ဇီယက်ချ် တစ်ယောက် ပိုပြီးအရေးပါလာခဲ့ပြီလား

ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကစားသမားတွေ ဒဏ်ရာရသွားတဲ့နောက် ဂိုးရဖို့အရေးဟာ တသင်းလုံးတာဝန်ဖြစ်တော့တာပါပဲ။ ဒီလိုအချိန်မှာ သိသိသာသာ ထိုးတက်သွားတဲ့သူတွေရှိသလို ၊ နိုင်သလောက် ဝန်ကိုထမ်းသွားသူတွေလဲရှိတာပဲ။ ဇီယက်ချ် ဟာ ရုန်းကန်နေရတယ်ဆိုတာ အားလုံးသိတဲ့အချက်၊ ဒီကြားထဲကပဲ အခက်ခဲဆုံးအချိန်မှာ ဂိုးတွေသွင်းပေးခဲ့တယ်။ ဖန်တီးမှုတွေလဲရှိခဲ့တယ်။ အဲ့ဒီနောက် သူက နေရာတစ်နေရာလိုချင်ပုံတော့ ရလာပါတယ်။ ဒီရာသီမှာ သူကစားတာ ၁၄ ပွဲရှိနေပြီဖြစ်ပြီး ၃ ဂိုးသွင်းထားနိုင်ပါတယ်။

သူက   ကျွန်‌တော်ပိုပြီးအခြေကျလာပြီလို့ ထင်ပါတယ်။  တဖြေးဖြေးနဲ့ အရာအားလုံးက အဆင်ပြေစပြုလာပါပြီ။  ပရီးမီးယားလိဂ်ရဲ့အဆင့်အတန်းကိုလုံးဝအထင်မ‌သေးခဲ့သလို ခက်ခဲမယ်ဆိုတာ ကြိုမှန်းထားပြီးသားပါ။  ဒဏ်ရာတွေကတော့ တော်တော်လေးဆိုးခဲ့ပါတယ်။ ပြန်ကစားလိုက် ပြန်နာလိုက်နဲ့မို့ တော်တော်လေးခက်ခဲ့ပါတယ်။ အခုတော့ ဘယ်လိုကြံ့ခိုင်အောင်နေရမယ်ဆိုတာ ကောင်းကောင်းသိနေပါပြီ  လို့   တူချယ်ကို သတင်းစကားပေးလာပါတယ်။

ဒီအချိန်မှာပဲ  တိုက်တိုက်ဆိုင်ဆိုင် ၂၈နှစ်အရွယ်တောင်ပံကစားသမားက  ပုံမှန်ပွဲထွက်ခွင့်ရနိုင်တယ်အသင်းတစ်သင်း ကိုပြောင်းရွေ့ချင်နေတယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လတ်တလောနာမည်ထွက်တာကတော့ ဂျာမနီက ဒေါ့မွန်နဲ့  စပိန်က ဘာစီလိုနာ။

ဇီယက်ဟာ အေဂျက်အသင်းကနေပြီး ချဲလ်ဆီးအသင်းကိုပေါင် (၃၆)သန်းနဲ့ ၂၀၂၀ဇူလိူင်လက ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ စာချုပ်သက်တမ်း က ၂၀၂၅ ထိရှိတာ ကြောင့် အသင်းမှာဆက်ရှိပြီး ပွဲထွက်တနေရာအတွက် တိုက်ပွဲဝင်သွားမလား အသင်းပြောင်းမှာလား ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

Ziggo Sports နဲ့ အင်တာဗျူးမှာ အသင်းဟောင်းနဲ့ပတ်သက် ပြီး မေးမြန်းခဲ့တဲ့ အပေါ် ဇီယက်က အေဂျက်ကိုသတိရကြောင်း တချိန်ချိန်မှာ ပြန်ကစားချင်ကြောင်းထုတ် ဖော်ပြောကြားလာခဲ့ပါတယ်။

ဇီယက်ချ်က ” ကျွန်တော်အေဂျက်ကိုချစ်တယ်၊ အဲ့ဒီမှာ အကောင်အထည်ဖော်ဖို့စိတ်ကူးကောင်းကောင်းလေး တွေရှိခဲ့တယ်။ အေဂျက်ကတော့ အိမ်လိုပါဘဲ။ အနာဂတ်မှာဘာတွေဖြစ်လာမလဲ မသိပေမယ့် ကျွန်တော့် အနေနဲ့ကတော့ ပြန်ဖို့ဆိုတာသေချာပါတယ်။ သူတို့ခေါ်ရင်ပေါ့ဗျာ။ ဒီလိုပြောလို့ လက်ရှိအသင်းမှာမပျော်ဘူးလို့မဟုတ်ဘူး။ ဘယ်သူမဆိုလက်ရှိအခြေနေကို အကောင်းဆုံးပုံဖော်ကြမှာပါ။ ပျော်အောင်နေတာဘဲဖြစ်ဖြစ် လုပ်နေရတာတွေကိုအကောင်းဆုံးလုပ်တာတို့ဘာတို့ပေါ့

အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ကူးကတော့လူတိုင်းမှာ ရှိတာပဲ  .. တနေ့နေ့မှာတော့ ဖြစ်လာမှာပါ လို့လဲ ပြောဆိုခဲ့ပါတယ်။  ဒီတော့ သူ့ကိုကြည့်ရတာ ချဲလ်ဆီးမှာအစွမ်းပြပြီးနောက်  ငယ်ဘဝအသင်းကိုပြန်ချင်နေပုံပိုရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမားတယောက်ဆိုတာကိုပြောဖို့ခက်ပေမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင် နယ်တက်ရောက်ဖို့မှာ ဇီယက်ချ်ဟာ အသင်းကိုအကောင်းဆုံးပံ့ပိုးနိုင်ခဲ့ပါတယ်။ ဒဏ်ရာအခြေနေတွေ ကြောင့် သာမဟုတ်ရင် ဇီယက်တယောက်ယခုထက် ပိုကောင်းတဲ့ အခြေနေတွေကိုဖန်တီးထားနိုင်မှာလဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းတွက် ပွဲပေါင်း  ၅၄ ပွဲ မှာ ၈ ဂိုးဖန်တီးထားပြီး ၉ ဂိုးသွင်းယူထားပါတယ်။ အသင်းမှာ တစ်စ တစ်စအရေးပါလာတဲ့ ဇီယက်ချ် ဟာ ခြေစွမ်းသာငြိမ်ရင်အသင်းအတွက် ကောင်းကောင်အထောက်အပံ့ပေးနိုင်သူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: