ်လို့နာမည်ရနေတဲ့ ကစားသမားလေးကို တန်ဟက် ကလည်း အသင်းအတွက်အရေးပါသူဖြစ်လို့ ဇန်နဝါရီမှာ လက်မလွှတ်လိုတာဖြစ်တယ်လို့ သတင်းများကဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: