ပါတေးက အသင်းအတွက် ဝန်ထုပ်ဝန်ပိုးပါ
အာဆင်နယ်ဂန္တဝင်ကြီးကတော့ အသင်းကို ဒုက္ခပေးနေတာက အူဘာမီယန်းမဟုတ်ပဲ ပါတေးသာဖြစ်တယ်လို့ Off The Ball နဲ့ တွေ့ဆုံစဥ်မှာ ဝေဖန်ပြောကြားသွားပါတယ်။ သူက ပြသနာကကွင်းလယ်မှာဗျ .. လောလောဆယ်ပါတေးကစားပုံကလုံးဝကောင်းမနေဘူး။ အသင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်နေစေတာ အဲ့ဒီအပိုင်းပဲလို့ ကျွန်တော်ထင်ပါတယ် လို့ ပြောသွားခဲ့တာပါ။ ကာယကံရှင်ပါတေးကတော့ အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ကတိပေးထားခဲ့ပါတယ်။
အသင့်တော်ဆုံးကိုလုပ်ခဲ့တာပါ
အူဘာမီယန်ကို လူစားလဲခဲ့လို့ ဝေဖန်မှုပြုလုပ်ထားတဲ့ အွန်နရီကို အာတီတာက အခုလို တုန့်ပြန်သွားခဲ့ပါတယ်။ အသင်းအတွက်အကောင်းဆုံးဖြစ်မယ့်အရာကို ပြုလုပ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ အသင့်တော်ဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီး အူဘာရဲ့ နောက်ပွဲတွေအလားအလာနဲ့ပတ်သတ်ပြီး “ သူရဲ့လေ့ကျင့်ရေးမှာအားထုတ်မှုတွေ ၊ သူ့ရဲ့စိတ်နေစိတ်ထားတွေကအမြဲကောင်းမွန်နေပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ဂိုးတွေကို လိုအပ်ပါတယ်။ အူဘာ ဟာ ကျွန်တော်တို့လုပ်ငန်းစဥ်ရဲ့ တစိတ်တပိုင်းလဲဖြစ်ပါတယ် လို့ပြောသွားခဲ့ပါတယ်။
စမစ်ရိုး အခြေအနေစောင့်ကြည့်ရမယ်
နယူးကာဆယ် နဲ့ မန်ယူပွဲတွေမှာ အနဲငယ် မသက်မသာခံစားနေခဲ့ရတဲ့ စမစ်ရိုး အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ စောင့်ကြည့်ရမယ့်အခြေအနေရှိတယ်လို့ အာတီတာ က တရားဝင်ထုတ်ပြောလိုက်ပါတယ်။ “ ပြီးခဲ့တဲ့ပွဲတွေမှာ ပွဲကစားနေရင်းမသက်မသာခံစားရလို့အတွက် သူ့ကို လူစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့လေ့ကျင့်ခန်းတွေမှာတော့ သူတဖြေးဖြေးခြင်းတိုးတက်လာနေပါတယ်။ အဲဗာတန်နဲ့ပွဲအတွက်ကို ပြန်စစ်ဆေးပြီးစောင့်ကြည့်ရတာပေါ့ လို့ အသင်းရဲ့ Website ကနေ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
အဲဗာတန်ကိုတော့ အာဆင်နယ် နိုင်မှာပါ
ဂန္တဝင်ကြီး ပေါလ်မာဆင် က အဲဗာတန်နဲ့ပွဲမှာ အာဆင်နယ်တို့ ၂-၁ နဲ့နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ သူက
အဲဗာတန်ရဲ့လက်ရှိကစားနေတဲ့ပုံကြောင့် အာဆင်နယ်တို့နိုင်သွားနိုင်ပါတယ်။ ရာဖာ (ဘင်နီတက်) အတွက်လည်း နောက်ဆုံးပွဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားတုန်းက အဲဗာတန်တို့ရဲ့ ဂွတ်ဒီဆင်ပါတ် ဟာ ခက်ခဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကွင်းထဲမှာနေရာလွတ်တွေများစွာနဲ့ပါ။ ပရိတ်သတ်တွေက နည်းပြကိုမမြင်ချင်ကြတော့ပါဘူး။ အာဆင်နယ်ကတော့ ကံမကောင်းတဲ့ရက်တွေအပြီးမှာ သူတို့ပြန်လာဖို့ကြိုးစားရပါလိမ့်မယ်။ ကျွန်တော့်အထင်တော့ သူတို့ အနိုင်ရပါလိမ်မယ် လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
အစ္စကို ကိုအာဆင်နယ် ချိတ်နေပြီလို့ စပိန်ရေဒီယို ထုတ်လွှင့်
စပိန်ရေဒီယို La Razon ရဲ့ ထုတ်လွှင့်ချက်အရ အာဆင်နယ်အသင်းတို့ ဟာ ရီးရဲ ကွင်းလယ်လူ အစ္စကို ကိုခေါ်ယူဖို့ ဆက်သွယ်မှုတွေစတင်ပြုလုပ်နေပြီလို့ ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ်ကွင်းလယ်လူဟာ အာဆင်နယ်တို့အတွက် အသင့်သုံးနိုင်ပြီး ကွင်းလယ်လိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်မယ်လို့လဲ ခန့်မှန်းနေကြပါတယ်။
Leave a Reply