နောက်ဆုံးရ အာဆင်နယ် သတင်းများ (7Dec-10am)

အိုဒီဂတ်ကိုတော့အပြစ်မမြင်ကြတဲ့ပရိတ်သတ်များ

အဲဗာတန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပရိတ်သတ်တွေဟာ  အိုဒီဂတ်တစ်ယောက်ပဲ ကြည့်ရတာအဆင်ပြေတယ် ဆိုပြီး ကစားသမားကို ချီးကျူးပြောဆိုနေကြတယ်လို့  The Boot Room ကဖော်ပြသွားပါတယ်။ အိုဒီဂတ်ဟာ အသင်းကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရပါ ဆွဲတင်ဖို့ကြိုးစားနေပြီး စမစ်ရိုး မပါတဲ့ပွဲမှာ ကွင်းလယ်ကို ပိုပြီးဦးဆောင်ကစားသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာသွင်းယူတဲ့ဂိုးအပါအဝင် ဒီရာသီမှာ အာဆင်နယ်အတွက် ၃ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။

အီဒူးတစ်ယောက်မဖြစ်မနေ အလုပ်လုပ်ရတော့မယ့်အခြေအနေ

ဗလာဟိုဗစ်ကိုခေါ်ယူဖို့အတွက် ပရိတ်သတ်တွေရဲ့ တွန်းအားပိုများလာခဲ့ပြီး ၊ အီဒူးအနေနဲ့လည်း မဖြစ်မနေတိုက်စစ်မှုးခေါ်ယူရမယ့် အခြေအနေကို နားလည်ထားပြီး ကြိုးပမ်းရတော့မယ် လို့  ကဖော်ပြလာပါတယ်။ ဖီအိုရင်တီးနားတို့ဟာ အာဆင်နယ်ရဲ့ တော်ရဲရားကိုလည်းခေါ်ယူချင်နေတာဖြစ်လို့ အသင်းနှစ်သင်းအကြား အဆက်အဆံတည်ဆောက်ထားပြီးဖြစ်ပေမယ့် ကစားသမားရဲ့ ဆန္ဒကလည်းအရေးပါနေတာဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ အာဆင်နယ်အသင်းဖက်က လိုလိုချင်ချင်ရှိနေတဲ့ တိုက်စစ်မှုးလဲဖြစ်ပါတယ်။

ARTETA OUT အချိန်တွေပြန်ရောက်လာခဲ့ပြီ

အဲဗာတန်ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ပရိတ်သတ်တွေဟာ အာတီတာကို ထုတ်ပယ်ဖို့ ရေးသားမှုများစွာပြုလုပ်လာကြပါတယ်။  ချဲလ်ဆီးနဲ့ မန်ယူတို့ဟာ   သူတို့ရဲ့ ကစားသမားဟောင်း နည်းပြတွေကို ထုတ်ပယ်ခဲ့သလို အာဆင်နယ်ကလဲ လုပ်ဆောင်ရမယ်လို့ ဆိုလာကြပြီး ၊ ဘင်နီတက်စ်နဲ့ အရည်အသွေးကွာဟာသူအဖြစ်ရေးသားကြသလို  အာတီတာဟာ သူ့အရည်အသွေးသူ ပြသခဲ့တယ် ဆိုပြီး လှောင်ပြောင်နေကြတယ် လို့   101 Great Goals ကဖော်ပြလာပါတယ်။

ပေပေကိုမထည့်သွင်းပဲ အန်ကတ်တီယာကို ထည့်ခဲ့ရတဲ့အကြောင်းကို အာတီတာရှင်းပြ

အဲဗာတန်နဲ့ပွဲမှာ ပေပေကိုမထည့်သွင်းပဲ  အန်ကတ်တီယာ ကိုကစားစေခဲ့လို့ မေးခွန်းထုတ်နေကြတဲ့ ပရိတ်သတ်တွေကို အာတီတာက အခုလိုပဲ ဖြေရှင်းခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ သူဘယ်လောက်အားထုတ်တယ်ဆိုတာ ကျွန်တော်မြင်ထားပါတယ်။ နောက်ပြီး အက်ဒီ ဟာ အခွင့်အရေးတွေဖန်တီးခဲ့သလို  ၊ တိုင်ထိတဲ့အားထုတ်မှုလဲ လုပ်နိုင်ခဲ့ပါတယ်။  သူ့ရဲ့အားထုတ်မှုတွေကို လေ့ကျင့်ရေးမှာနေ့တိုင်းမြင်နေရတာကြောင့် ဒီပွဲမှာ သူ့ကိုထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာပါ  လို့ ဆိုခဲ့ပါတယ်။

အီကာဒီကို ချဲလ်ဆီးနဲ့အတူ စိတ်ဝင်စားနေတယ်ဆိုတဲ့ အာဆင်နယ်

အားကစားသတင်းထောက် အက်ကရင် ကူနော  က ပီအက်ဂျီတိုက်စစ်မှုး အီကာဒီဟာ ပိုချက်တီနိုလက်အောက်မှာ နေရာမရတော့တာကြောင့် အသင်းပြောင်းဖို့ပြင်ဆင်နေပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုလာပါတယ်။ အီကာဒီဟာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ရှိနေသူဖြစ်ပြီး  ပြင်သစ်မှာ ၇၇ ပွဲကစား ၃၆ ဂိုးသွင်းပြီး ၁၁ ကြိမ်ဖန်တီးပေးထား နိုင်သူဖြစ်ပါတယ်။  အသက် ၂၈ နှစ်ရှိတိုက်စစ်မှုးဟာ ခြေစွမ်းရော အတွေ့အကြုံပါ လိုအပ်နေတဲ့ အာဆင်နယ်အတွက် သင့်တော်တယ်လို့    အားကစားသတင်းဌာနတွေက‌ ရေးသား နေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: