အူဘာမီယန်က ဝင်မကစားနေတဲ့အတိုင်းပါ – တောင်ဆန်

ဘောလုံးသုံးသပ်သူ အန်ဒီတောင်ဆန်ကတော့  Premier League Production    နဲ့ဆွေးနွေးခန်းမှာ ခပ်ရှင်းရှင်းပဲ ပြောလိုက်ပါတယ်။

ကပ္ပတိန်အူဘာမီယန် က အာတီတာကို ဘာဆက်လုပ်ရမှန်းမသိဖြစ်အောင်လုပ်နေတာဗျ။  သူက အသင်းမှာ လူတစ်ယောက်လျှော့နေတယ်လို့ ကို ခံစားရစေတာ

အူဘာမီယန် ဟာ အသင်းကိုနစ်နာစေတဲ့လွဲချော်မှုကို အဲဗာတန်နဲ့ပွဲမှာ ထပ်ပြီးလုပ်ခဲ့တဲ့နောက်မှာ အာဆင်နယ် ကပ္ပတိန်ကို ချန်လှပ်ထားခြင်းဟာ လုံးဝမျှတတဲ့လုပ်ရပ်လို့ ဆိုခဲ့ပါတယ်။

သူဟာအသင်းခေါင်းဆောင်လဲဖြစ်တယ်၊  ဒါပေမယ့် အသင်းကိုဦးတည်ချက်ပျောက်နေစေတယ်ဗျာ၊ နည်းပြက ပွဲကိုပြောင်းလဲစေမယ့်အဖြေတစ်ခုကိုရှာဖွေနေရချိန်မှာ အသင်းရဲ့အကောင်းဆုံးတိုက်စစ်ကို ထည့်ခဲ့တာပါပဲ။  လုပ်ရပ်ကမှန်ပါတယ်၊ ဒါပေမယ့်  အူဘာမီယန်ကပုံစံကောင်းတွေ ပျောက်ဆုံးနေတယ်။ တကယ်ကို ၁၀ ယောက်နဲ့ကစားနေရသလိုပဲ။ သူကပွဲနဲ့အဝေးကြီးမှာ ရောက်နေတာပါ  လို့တောင်ဆင်က ပြောခဲ့တာပါ။

တကယ်တော့ အူဘာမီယန်တစ်ယောက်ပုံစံကောင်းတွေပျောက်နေခဲ့တာ စာချုပ်သစ်ချုပ်ဆိုပြီး ကတည်းကဖြစ်ပြီး  အရင်ကအူဘာမဟုတ်တော့တာ တစ်ရာသီကျော်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ် အတွက်  FA Cup ဖိုင်နယ်မှာခြေစွမ်းပြပြီးတဲ့နောက်မှာ အူဘာ ဟာ အားကိုးအားထားပြုလို့ရတဲ့တိုက်စစ်မှုး မဟုတ်တော့ပါဘူး၊။ တကယ်လို့  အူဘာကို ရောင်းထုတ်တာမျိုးရှိလာရင်လဲ အံ့သြစရာတော့ မဟုတ်ဘူး လို့  HITC News  က ဆိုပါတယ်။

အချို့ကတော့ အာတီတာကိုလဲ မနေ့ကရှုံးပွဲမှာ တာဝန်မကင်းဘူးလို့ ဆိုကြပြီး ၊ အာတီတာအနေနဲ့လဲ စီနီယာကစားသမားတွေအပေါ်ဝေဖန်မှုအချို့ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့  အီဒူးအနေနဲ့  စျေးကွက်ထဲမှာ တိုက်စစ်မှုးအသစ်ရှာဖွေဖို့ကို တုန့်ဆိုင်း မနေတော့ပဲ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဖိအားပေးနေကြပါပြီ။  နောက်ဆုံးရသတင်းတွေ အရတော့  ကူလူဆက်စကီ ကို ပေါင် ၃၅ သန်းခဲ့ခေါ်ယူဖို့ စတင်ချဥ်းကပ်နေပြီလို့လဲ Sport Witness သတင်းအရ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: