အခက်အခဲတွေက ဖြေရှင်းလို့ရတဲ့အနေအထားမှာရှိနေတယ်လို့ ပြောတဲ့ တူချယ်

ချဲလ်ဆီးအသင်းဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ မန်စီးတီး၊ လီ‌ဗာပူးလ်အသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ဖို့ ပြဿနာ အကြီးကြီးတွေ ရှိ‌နေပြီလားဆိုတာနဲ့ ပတ်သက်ပြီး တူချယ်က အခုလိုပဲ ရှင်းလင်းခဲ့ပါတယ်။

“ဒါက ပြဿနာအသေးအမွှားလေးတွေပါ။ ပြဿနာအသေးအမွှားလေးတွေဆိုတာ ‌ဖြေရှင်းလို့ရပါတယ်။ပုံကြီးချဲ့ ပြောနေစရာမလိုသလို သံသယအကြီးကြီးတွေ၀င်ဖို့လည်း မလိုအပ်ပါဘူး”

“မန်ယူ၊၀က်စ်ဟမ်းတို့ နဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်တွေရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါက ကျွန်‌တော့်အမြင်အရအသင်းအနေနဲ့ ပြဿနာအသေးအဖွဲလေးတွေ၊ လိုအပ်ချက် အနည်းငယ်တွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ကြီးမားတဲ့ ပြဿနာကြီးတစ်ခုကို ရင်ဆိုင်နေရတယ်လို့ ပုံကြီးချဲ့ပြောရ‌လောက်အောင်မရှိပါဘူး၊‌ ဒါ‌ကြောင့် ဒီပြဿနာ‌လေးတွေကို ကျွန်‌တော်တို့ လွယ်လွယ်ကူကူပဲ ‌ဖြေရှင်းနိုင်မယ်လို ယုံကြည်တာပါပဲ” လို့ ၀က်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ တူချယ်က ဆိုခဲ့ပါတယ်။ဒီလန်ဒန်ဒါဘီ ရှုံးပွဲကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့် တစ်နေရာကနေ မန်စီးအသင်းကို ဖယ်ပေးခဲ့ရပြီး အဆင့်သုံးနေရာအထိ ဆင်းပေးခဲ့ရပါတယ်။

Advertisements

၀က်စ်ဟမ်း၊မန်ယူနဲ့ ၀က်ဖိုဒ်တို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ကစားသမားအချို့အနေနဲ့ အမှားတွေများခဲ့တာကြောင့် အသင်းအနေနဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး။

ဒီလို ကစားသမားအချို့ရဲ့အမှားနဲ့ ပတ်သက်ပြီးတော့လည်း တူချယ်က “ဘယ်သူမှတော့ အမှားမလုပ်ချင်ကြပါဘူး။ ဟေ့ အမှားတွေ ထပ်မလုပ်နဲ့တော့ လို့ပြောတာကလည်း အကူအညီဖြစ်မှာတော့ မဟုတ်ပါဘူး။ကျွန်တော်တို့ အနေနဲ့ ဒါတွေကိုလည်း ရင်ဆိုင်ရမှာပဲဖြစ်ပြီး အမှားတွေက‌နေ သင်ခန်းစာယူပြီး အရေးကြီးတဲ့ပွဲစဉ်အခိုက်အတန့်တွေမှာ ပေးဂိုးမရှိအောင် ဒါမှမဟုတ် တစ်ဂိုးထပ်ပိုမပေးရအောင်  ပိုကောင်းလာဖို့ ကြိုးစားရမှာဖြစ်ပါတယ်”လို့  ဆိုခဲ့ပါတယ်။

၀က်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ကိုင်ဟာဗက်ဇ်အစား လူကာကူကို ဒုတိယပိုင်းမှာ လူစားလဲ ထည့်သွင်းခဲ့ပေမယ့် ကြံခိုင်မှုမပြည့်၀‌သေးတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးကြီးဟာ ခြေစွမ်းပြဖို ရုန်းကန်ခဲ့ရပါတယ်။‌‌ ဝေဖန်မှုမြင့်မားနေတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း တူချယ်က ဒါက သူ့အမှားဆိုတာကို ၀န်ခံခဲ့ပါတယ်။

“ဒါက ကျွန်တော်ရဲ့အမှားပါပဲ၊ လူကာကူအနေနဲ့ ဒုတိယပိုင်း ၄၅မိနစ်ကို ၀င်ရောက်ကစားဖို လုံလောက်တဲ့ ကြံခိုင်မှု မရှိသေးဘူးလို့ ကျွန်တော်သိခဲ့ပါတယ်။ဒါပေမယ့် ဟာဗက်ဇ် ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ သူ့ကို မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်”

“၀က်စ်ဟမ်းရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ဟာဗက်ဇ်အနေနဲ့ အဆင်မပြေဖြစ်နေခဲ့ပါတယ်။ ဒါကို ဖြေရှင်းဖို့ ကျွန်တော့်မှာ တာ၀န်ရှိခဲ့ပြီး အရပ်အမောင်းမြင့်မားတဲ့ ၊ ထောင့်ကန်ဘောတွေမှာ ခံစစ်ကို ကူညီနိုင်တဲ့ လူကာကူကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကို ကျွန်‌တော်ချခဲ့တာ ဆိုတော့ ကျွန်တော်ပဲ တာ၀န်ယူရမှာပါ”လို့  တူချယ်က ပြောခဲ့ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: