နံနက်ခင်း ချဲလ်ဆီး မှတ်စု (7Dec-8am)

ကိုဗာဆစ် လေ့ကျင့်ရေး ပြန်ဆင်းပြီ

The Times သတင်းထောက်  တွမ်ရိုဒီ ရဲ့ဖော်ပြချက်အရ  ကာလရှည်အနားယူနေရတဲ့ မက်တီယို ကိုဗာဆစ် ဟာ  အသင်းနဲ့အတူ   ပြန်ဆင်းတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ စနေနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဥ်အတွက် ဒဏ်ရာရ ကစားသမားတွေများပြားနေချိန်မှာ ကိုဗာဆစ်ရဲ့ သတင်းက အသင်းကိုအလွန်အထောက်အကူပြုစေပါတယ်။  ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်က ကိုဗာဆစ်ရဲ့ ဒဏ်ရာအတွက် မတင်မကျပြောဆိုထားခဲ့တာတော့ ရှိပါတယ်။

သူ ချဲလ်ဆီးကိုပြောင်းမှာပါ

ဟန်ဂေရီ လက်ရွေးစင်အသင်းရဲ့နည်းပြ  ရော့စီကတော့   လူငယ်ခံစစ်မှုး ဇာဇလိုင်း အနေနဲ့ မကြာခင် ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လိမ့်မယ် လို့ ပြောဆိုသွားခဲ့ပါတယ်။ Calciomercato  နဲ့ တွေ့ဆုံရာမှာသူက  သူ့ရဲ့တိုးတက်မှုတွေကို ကောင်ကောင်းကြီးမြင်နေရပါတယ် ၊  ဖီနာဘာချီအတွက်အကောင်းဆုံး ကစားပေးနေသူဖြစ်ပါတယ်။ မကြာခင် ချဲလ်ဆီးမှာ မြင်ရမယ်ထင်ပါတယ်။ သူ့ကိုလိုချင်နေတဲ့ အသင်းတွေက အများကြီးပါ ဒါပေမယ့် သူချဲလ်ဆီးနဲ့  သဘောတူညီမှုရထားပုံပါပဲ    လို့ဆိုသွားခဲ့တာပါ။

အသင်းခေါင်းဆောင်ဖြစ်ဖို့က သူ့အိမ်မက်ပါ

ခြေစွမ်းပြနေတဲ့နောက်ခံလူ ရိစ်ဂျိမ်းရဲ့   အိမ်မက်က ချဲလ်ဆီးအသင်း ကပ္ပတိန် ဖြစ်လာဖို့ ဖြစ်ကြောင်း သူ့ရဲ့ဖခင်  နီဂယ်လ်  The Athletic  သတင်းစာကိုပြောခဲ့ပါတယ်။ သူက   ပွဲပေါင်း ၁၀၀ ကစားနိုင်ခဲ့ပြီ .. သိပ်ပျော်တာပေါ့ဗျာ .. ကစားသမားအချို့ သူတို့သက်တမ်းတစ်လျှောက်ပွဲ ၃၀၀ လောက်ကစားကြချိန်မှာ အသက် ၂၁ နဲ့ ပွဲ ၁၀၀ ပြည့်ခဲ့တာပဲ။ ဒါပေမယ့် အရမ်းစိတ်မလှုပ်ရှားပါဘူး။  သူ အသင်းခေါင်းဆောင်ဖြစ်လာတဲ့နေ့မှာ တော့ သေချာပေါက် စိတ်လှုပ်ရှားမှာပါ  လို့ ဆိုသွားခဲ့တာပါ။

အခွင့်အရေးရှိရင် အေဂျက်စ် မှာပြန်ကစားချင်ပါတယ်

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တောင်ပံလူ ဇီယက်ချ်က သူ့ရဲ့  ကစားသမားဘဝမကုန်ဆုံးခင် အချိန်မှာ  အေဂျက်စ် အသင်းအတွက် ပြန်ကစားပေးချင်တယ်လို့  ဆိုကြောင်း Daily Mail က အခြားသတင်းများကို ကိုးကားပြီး ဖော်ပြလာပါတယ်။  အေဂျက်စ် လူငယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အောင်မြင်မှုပေါင်းမျာစွာကိုရရှိခဲ့တဲ့ ဇီယက်ချ်က  Ziggo Sport နဲ့တွေ့ဆုံရာမှာ    ‌အေဂျက်စ်က ကျွန်တော်သိပ်ချစ်တဲ့အသင်းပါ။ အံ့သြစရာကောင်းတဲ့အချိန်တွေအများကြီးရှိခဲ့တဲ့နေရာပေါ့။  ကျွန်တော့်ရဲ့  အိမ်လိုဆိုရင်လဲ မမှားပါဘူး ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ မပြောတတ်ပေမယ့်  ကျွန်တော့်သဘောအရဆိုရင်တော့  ဒီအသင်းဟာ သေချာပေါက် ပြန်ကစားချင်တဲ့နေရာပါပဲ   လို့ ဆိုခဲ့တာပါ။

ဖိုဖာနာနဲ့ သတင်းထွက်တဲ့ ချဲလ်ဆီး

နောက်ခံလူလိုအပ်နေတဲ့ ချဲလ်ဆီးတို့အတွက်  နောက်ထပ် အပြောင်းအရွှေ့သတင်းတစ်ခုအဖြစ် လက်စတာအသင်းကစားသမား ဖိုဖာနာကို မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူမယ်လို့   Bankan Talk ကရေးသားလာပါတယ်။ ဖိုဖာနာရဲ့ သတင်းက  ချဲလ်ဆီးအသင်းနဲ့ကြားမှာ အသစ်တော့မဟုတ်ပေမယ့် ဇန်နဝါရီကာလရောက်ခါနီးချိန်မှာ ပြန်လည်ထွက်‌ပေါ်လာတာဖြစ်ပါတယ်။ ဒီပြင်သစ်လူငယ်လေးဟာ ခြေစွမ်းကောင်းရှိသူအဖြစ် သတ်မှတ်ခံထားရပြီး အသင်းကြီးတွေရဲ့ပစ်မှတ်လည်းဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: